ယူကရိန်းပဋိပက္ခ၏ အဓိကအကြောင်းရင်းမှာ အမေရိကန်ကြောင့်ဖြစ်သည်ဟု မြောက်ကိုရီးယားက ယူကရိန်းကို ရုရှား၏ ကျူးကျော်မှုနှင့်ပတ်သက်ပြီး ပထမဆုံးအကြိမ် တရားဝင်တုံ့ပြန်ခဲ့မှုတွင် စွပ်စွဲခဲ့ပြီး ရုရှား ဘက်မှခုခံကာကွယ်ခဲ့သည်။
ရုရှားသည် ယူကရိန်း နိုင်ငံအတွင်းသို့ စစ်သားများစေလွှတ်ပြီး တိုက်ခိုက်နေမှုကြောင့် အမေရိကန်နှင့် အ နောက်နိုင်ငံများက ပြင်းထန်စွာဝေဖန်ခဲ့ပြီး ပိတ်ဆို့မှုများချမှတ်ခဲ့ကာ အချို့ပိတ်ဆိုမှုများ သည် ရုရှားသမ္မတ ဗလာဒီမာပူတင်အား တိုက်ရိုက်ပစ်မှတ်ထားခဲ့သည်။
သို့သော် လည်း ယင်းဖြစ်စဉ်ကို နှုတ်ဆိတ်စွာတုံ့ပြန်မှု တစ်ခုအနေဖြင့် မြောက်ကိုရီးယား နိုင်ငံခြား ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် မှတ်ချက်ဆန်ဆန်ရေးသားထားသည့် ဖော်ပြချက် တစ်ခု၌ ယူကရိန်းပဋိပက္ခအတွက် အမေရိကန်ကို အပြစ်တင်ခဲ့သည်။
အမေရိကန်အစိုးရသည် ရုရှား၏တရားဝင်မှုရှိသည့် လုံခြုံရေး တောင်းဆိုချက်များကို လျစ်လျူရှုပြီး စစ်ရေး အင်အားကြီးစေရန် လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယား၏ နိုင်ငံတကာ နိုင်ငံရေး လေ့လာမှုအဖွဲ့မှ သုတေသနပညာရှင် ရီဂျီဆွန်က ရေးသားခဲ့သည့် ယင်းအတွေးအမြင် ကဏ္ဍတွင် ဖော်ပြခဲ့သည်။
ထို့ပြင် အမေရိကန် သည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသည်ဟုလည်း ၎င်းက စွပ်စွဲခဲ့သည်။














