လက်ရှိဘဏ္ဍာနှစ် လေးလကျော်အတွင်း မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၈၈၁ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၄၇၆ သန်းကျော် ကုန်သွယ်မှုပိုမိုပြုလုပ်

လက်ရှိဘဏ္ဍာနှစ် လေးလကျော်အတွင်း မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၈၈၁ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၄၇၆ သန်းကျော် ကုန်သွယ်မှုပိုမိုပြုလုပ်
Published 14 February 2022

လက်ရှိဘဏ္ဍာနှစ်  လေးလကျော်အတွင်း မြန်မာ-ထိုင်းနယ်စပ်မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၈၈၁ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၄၇၆ သန်းကျော် ပိုမိုပြုလုပ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဖေဖော်ဝါရီ ၄ ရက်အထိ မြဝတီနယ်စပ်မှပို့ကုန်ဒေါ်လာ ၃၄၁ ဒသမ ၅၆၀   သန်း၊ သွင်းကုန်ဒေါ်လာ ၅၃၉ ဒသမ ၆၈၃ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၈၈၁ ဒသမ ၂၄၃ သန်းရရှိသည်။ ယခင်နှစ်ကာလတူက ပို့ကုန်ဒေါ်လာ ၁၀၉ ဒသမ ၄၉၉ သန်း၊ သွင်းကုန်ဒေါ်လာ၂၉၅ ဒသမ၂၃၇ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၄၀၄ ဒသမ ၇၃၆ သန်းရရှိခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၄ ရက်အထိမှာ ယခင်နှစ်ကာလတူထက်ဒေါ်လာ ၄၇၆ ဒသမ ၅၀၇ သန်းအထိ ကုန်သွယ်မှုပိုမိုပြုလုပ်ထားသည်။

COVID-19 ကြောင့်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ သန်း ၅၁၀၀ ကျော်သာရှိပြီး ယခင်နှစ်ထက် ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၃၅၀ ကျော်လျော့ကျခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုးဒေါ်လာ ၃၀၉၅ ဒသမ ၉၈၈သန်းရှိသည်။ ထိုင်းဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၂၀၂၁ ဒသမ ၉၂၅ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၅၁၁၇ ဒသမ ၉၁၃ သန်းရရှိထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၅၄၆၅ ဒသမ ၁၇၃ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၃၂၇၇ ဒသမ ၅၇၅ သန်းတင်ပို့ထားပြီး ထိုင်းဘက်မှသွင်းကုန်တန်ဖိုးဒေါ်လာ ၂၁၈၇ ဒသမ ၅၉၈ သန်း တင်သွင်းထားသည်။

 

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၂၉၅၈ ဒသမ ၀၃၉ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၅၅၉ ဒသမ ၄၅၄ သန်းတင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၃၉၈ ဒသမ ၅၈၅ သန်းတင်သွင်းထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၅၀၇၄ ဒသမ ၇၀၇ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ၂၈၄၆ ဒသမ ၀၆၆ သန်းတင်ပို့ထားပြီး ထိုင်းဘက်မှသွင်းကုန် တန်ဖိုးဒေါ် လာ ၂၂၂၈ ဒသမ ၆၄၁ သန်းတင်သွင်းထားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၄၂၈၈ ဒသမ ၁၇၂ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၂၂၁၂ ဒသမ၂၃၄ သန်း တင်ပို့ထားပြီး ထိုင်းဘက်မှသွင်းကုန်တန်ဖိုး ဒေါ်လာ ၂၀၈၅ ဒသမ ၉၃၈ သန်းတင်သွင်းထားသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ မူဘောင်သည် မြန်မာနိုင်ငံ၏  မိုက်ခရို၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်းနှင့်ကမ္ဘာ့စီးပွားရေးစျေးကွက်တွင် လက်ရှိတင်ပို့ရောင်းချနေ သူများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးမည်ဖြစ်ကြောင်း သိရသည်။

 

အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏အဓိကဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်း၊ အခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့်ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့်စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍ စသည်တို့လည်း ပါဝင်သည်။

Most Read

Most Recent