ရွေး​ကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာလွှမ်းမိုးခြင်းစွဲချက်ဖြင့် ဦးဝင်းမြင့်၊ ​ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့ကို ပုဒ်မ ၁၃၀ (က) ဖြင့် တရားစွဲထားသည့်အမှုအတွက် တရားလိုဖြစ်သူအား ပြန်လှန်စစ်​​မေး

ရွေး​ကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာလွှမ်းမိုးခြင်းစွဲချက်ဖြင့် ဦးဝင်းမြင့်၊ ​ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့ကို ပုဒ်မ ၁၃၀ (က) ဖြင့် တရားစွဲထားသည့်အမှုအတွက် တရားလိုဖြစ်သူအား ပြန်လှန်စစ်​​မေး
Published 21 February 2022

၂၀၂၀ ​ရွေး​ကောက်ပွဲတွင် ​ပြည်​ထောင်စု​ရွေး​ကောက်ပွဲကော်မရှင်(UEC)အပေါ် မလျော်သြဇာလွှမ်းမိုးခြင်းစွဲချက်ဖြင့် ဦးဝင်းမြင့်၊ ​ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့ကို  ရာဇသတ်ကြီးပုဒ်မ ၁၃၀(က)ဖြင့် တရားစွဲထားသည့် အမှုနှင့်ပတ်သက် တရားလိုဖြစ်သူ ​ရွေး​​ကောက်ပွဲကော်မရှင် ညွှန်ကြား​ရေးမှူး ဦး​အောင်မျိုးလွင်အား ပြန်လှန်စစ်မေးမှုများ ပြုလုပ်ခဲ့​ကြောင်း  အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

ဇမ္ဗူသီရိတွဲဖက်မြို့နယ်တရားသူကြီး (၁) ရုံးထိုင်သည့် ဇမ္ဗူသီရိအထူးတရားရုံးတွင် ဖေဖော်ဝါရီ ၂၁ ရက်က ရာဇသတ်ကြီးပုဒ်မ ၁၃၀(က)ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် သမ္မတဟောင်း ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ်​ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊ ပြည်​ထောင်စုဝန်ကြီး​ဟောင်း ဦးမင်းသူအား ရုံးထုတ်စစ်​ဆေးခဲ့​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား မလျော်သြဇာသုံး၍ လွှမ်းမိုးခြင်းကြောင့်ဆိုကာ ဦးဝင်းမြင့်၊ ​ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးမင်းသူတို့ကို ရာဇသတ်ကြီးပုဒ်မ ၁၃၀(က)ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သူ ရွေး​​ကောက်ပွဲ​ကော်မရှင် ညွှန်ကြား​ရေးမှူး ဦး​အောင်မျိုးလွင်အား အဓိကစစ်မေးခြင်းနှင့် စွပ်စွဲခံရသူ၏ ရှေ့နေများက ပြန်လှန်စစ်​​မေးခြင်းများကို ပြုလုပ်ခဲ့​ကြောင်း အမှုနှင့် ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

ဦးဝင်းမြင့်၊ ​ဒေါ်​အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့အား ရာဇသတ်ကြီးပုဒ်မ ၁၃၀(က)ဖြင့် တရားစွဲဆိုထားသည့် အမှုအတွက်တရားလိုဖြစ်သူအား စစ်​ဆေးမှုပြီးစီးသွားခြင်း​ကြောင့် လာမည့်ရုံးချိန်းတွင် တရားလိုပြသက်​သေအဖြစ် တင်ပြထားသည့် အမြဲတမ်းအတွင်းဝန် ဦး​ဇော်သန်းသင်းအား စတင်စစ်​ဆေးမည်ဖြစ်​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

အထက်ပါအမှုနှင့်ပတ်သက်၍ တရားလိုပြသက်​သေ ၂၀ ဦး တင်ပြထားပြီး တရားလိုပြသက်​သေများအား ဧပြီ ၁၈ ရက် ရုံးချိန်းတွင် အပြီးစစ်​ဆေးရန်အတွက် လျာထား​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ဦးဝင်းမြင့်၊ ​ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့အား ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က)ဖြင့် တရားစွဲဆိုထားသည့်အမှုနှင့် ပတ်သက်၍ မှုခင်းစီမံခန့်ခွဲမှုအစည်းဝေး(CMP) ပထမအဆင့်​ဆွေးနွေမှုတွင် ရက်​ပေါင်း ၁၈၀ အတွင်းအမှုကို အပြီးစစ်​ဆေးရန် ဆုံးဖြတ်ထားကြောင်းနှင့်​ ဖေ​ဖော်ဝါရီ ၂၈ ရက်တွင် ထပ်မံရုံးထုတ်စစ်ဆေးရန် ချိန်းဆိုထား​​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

Most Read

Most Recent