အိုမီခရွန်ကူးစက်မှုနဲ့ စစ်​ဘေး​ရှောင်​တွေရဲ့ မ​ရေရာ​တဲ့ဘဝများ

အိုမီခရွန်ကူးစက်မှုနဲ့ စစ်​ဘေး​ရှောင်​တွေရဲ့ မ​ရေရာ​တဲ့ဘဝများ
Published 27 February 2022
ကိုရွှေသိန်း (မြဝတီ)

မြဝတီမြို့တွင် ကိုဗစ်ပိုးတွေ့သူများအား ရွှေမြဝတီကိုဗစ်ကုသရေးစင်တာသို့ ပို့ဆောင်ရန် ပြင်ဆင်နေစဉ် (Photo: CJ)

 

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တောင် ဘက်က ငြိမ်းချမ်းရေး သင်္ကေတမြို့တော် လေးကေ့ကော်က အစပြုဖြစ်ပွားခဲ့တဲ့ စစ်မီး ဟာ ယမ်းငွေ့တွေ မပြယ်သေးတာမို့  နှစ်နိုင်ငံ နယ်စပ်စည်းခြား  သောင်ရင်းမြစ်ကမ်းစပ်မှာ စစ်ဘေးရှောင်ပြည်သူ ရာနဲ့ချီရှိနေပါသေး တယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ  ၁၅ ရက်က လေးကေ့ကော်ဒေသမှာ စတင်ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် ပြည်သူ ထောင်ပေါင်းများစွာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခဲ့ရသလို သောင်ရင်းမြစ် ကမ်းစပ်တစ်လျှောက်မှာ လည်း တဲထိုးပြီး ခိုလှုံနေထိုင်ခဲ့ကြပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှာတော့ စစ်သံတိတ်လာတော့ မြဝတီ-ဝေါလေ မြိုင် မြို့သွားလမ်းအနီးရှိ ကျေးရွာတွေကဒေသခံ စစ်ရှောင်ပြည်သူတွေဟာ သူတို့ရဲ့ နေရပ်ရင်းအိမ်ကို ပြန်လာခဲ့ကြပေမဲ့ အထူး သဖြင့်တော့ စစ်တလင်းဖြစ်ခဲ့တယ်လို့ဆိုကြ တဲ့ လေးကေ့ကော်၊  ထီးမယ်ဝါးခီး၊ ပဟိကလော်၊ ရသေ့ဂူ စတဲ့ကျေးရွာတွေက ပြည်သူ တွေဟာ ပြန်ခွင့်မရခဲ့ပြန်ပါဘူး။

မြန်မာစစ်ဘေးရှောင်တွေကို ကူညီ လက်ခံထားတဲ့ ထိုင်းနိုင်ငံ မယ့်ကိုကင်း စစ်ရှောင်စခန်းက စစ်ဘေး​​ရှောင်တွေကို မြန်မာ နိုင်ငံဘက်သို့ပို့ဆောင်ပေးခဲ့တဲ့နောက်ပိုင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် (တိုက်ပွဲ စတင်ဖြစ်ချိန်မှ နှစ်လပြည့်တဲ့နေ့) မှာ တစ် ကျော့ပြန် ဖြစ်ပွားလာတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ​​ကြောင့် ဒေသခံပြည်သူအများစုမှာ သောင်ရင်းမြစ်ကမ်းစပ်သို့ တစ်ဖန်ထွက်ပြေး ရှောင်တိမ်းရင်း ယခုအထိအခြေမလှတဲ့ဘဝ ကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

သောင်ရင်းကမ်းစပ်မှာ မလုံ့တလုံ မိုး ထားကာထားတဲ့ တဲလေးတွေအောက်မှာ စေ တနာရှင်တွေရဲ့အလှူကို မျှော်စားနေရတဲ့ ကာလမှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှု တွေကြုံလာရတော့ အအေးမိ၊ နှာစေး၊ ဖျား နာ၊ချောင်းဆိုးစတဲ့  ဝေဒနာခံစားရမှုနဲ့အတူ  ကိုဗစ်အလွန် တစ်ကျော့ပြန်ရေပန်းစားလာ တဲ့ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုတွေနဲ့ ရင် ဆိုင်နေရတယ်လို့ ဆိုပါတယ်။

