CDM ကျန်းမာရေးဝန်ထမ်းများ တာဝန်ပြန်လည်ထမ်းဆောင်ရေး တာဝန်ရှိသူများက ဝိုင်းဝန်းဆောင်ရွက်ရန်နှင့် ပညာသင်ကြားရေးအတွက် တာဝန်ပြန်လည်ထမ်းဆောင်လိုသည့် ဝန်ထမ်းများရှိပါက ဝန်ထမ်းစည်းမျဉ်းများနှင့်အညီခွင့်ပြုရန် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား နစကဥက္ကဋ္ဌ မှာကြား

CDM ကျန်းမာရေးဝန်ထမ်းများ တာဝန်ပြန်လည်ထမ်းဆောင်ရေး တာဝန်ရှိသူများက ဝိုင်းဝန်းဆောင်ရွက်ရန်နှင့် ပညာသင်ကြားရေးအတွက် တာဝန်ပြန်လည်ထမ်းဆောင်လိုသည့် ဝန်ထမ်းများရှိပါက ဝန်ထမ်းစည်းမျဉ်းများနှင့်အညီခွင့်ပြုရန် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား နစကဥက္ကဋ္ဌ မှာကြား
Published 14 February 2022

CDM ကျန်းမာရေးဝန်ထမ်းများ တာဝန်ပြန်လည်ထမ်းဆောင်ရေး တာဝန်ရှိသူများက ဝိုင်းဝန်းဆောင်ရွက်ရန်နှင့် ပညာသင်ကြားရေးအတွက် တာဝန်ပြန်လည်ထမ်းဆောင်လိုသည့် ဝန်ထမ်းများရှိပါက ဝန်ထမ်းစည်းမျဉ်းများနှင့်အညီခွင့်ပြုရန် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား  ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးခန်းမတွင် တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူလူထု၏ကျန်းမာရေးကို အလေးထားဆောင်ရွက်ရန်လိုအပ်ပြီး ယခုနိုင်ငံရေးဖြစ်စဉ်တွင် CDM ပြုလုပ်သူများစွာရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ၁၉၉၅ ခုနှစ်ခန့်မှစ၍မွေး ထုတ်ပေးလိုက်သည့် ဆေးတက္ကသိုလ်အသီးသီးမှ ကျောင်းဆင်းဆရာဝန်များစွာရှိပြီး ပြည်တွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ဝင်ရောက်ထမ်းဆောင်ပါက အင်အားအရ လုံလောက်သည်ထက်ပင် ပိုမိုသည့်အင်အားရှိပါကြောင်း၊ သို့ရာတွင်အများစုမှာ နိုင်ငံအတွက် တာဝန်ထမ်းဆောင်ခြင်းထက် ကိုယ်ပိုင်ဆေးခန်းများဖွင့်လှစ်ခြင်းနှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကိုသာ ဆောင်ရွက်နေကြခြင်းကြောင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် လိုအပ်ချက်များ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ယခင်ကဝေးလံခေါင်ဖျားသည့်ဒေသများတွင် ကျန်းမာရေးဝန်ထမ်းများ လိုအပ်ချက်အရ တပ်မတော်မှ ဆရာဝန်များကို တာဝန်ထမ်းဆောင်နိုင်ရန် စေလွှတ်ပေးခဲ့ချိန်တွင်လည်း ကန့်ကွက်မှုများရှိခဲ့ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုအဆင်ပြေစေရန်အတွက် တပ်မတော်မှ ဆရာဝန်များ စေလွှတ်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံ့တာဝန်များကို သစ္စာရှိစွာဖြင့် ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများကိုလည်း လေးနက်စွာ အသိအမှတ်ပြုကြောင်း၊ CDM ပြုလုပ်သွားသည့် ကျန်းမာရေးဝန်ထမ်းများ တာဝန်ပြန်လည်ထမ်းဆောင်ရေးအတွက်လည်း တာဝန်ရှိသူများက ၀ိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

