ရွေး​ကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာလွှမ်းမိုးခြင်းစွဲချက်ဖြင့် ဦးဝင်းမြင့်၊ ဒေါ်​အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့အား တရားစွဲထားသည့်အမှုအတွက် တရားလိုဖြစ်သူ ရွေးကောက်ပွဲကော်မရှင်ညွှန်ကြာရေးမှူးကို စတင်စစ်​ဆေး

ရွေး​ကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာလွှမ်းမိုးခြင်းစွဲချက်ဖြင့် ဦးဝင်းမြင့်၊ ဒေါ်​အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့အား တရားစွဲထားသည့်အမှုအတွက် တရားလိုဖြစ်သူ ရွေးကောက်ပွဲကော်မရှင်ညွှန်ကြာရေးမှူးကို စတင်စစ်​ဆေး
Published 14 February 2022

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ​ပြည်​ထောင်စု​ရွေး​ကောက်ပွဲကော်မရှင်(UEC)အပေါ် မလျော်သြဇာလွှမ်းမိုးခြင်းစွဲချက်ဖြင့် သမ္မတဟောင်း ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူတို့အား ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) ဖြင့် တရားစွဲထားသည့် အမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သူ ပြည်ထောင်စုရွေး​​ကောက်ပွဲ​ကော်မရှင်ညွှန်ကြား​ရေးမှူး အောင်မျိုးလွင်ကို စတင်စစ်​ဆေးခဲ့​ကြောင်းအမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

​ဇမ္ဗူသီရိတွဲဖက်မြို့နယ်တရားသကြီး (၁) ရုံးထိုင်သည့် ဇမ္ဗူသီရိအထူးတရားရုံးတွင် ဖေဖော်ဝါရီ ၁၄ ရက်က အထက်ပါအမှုနှင့်ပတ်သက်၍ ၎င်းတို့သုံးဦးကို ရုံးထုတ်စစ်​ဆေးခဲ့ကြောင်းအမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ဦးဝင်းမြင့်၊ ​ဒေါ်​အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့အား ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) ဖြင့် တရားစွဲဆိုထားသည့်အမှုအတွက် တရားလိုဖြစ်သူအား စစ်​ဆေးပြီးချိန်တွင် တရားလိုပြသက်သေများအဖြစ် တင်ပြထားသည့် အမြဲတမ်းအတွင်းဝန် ဦး​ဇော်သန်းသင်းနှင့် တခြား​သော တရားလိုပြသက်​သေ ၂၀ ဦးကို လာမည့်ရုံးချိန်းတွင် စတင်စစ်​ဆေးမည်ဖြစ်​ကြောင်းအမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

အထက်ပါအမှုနှင့်ပတ်သက်၍ ဧပြီ ၁၈ ရက်ရုံးချိန်းတွင်တရားလိုပြသက်သေများအား အပြီးစစ်​ဆေးရန်၊ ဧပြီ ၂၅ ရက် ရုံးချိန်းတွင် စွဲချက်​လျှောက်လဲချက်ကြားနာရန်နှင့် မေ ၂ ရက်ရုံးချိန်း၌ စွဲချက်တင် မတင် အမိန့်ချမှတ်ရန် လျာထားကြောင်းအမှုနှင့်ပတ်သက်၍ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ထို့ပြင်ယခုအမှုနှင့်ပတ်သက်၍ မှုခင်းစီမံခန့်ခွဲမှုအစည်း​ဝေး(CMP) ပထမအဆင့်​ဆွေး​နွေးမှုတွင် ရက်​ပေါင်း ၁၈၀ အတွင်း အမှုကိုအပြီးစစ်​ဆေးရန် ဆုံးဖြတ်ထားကြောင်းနှင့်  ဖေဖော်ဝါရီ ၂၁ ရက်တွင် ထပ်မံရုံးထုတ်စစ်​ဆေးရန် ချိန်းဆိုထား​​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

 

 

 

Most Read

Most Recent