သောင်ရင်းကမ်းစပ်မှာ ခိုလှုံနေရဆဲဖြစ် တဲ့ လေးကေ့ကော်ဒေသက စစ်ဘေးရှောင် ပြည်သူတွေဟာ အိုမီခရွန် ကူးစက်ခံရမှုနဲ့ ဆက်လက်ကြုံတွေ့နေရတယ်လို့  စစ်ဘေး ရှောင်တွေကို အကူအညီပေးနေတဲ့ အဖွဲ့အ စည်း တာဝန်ရှိသူတွေက ဆိုပါတယ်။

“ပြီးခဲ့တဲ့ ရက်ပိုင်းက COVID-19 အသွင်ပြောင်းဆိုလား၊ အိုမီခရွန်ဆိုလားပဲ။ ဒေသကျန်းမာရေးဌာနက စစ်ဆေးမှုတွေလုပ်တော့  ၁၈ ဦးမှာ ပိုးတွေ့ရှိတယ်။ ပြီးတော့ အခု တစ်ခါ ပလောတပို့ဒေသမှာ  နောက်ထပ် သုံး ဦး ထပ်မံတွေ့ပြန်တယ်။ နောက်ထပ်  မယ် ထော်သလေးဘုန်းကြီးကျောင်းမှာ စစ်ပြေး ရှောင်နေရသူ တွေ အနက် ၃၂ ဦး ရောဂါပိုးကူးစက်ခံနေရတယ်လို့ဆိုတယ်။ မယ်ထော် သလေး ဘုန်းကြီးကျောင်းမှာခိုလှုံနေကြရတဲ့ စစ်ဘေးရှောင်တွေကို  မြဝတီဘက်က လာစစ် ဆေးပေးတော့  ၃၂ ယောက်တွေ့တယ်လို့ အသိပေးလာတယ်။ သူတို့ကျတော့ ပဟိက လော်ဒေသခံတွေ”လို့ ၎င်းင်းတို့က ဆိုပါတယ်။

မြန်မာနဲ့ ထိုင်း၊ မြဝတီနဲ့ မဲဆောက်ကို ခြားထားတဲ့ သောင်ရင်းမြစ်ရဲ့ နှုတ်ခမ်းသားပေါ်မှာ ဟိုတစ်စုသည်တစ်စု တာလဘတ် အပြာရောင်လေးတွေမိုးပြီး နေကြရသူတွေ ရှိသလို တချို့ကလည်း ကျေးရွာဘုန်းကြီးကျောင်းတွေမှာ နေနေကြရပါတယ်။

စစ်ဘေးရှောင်တွေထဲမှာ လတ်တလော ကိုဗစ်ကူးစက်ခံရသူ ၅၃ ဦးရှိလာပြီးလို့ဆိုပေ မဲ့ ဆိုးဆိုးရွားရွား ရောဂါလက္ခဏာပြသမှုမရှိ သလို သေဆုံးတဲ့အထိ မရှိသေးဘူးလို့လည်း ယင်းတာဝန်ရှိသူက ဆိုပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ပတ်ဝန်းကျင် မှာလည်း COVID-19 မျိုးကွဲ အိုမီခရွန် ကူး စက်မှုနေ့စဉ်ရှိနေသလို သေဆုံးမှုများလည်းရှိနေတဲ့အတွက် ကျန်းမာရေးအသိ ကျန်းမာရေး သတိရှိဖို့လိုတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေထဲမှာ အိုမီခရွန် ကူး စက်ပျံ့နှံ့ မှုက အသက်အရွယ်အစုံလိုက် ဖြစ် ပွားနေပြီး နှစ်နှှစ်နဲ့ သုံးနှစ်အရွယ်ကလေးသူ ငယ်တွေလည်း ကူးစက်ခံနေရတယ်လို့ သိရ ပါတယ်။

​​လေးကေ့ကော်ဒေသ မှ စစ်ဘေးရှောင်လာသူတွေထဲက ကိုဗစ်မျိုးကွဲ အိုမီခရွန်ကူး စက်ခံနေရသူတွေကို သီးသန့်နေရာချထားမှု  ပြုလုပ်ပေးထားပြီး စစ်ဘေးရှောင်ဝင်းအတွင်း ဝင်ထွက်သွားလာမှုကိုလည်း စစ်ဆေးကန့် သတ်မှုတွေဆောင်ရွက်ထားပါတယ်။

