ဥရောပကို တိုက်ရိုက်သက်ရောက်လာသော ယူကရိန်းအကျပ်အတည်း

ဥရောပကို တိုက်ရိုက်သက်ရောက်လာသော ယူကရိန်းအကျပ်အတည်း
(Photo : AFP)
(Photo : AFP)
Published 24 February 2022
ဇင်မျိုး

ဥရောပအနာဂတ်နှင့် သက်ဆိုင်သော နှီးနှောဖလှယ်ပွဲ (Conference on the Future of Europe) ၏ ဦးစားပေးအကြောင်းအရာတစ် ခုမှာ ကမ္ဘာပေါ်က အီးယူဆိုသော အကြောင်းအရာဖြစ်ပါသည်။ ယူကရိန်းအရေးမှာ ကမ္ဘာပေါ်က အီးယူအခန်းကဏ္ဍသည် ဘာဖြစ်သည်၊ ဘာဖြစ်သင့်သလဲဆိုသည်နှင့်ပတ် သက်၍ မေးခွန်းအများအပြားကို ပေါ်ပေါက်စေသည်။

ယခုဆောင်းပါးကို ရေးသားသူမှာ EURACTIV အီတလီ၏ အယ်ဒီတာချုပ် ရောဘာတိုကက်စတယ်ဒီဖြစ်သည်။ သူသည် International Center for Europeran and Global Govermance (CesUE) တွင် သုတေ သနညွှန်ကြားရေးမှူးဖြစ်ပါသည်။

ယူကရိန်းအရှေ့ပိုင်းဒွန်းဘက်စ်ရှိ ခွဲထွက်‌ဒေသနှစ်ခုကို သမ္မတနိုင်ငံများအဖြစ် ရုရှားအသိအမှတ်ပြုခြင်းက တရားဝင်ဟုတ် သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ တိုက်ခိုက် သိမ်းပိုက်မှုကို ပေါ်လွင်စေသည်။ ၂၀၁၄ ခု နှစ်တုန်းက ခရိုင်းမီးယားကို သိမ်းပိုက်ခဲ့သည့် နည်းတူ တရားဝင်သိမ်းပိုက်မှု ဖြစ်လာမည်ဖြစ် သည်။

လွန်ခဲ့သောရှစ်နှစ်တွင် ယူကရိန်းနိုင်ငံ၌ Maidan တော်လှန်ရေးဖြစ်ပွားခဲ့သည်။ ဥရောပသမဂ္ဂ(အီးယူ) နှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန် ယူကရိန်းပြည်သူများက တောင်းဆိုရာမှ Maidan တော်လှန်ရေးပေါ်ပေါက်ခဲ့သည်။ သည်တော်လှန်ရေးတွင် လူအများအပြား သည် ဥရောပအလံလေးများကိုင်ကာ သေဆုံးခဲ့သည်။ ယူကရိန်း၏ ရုရှားလိုလားသော အစိုးရပြုတ်ကျမသွားမချင်း ထိုတော်လှန်ရေး ရပ်မသွားခဲ့။ ထို့နောက်တွင် ရုရှားက ခရိုင်းမီး ယားကို ကျူးကျော်သိမ်းပိုက်ခဲ့တော့သည်။ ဥရောပတိုက်သားများမှာ ရုရှားပြုသမျှ နုရ သည့်အနေအထားဖြစ်နေဆဲပင်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ရုရှားထံမှ စွမ်းအင်မှီခိုမှုကို လျှော့ချနိုင်ခြင်း မရှိပေ။ ထို့ကြောင့် ဥရောပတိုက်သားများမှာ ရုရှားပြုသမျှ နုရသည့်အနေအထားကိုရောက် နေသည်ဟု ဆိုရခြင်းဖြစ်ပါသည်။ ဥရောပနှင့် သက်ဆိုင်သော အဖွဲ့တစ်ခုခု ပေါ်ပေါက်ရေး သည် ထိရောက်မှုရှိမည်ဖြစ်သော်လည်း ဥ ရောပတိုက်သားများမှာ ကာကွယ်ရေးအဖွဲ့ ကိုလည်းကောင်း၊ စွမ်းအင်အဖွဲ့ကိုလည်း ကောင်း ဖန်တီးနိုင်ခြင်းမရှိဘဲ စိတ်ကူးယဉ် ဆန်ဆန်လက်တွေ့မကျသော အမျိုးသားအချုပ်အခြာအာဏာကိုသာပိုမို အလေးကဲနေ ခဲ့ကြသည်။