လတ်တလောကာလတွင် ကိုဗစ်ရောဂါဖြစ်ပွားမှုနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် စာသင်ကျောင်းများ ပိတ်ထားခဲ့ရပြီး ယခုအခါအခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များကို ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားပေးလျက်ရှိကြောင်း၊ အခြေခံပညာကျောင်းများတွင် စာရင်းသွင်းထားသူ ကျောင်းသား၊ ကျောင်းသူပေါင်း ၉၀ ရာခိုင်နှုန်းနီးပါးခန့် တက်ရောက်ပညာသင်ကြားလျက်ရှိသော်လည်း မျှော်မှန်းထားသည့် ကျောင်းတက်ရာခိုင်နှုန်းထက် နည်းပါးသည်ကိုတွေ့ရှိရကြောင်း၊ အချို့ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံရေးမတည်ငြိမ်မှု၊ ပညာရေးဝန်ထမ်းများ လျော့နည်းမှုနှင့် ခြိမ်းခြောက်ခံရမှုတို့ကြောင့် ပညာသင်ကြား နိုင်မှုမရှိသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပညာသင်ကြားရေးသည် ပထမဦးစားပေးဖြစ်ကြောင်း၊ အတန်းပညာရှိမှသာ အတတ်ပညာနှင့် အသိပညာရရှိရန် လွယ်ကူမည်ဖြစ်သဖြင့် ပညာသင်ကြားမှုသည် လူတစ်ဦးချင်းအတွက် မဖြစ်မနေအရေးကြီးလိုအပ်ချက်ဖြစ်ကြောင်း၊  ထို့ကြောင့်တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်ဒေသအလိုက် ပညာသင်ကြားရေးကို အားပေးဆောင်ရွက်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများအားလုံး ပညာသင်ကြားနိုင်ရေး ဦးစားပေးအလေးထားဆောင်ရွက်ကြ ရန်လိုကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။

 

ထို့ပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် စာသင်ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး အားပေးကူညီဆောင်ရွက်ကြရန်လိုကြောင်း၊ ပညာသင်ကြားရေးအတွက် တာဝန်ပြန်လည်ထမ်းဆောင်လိုသည့် ဝန်ထမ်းများရှိပါကလည်း ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ         ခွင့်ပြုဆောင်ရွက်ပေးရန်လိုကြောင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများသည် လေ့ကျင့်ပေးထားသည့် ဝန်ထမ်းများဖြစ်သဖြင့် တာဝန်ပြန်လည်ထမ်းဆောင်နိုင်ရေး တိုက်တွန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ပညာရေးဝန်ထမ်းများ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ အမျိုးသမီးများဖြစ်ကြသဖြင့် အများအားဖြင့် ရှက်တတ်ကြောက်တတ်မှုရှိကြောင်း၊ အဆိုပါအားနည်းချက်ကို အခွင့်ကောင်းယူအသုံးချ၍ အကြောင်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ဆောင်ရွက်ခြင်းများ ပြုလုပ်၍ အနိုင်ကျင့်ဆောင်ရွက်မှုများရှိသဖြင့် မိမိတို့အနေဖြင့် ကာကွယ်ဆောင်ရွက်ပေးရန်လိုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့အတူ ပညာသင်ကြားရေးနှင့် ပတ်သက်၍ ဆရာ၊ ဆရာမများကို ပညာအရည်အချင်းအလိုက် ချီးမြှင့်ငွေများ ချီးမြှင့်ပေးလျက်ရှိပြီးဆက်လက်၍လည်း ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများသည် ကျောင်းသား၊ ကျောင်းသူများ၏ လက်ဦးဆရာများဖြစ်ကြကြောင်း၊ ထို့ကြောင့် အာစရိယဂုဏောအနန္တောဆိုသည့်အတိုင်း အာစရိယဂုဏ်ကိုအသိအမှတ်ပြု၍ ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဆရာ၊ ဆရာမများသည် ၀ါသနာ၊ အနစ်နာ၊ စေတနာစသည့် နာသုံးနာဖြင့်ကျောင်းသား၊ ကျောင်းသူများကို ပညာတတ်များဖြစ်စေရေး သင်ကြားပေးနေကြခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

Most Read

Most Recent