ကရင်တိုင်းရင်းသား ကျန်းမာရေးနဲ့ ကယ်ဆယ်ရေးဌာန (KDHW) က ကျန်းမာ ရေး စောင့်ရှောက်မှုကို အဓိက တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါတယ်။

နေရပ်ပြန်ခွင့်မရသေးတဲ့ စစ်ဘေးရှောင် တွေဟာ  ရာသီအချိန်အခါမဟုတ် ရွာသွန်းတဲ့ မိုး၊ အအေးဓာတ်ပါတဲ့ လေကြောင့်လည်း အများအပြား ဖျားနာနေကြတယ်လို့ ဆိုပါ တယ်။ မိုးဒဏ်လေဒဏ်ကြောင့်ပျက်စီးသွားခဲ့ တဲ့ စစ်ရှောင်မိသားစုတွေရဲ့ ယိုင်နဲ့နဲ့ဂေဟာတွေကို  ပြန်လည်ပြင်ဆင်မှုလည်းပြုလုပ်နေ ရတယ်လို့လည်း သိရပါတယ်။

တိုက်ပွဲနဲ့ ကျန်းမာရေးပြဿနာကြားမှာ အသက်ရှင်သန်နိုင်ဖို့ ဗျာများနေကြရတဲ့  စစ်ဘေးရှောင်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာတွေအပြင်  စိတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုတွေရှိနေတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေရဲ့ လိုအပ်နေဆဲဖြစ် တဲ့ နေထိုင်စားသောက်အတွက် အလှူရှင်တွေကိုသာ အားကိုးနေရတယ်လို့လည်း စစ် ဘေးရှောင်ပြည်သူတွေကို အကူအညီပေးနေ သူတွေက ဆိုပြန်တယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တတိယပတ်က ဖျားနာနေတဲ့ စစ်ဘေးရှောင် ပြည်သူတစ်ဦးကို  စစ်ဆေးရာကနေ အိုမီခရွန် ကူးစက်ခံရမှုတွေ့ ရှိရပြီးနောက် ကျန်စစ်ဘေးရှောင် ပြည်သူတွေကို ဆက်လက်စစ်ဆေးကြည့်ရာ ကူးစက် ခံရသူအရေအတွက် တိုးလာနေခြင်းဖြစ်တယ် လို့ သိရပါတယ်။

ယခုအခါ မဲဆောက်-မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတားက တစ်ဆင့် တစ်ပတ်မှာ သုံးရက်၊ တစ်ရက်ကို လူဦးရေ ၂၀၀ နှုန်းကြိုဆို လက်ခံနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ မှာလည်း အိုမီခရွန်ကူးစက်ခံရမှု ပိုမိုများပြားနေတာဖြစ်ပါတယ်။