ကမ္ဘာကိုသြဇာလွှမ်းမိုးရေးအတွက် တရုတ်နှင့် ပြိုင်ဆိုင်နေရသောကြောင့် အမေရိကန်၏ မဟာဗျူဟာ မြောက်အာရုံစိုက်ရာနေရာသည် ပစိဖိတ်ဒေဆီ ရွေ့သွားသည်။ ယုတ်စွအဆုံး ထိုအချက်သည် အိုဘားမား သမ္မတ သက်တမ်းကတည်းက ထင်ထင်ရှားရှားဖြစ် နေသည်။ အမေရိကန် ပါ၀ါလစ်ဟာသွားမှု က ဥရောပဝန်းကျင်ဒေသကို မတည်မငြိမ်ဖြစ် စေသည်။

အမေရိကန်၏ တင်းတင်းမာမာတုံ့ပြန်မှုကို စိုးရိမ်စရာမရှိတော့သဖြင့် ရုရှားနှင့် အခြားအင်အားကြီးနိုင်ငံများက ပြင်းထန်သော မူဝါဒများကို ချမှတ်သည့်အနေအထားဖြစ်လာစေသည်။ အမှန်မှာ ရုရှား ဂျီဒီပီသည် အီ တလီထက်ပင် နိမ့်ကျနေရာ ကမ္ဘာကို ကြီးစိုး နိုင်သည့်အနေအထားတွင် မရှိပေ။

ဥရောပလုံခြုံရေးကို အမေရိကန်လက်ထဲ ဝကွက်အပ်၍ မရနိုင်ဆိုသည်ကို အာဖဂန် နစ္စတန်မှ ဆုတ်ခွာမှုကဲ့သို့ပင် ယူကရိန်းအကျပ်အတည်းက သက်သေပြနေသည်။ ကာလရှည်စောင့်နေခဲ့ရသော နေတိုး၏ ဥရောပ အဖွဲ့ခွဲဖြစ်သည့် ဥရောပကာကွယ်ရေးအဖွဲ့ကို ထူထောင်ရေးမှာ ဥရောပလုံခြုံရေးအတွက် သာမက အတ္တလန်တိတ်မဟာမိတ်ကို အားကောင်းစေရန်အတွက်လည်း မဖြစ်မနေ အရေးတကြီးလိုအပ်နေသည်။

တစ်ခုတည်းသော ဥရောပကာကွယ်ရေး အဖွဲ့ပေါ်ပေါက်လာရေးမှာ ရက်ပိုင်းအတွင်း ဖြစ်လာနိုင်သည် မဟုတ်ပါ။ သေးငယ်မည်ဖြစ်သော်လည်း အမျိုးသားတပ်ဖွဲ့များနှင့်အတူ ဥရောပတပ်ဖွဲ့ပါဝင်သော နှစ်မျိုးနှစ်သွယ်ပုံစံ ကို အခြေခံထားသည့် ဘုံကာကွယ်ရေးအဖွဲ့ သည် ဖြစ်နိုင်ဖွယ်ရာရှိသည်။