မြန်မာ- ထိုင်း အမှတ် (၂) ချစ်ကြည်ရေး တံတားကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ  ၅ ရက် မွန်းလွဲ  ၁ နာရီ ဝင်ရောက်လာခဲ့တဲ့ မြန် မာရွှေ့ပြောင်းအလုပ်သမား ၁၉၉ ဦးကို မြဝ တီမြို့ရှိ COVID-19 ရောဂါ ထိန်းချုပ်ရေး Quarantine Center တွေဆီကိုပို့ဆောင်စောင့်ကြည့်ခဲ့တဲ့ မြန်မာလုပ်သား  အမျိုးသား ၁၁၇ ဦး၊ အမျိုးသမီး ၈၂ ဦး စုစုပေါင်း ၁၉၉ ဦးကို ၂၀၂၂ ဖေဖော်ဝါရီ ၁၃ရက်မှာ ဏဃျွ ွှနျအ နဲ့ ကျန်းမာရေးစစ်ဆေးစစ်ဆေးခဲ့တာ မှာ အဖြေအရ အမျိုးသား ၆၄ ဦး၊ အမျိုးသမီး ၃၇ ဦး စုစုပေါင်း ၁၀၁ ဦးထံမှ COVID-19  Positive လက္ခဏာတွေ့ရှိခဲ့တယ်လို့ကျန်းမာရေး ဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ဒါ့ပြင် ဖေဖော်ဝါရီ ၂၂ရက်က Quarantine ဝင်နေတဲ့ မြန်မာလုပ်သား ၇၀ ကျော် မှာလည်း COVID-19 ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြဝတီမြို့ အမှတ် (၄) ရပ်ကွက်မှာရှိတဲ့ ကျောက်လုံးကြီး Quarantine Center နဲ့  ကုန်သွယ်ရေးဇုန် Quarantine Center တွေ မှာ Quarantine ဝင်နေတဲ့ နေရပ်ပြန် ၇၂ ဦးနဲ့ Contact Person  ၂၇ ဦးကိုမြန်မာနိုင်ငံ လူမှု ကယ်ဆယ်ရေးအဖွဲ့ချုပ် (ဗဟို) Myanmar Rescue Organization က ဦးဆောင်၍ မဲက နယ် လူမှုကယ်ဆယ်ရေးအဖွဲ့၊ ညီနောင်လူမှု ကယ်ဆယ်ရေးအဖွဲ့တို့က ညတွင်းချင်း မြဝတီ မြို့ ရွှေမြဝတီ ကိုဗစ်ကုသရေးစင်တာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ( မြဝတီ) မှတာဝန်ရှိသူတစ်ဦးက “နေရပ်ပြန်တွေကို တစ်ရက်၂၀၀ နှုန်းနဲ့ တစ်ပတ်သုံးရက် ကြိုဆိုပြီးတော့ Quarantine Center တွေကို ပို့ဆောင်ပါတယ်။ ၁၄ ရက် Q ဝင်နေတဲ့အ တွင်းမှာ သူ့ရက်အလိုက် ကျန်းမာရေးစစ်ဆေးတာ မနေ့က​​ပေါ့။ နေရပ်ပြန်တွေထဲက ၇၀ ကျော်ပို့တွေတာ။ အားလုံးကိုတော့ Quarantine Center ကို ပို့လိုက်တယ်ဆိုပေမဲ့ မြဝတီကလူတွေကို ပြောချင်တယ်၊ မပေါ့လျော့ကြပါနဲ့၊ Mask တပ်ကြပါ။ လူစုလူဝေး ရှိတဲ့နေရာမသွားကြပါနဲ့လို့ သတိပေးချင် ပါတယ်”လို့ ဆိုပါတယ်။။

“မြဝတီမြို့ ကိုဗစ်ကုသရေး ရွှေမြဝတီစင် တာမှာ  ဖေဖော်ဝါရီ ၂၅ရက် လူနာသစ် အမျိုး  သား အမျိုးသမီး ၉၈ ဦး ထပ်မံ ရောက်ရှိလာတဲ့ အတွက် လက်ရှိ ကုသမှုခံယူနေရသူ အမျိုး သား အမျိုးသမီး ၄၁၆ ဦးအထိရှိလာပါတယ်” လို့ ဆိုပါတယ်။

မြဝတီမြို့မှာ ကိုဗစ်အသွင်ပြောင်း အိုမီ ခရွန်ကူးစက်မှု လျော့ကျစေရေးအတွက်  ပရ ဟိတအသင်းအဖွဲ့များနဲ့ သက်ဆိုင်ရာတာဝန် ရှိသူတွေက ြေျု အခမဲ့ဖြန့်ဝေသည့် ကမ် ပိန်းပြုလုပ်နေကြပါတယ်။ စစ်ဘေးရှောင် တွေဟာ နေဒဏ်၊ မိုးဒဏ်၊ လေဒဏ်ကို အမိုး မလုံ့တလုံတဲလေးတွေထဲ ထမင်းနပ်မှန်ဖို့ အလှူရှင် မျှော်စားနေကြရပေမဲ့  မြဝတီမြို့ တွင်း နေရာအနှံ့အပြားမှာတော့ လူစုလူဝေး ဖြစ်စေတဲ့  လောင်းကစား၊ အာဝါဒေးဇာတ်ပွဲတွေကတော့ ကိုဗစ်စည်းကမ်း ကန့်သတ်ချက်တွေနဲ့ သက်ဆိုင်ရာက ဘယ်လိုပင်တားတား တရားမဝင် နားလည်မှုလမ်းကြောင်းတွေ အသုံးပြုပြီး နေစဉ် ကျင်းပလျက်ရှိနေပါ တယ်။

Most Read

Most Recent