သမ္မတပူတင်သည် သံခင်းတမန်ခင်းမှ တစ်ဆင့် ဥရောပသမဂ္ဂ၏တုံ့ပြန်မှု၊ အမေရိကန်၏တုံပြန်မှုတို့ကို လျှော့ချရန် ကြိုးစားလာနိုင်ကာ ယူကရိန်း၏ နောက်ထပ်နယ်မြေတစ်ခုကို သိမ်းပိုက်ရန် အခွင့်အခါကောင်းကို စောင့်ဆိုင်းနေမည်ဖြစ်ပါသည်။ အထူးသဖြင့် ဒွန်းဘက်စ်နှင့် ခရိုင်းမီးယားကို ပေါင်းစည်း ရန် အဇော့ပင်လယ်ကို ရုရှားပင်လယ်အဖြစ် အသွင်ပြောင်းရန် လုပ်ဆောင်လာနိုင်သည်။ ခရိုင်းမီးယားကို သိမ်းပိုက်တုန်းက ချမှတ်ခဲ့သ သည့် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများမှာ အဆုံးအဖြတ်ပေးနိုင်သည့် အရာများမဟုတ်ကြောင်း တွေ့ခဲ့ကြရပြီး ဖြစ်ပါသည်။

ရုရှားသည် အီးယူကုန်သွယ်ရေး၏ ၄.၈ ရာခိုင်နှုန်းကို ကိုယ်စားပြုနေသည့် အီးယူ၏ ပဥ္စမ မြောက်ကုန် သွယ်ဖက်ဖြစ်မည်ဆိုလျှင် အီးယူမှာ ရုရှားကုန်သွယ်ရေး၏ ၃၇.၃ ရာခိုင် နှုန်းကို ကိုယ်စားပြုနေသော နံပါတ်တစ်ကုန် သွယ်ဖက်ဖြစ်နေသည်။  ရုရှားစွမ်းအင်အပေါ်တွင် များစွာမှီခိုနေရသည့်သောကြောင့် အီး ယူသည် ရုရှား၏ စွမ်းအင်ပို့ကုန်များကို ပိတ် ဆို့စာရင်းမှ ဖယ်ထုတ်ထားသည်ကို တွေ့ရ မည်ဖြစ်သည်။ သို့ဖြစ်ရာ ဒဏ်ခတ်ပိတ်ဆို့မှု များမှာ အချက်ပြရုံမျှသာဖြစ်၍ ပြဿနာကို ဖြေရှင်းပေးနိုင်မည်မဟုတ်ဆိုသည်ကို တွေ့ ရမည်ဖြစ်ပါသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံ၏ စစ်ရေးအသုံးစရိတ်မှာ ရုရှားစစ်ရေးအသုံးစရိတ် ထက် နှစ်ဆပိုများသည်ဆိုသော်လည်း ဥရောပသမဂ္ဂ၏ စစ်ရေးစွမ်းရည်မှာ ရုရှားထက် ပိုမိုလျော့နည်းနေသည်ကို တွေ့ရသည်။ ကာကွယ်ရေးနယ်ပယ်၌ ဥရောပနှင့် မသက်ဆိုင်သော ကုန်ကျစရိတ်များသည်ကား စီးပွားရေး၊ သတင်းအချက်အလက်ဖလှယ်ရေး၊ လုံခြုံ ရေး၊ အနီးဝန်းကျင်ဒေသ တည်ငြိမ်ရေးဆောင် ရွက်မှုကဏ္ဍ၊ ကမ္ဘာ့ပလေယာဖြစ်ရေးစသည် တို့တွင် အလွန်ကြီးမားလေသည်။ ဥရောပ စွမ်းအင်ပေါင်းစည်းရေးကွန်ရက်သည် စွမ်းအင်စရိတ် ၃၂ ရာခိုင်နှုန်းလောက် လျှော့ချ ပေးနိုင်သည်ကို University Collage of Dublin ၏ လေ့လာချက်တွင် ဖော်ပြထားသည်။   

အမေရိကန် မဟာဗျူဟာမြောက် အရန် ရေနံသိုလှောင်ခြင်းနှင့်ဆင်တူသည့် အရန်စွမ်းအင် အရန်သင့်ထားရှိရေးနှင့်အတူ မှန်ကန်သော စွမ်းအင်အဖွဲ့နှင့် တတိယနိုင်ငံ များထံမှ စွမ်းအင်ပူးပေါင်းဝယ်ယူမှုတို့သည် စွမ်းအင်စရိတ်ကို ထက်ဝက်သက်သာစေနိုင်ပါသည်။ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဥရောပနိုင်ငံများ စုပေါင်းဝယ်ယူသည့်နည်း အတိုင်း စွမ်းအင်ကိုလည်း ဝယ်ယူသင့်သည်။ ယင်းသည် ဥရောပနှင့်မသက်ဆိုင်သော စွမ်းအင်ကုန်ကျစရိတ်ဖြစ်သည်။ ထို့ကြောင့် နောက်နောင် ကျူးကျော်ရန်စမှုကို ဟန့်တားရန် လက်တွေ့ကျသော ဥရောပတုံ့ပြန်မှုမှ တစ်ဆင့် နိုင်ငံရေးဆိုင်ရာအဖွဲ့တစ်ဖွဲ့ပေါ်ပေါက်လာရန် အရေးကြီးသည်။ ထိရောက်စွာ ဖြန့်ကြက်နိုင်သော ဥရောပစစ်ရေးစွမ်းရည် နှင့်အတူ စွမ်းအင်အဖွဲ့၊ ကာကွယ်ရေးအဖွဲ့တို့ သည် ဥရောပကာကွယ်ရေးအသင်း (European Defence Community) ပေါ်ပေါက်ချိန် တုန်းကကဲ့သို့ပင် ဥရောပ၏ နိုင်ငံရေးထိန်း ချုပ်မှုနှင့် သက်ဆိုင်သောပြဿနာကို ဖြစ် ပေါ်စေသည်။

အီးယူအဖွဲ့အစည်းအများအနေဖြင့် ကာကွယ်ရေးအဖွဲ့၊ စွမ်းအင်အဖွဲ့တို့ကို အဆိုပြုရန် အီးယူအဖွဲ့ဝင်နိုင်ငံများက ယင်းအဖွဲ့ များ ပေါ်ပေါက်လာရေးကို ဆောင်ရွက်ရေးအ တွက် အခြားအဘယ်အရာများဖြစ်လာရန် လိုအပ်နေပါသနည်း။ မကြာသေးခင်က ဂျာမနီနိုင်ငံတွင် ဥရောပအနာဂတ်နှင့် သက်ဆိုင်သော နှီးနှောဖလှယ်ပွဲတစ်ခုကျင်းပသည်။ ဥရောပဖက်ဒရယ် နိုင်ငံတော်ဆီသို့သွားမည့် ဖွဲ့စည်းတည်ထောင်သင့်ကြောင်း ထိုနှီးနှောဖလှယ်ပွဲက အကြံပြုခဲ့သည်။ ယင်းအဆိုပြုချက် နှင့်ပတ်သက်၍ အီးယူအဖွဲ့အစည်းများနှင့် အီးယူအဖွဲ့ဝင်နိုင်ငံများ တစ်နေရာတည်း၌ လာစုံရေးအတွက် အခြားအဘယ်အရာများ ဖြစ်လာရန် လိုအပ်နေပါသနည်း။ ထိုအချက် များသည် ဥရောပတိုက်သားများရှေ့မှောက်၌ အီးယူအဖွဲ့အစည်းများနှင့် အခြားသော ဥ ရောပအစိုးရအဖွဲ့များက ဖြေဆိုကြရမည့် မေးခွန်းများဖြစ်ပါသည်။

ဤနေရာတွင် EURACTIV ၌ ဆောင်းပါးရှင်မာရေးဝါသီရေးသားထားသော ဥရောပ၌ ဓာတ်ငွေ့စျေး မြင့်တက်သွားပုံကို အနည်း အကျဉ်းဖော်ပြလိုပါသည်။ ရုရှားတပ်များ ယူကရိန်းထဲ ဝင်ရောက်သည်ကို တုံ့ပြန်သည့် အနေဖြင့် ဂျာမနီအစိုးရက Nord Stream 2 ပိုက်လိုင်း သဘောတူညီချက်ကို ရပ်ဆိုင်း လိုက်သည်ဟူသော သတင်းထွက်လာခဲ့ပြီး နောက် ဥရောပဓာတ်ငွေ့စျေးနှုန်းများသည် ပိုလို့တောင် တက်သွားသည်။ ဥရောပရှိ အငြင်းပွားစရာအကောင်းဆုံး ဘဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့် ပတ်သက်သော ဖြစ်ရပ်ရှည်၏ နောက်ဆုံးအလှည့်အပြောင်းကြောင့် ဓာတ်ငွေ့သုံးစွဲသူများသည် စွမ်းအင်စရိတ်မြင့်တက် မည့်အရေးနှင့်ရင်ဆိုင်နေရသည်သာမ ဥရောပတစ်လွှားရှိ ပြည်သူထောင်ပေါင်းများစွာ သည် စွမ်းအင်ခေါင်းပါးမှုကိုလည်း ရင်ဆိုင်နေကြရပြီဖြစ်သည်။

Nord Stream 2 ပိုက်လိုင်းသည် ဘောလ်တစ်ပင်လယ်ကို ဖြတ်သန်းကာ ရုရှား ဓာတ်ငွေ့များကို ဂျာမနီသို့ တိုက်ရိုက်ပို့ရန် ရည်ရွယ်သော ပိုက်လိုင်းဖြစ်သည်။ ယင်းပိုက်လိုင်းသည် လက်ရှိ Nord Stream 1 ပိုက်လိုင်း နှင့်အတူ ရုရှားသဘာဝဓာတ်ငွေ့ပို့ကုန်များ ကို ဥရောပသို့ ပိုမို ပို့ဆောင်နိုင်မည့်ပိုက်လိုင်း ဖြစ်ကာ ပိုက်လိုင်းနှစ်ခုစလုံးမှာ ယူကရိန်းနှင့် ဘီလာရုစ်တို့ကို ဖြတ်သန်းသွားသည်။ Nord Stream 2 ပိုက်လိုင်း စတင်တည်ဆောက်ကတည်းက နိုင်ငံရေးပြဿနာများ ပတ်ချာလည် ၀ိုင်းနေခဲ့သည်။ အထူးသဖြင့် ရုရှားက အရှေ့ ဥရောပရှိအိမ်နီးချင်းနိုင်ငံများအပေါ် သြဇာ ညောင်းသွားမည်ကို စိုးရိမ်ခဲ့ကြသလို  Nord Stream 2 ပိုက်လိုင်းတည်ဆောက်ရာတွင် ပါဝင်နေသော ကုမ္ပဏီများမှာ အမေရိကန်အရေးယူထားသော စာရင်းတွင် ပါဝင်နေသော ပြဿနာဖြစ်သည်။

Nord Stream 2 ပိုက်လိုင်းကို နိုင်ငံရေး ကစားပွဲပေါ်တင်လိုက်သောအခါ ဆိုခဲ့သလို ဥရောပမှာ စွမ်းအင်အကျပ်အတည်းသစ်ဖြစ်ပေါ်လာတော့သည်။ ဥရောပနိုင်ငံများသည် တတိယနိုင်ငံများမှ သဘာဝဓာတ်ငွေ့ဝယ်ရန်လည်း လက်တွေ့အားဖြင့် အကောင်အထည်မဖော်နိုင်ဖြစ်နေကြရာ ဥရောပစွမ်းအင် အကျပ်အတည်းမှာ ထင်ထားသည်ထက် ပိုမို နက်ရှိုင်းနေသည်။

Most Read

Most Recent