‘တစ်တော့’၏ ပစ္စုပ္ပန်နှင့် အနာဂတ်

‘တစ်တော့’၏ ပစ္စုပ္ပန်နှင့် အနာဂတ်
Published 11 February 2022
မိုးဧအောင

(The Conversationတွင်ဖော်ပြခဲ့သော ယခု”Tiktok’s secret algorithm is its greatest strength-and could also be its undoing“ဆောင်းပါးရေးသူ Shweta Singhသည် ၀ါဝစ်ခ်တက္ကသိုလ်၊ Warwick Business School၏ သတင်းအချက်အလက်စနစ် နှင့် စီမံခန့်ခွဲမှုဌာနမှ လက်ထောက်ပါမောက္ခ ဖြစ်သည်။ ထို့ပြင် ဗြိတိန်နိုင်ငံ လန်ဒန် The Alan Turing Institute ၌ အမူအကျင့်ဆိုင်ရာ သတင်းအချက်အလက်သိပ္ပံ သုတေသန ပညာရှင်တစ်ဦးလည်းဖြစ်သည်။ ကွန်ပျူတာ သိပ္ပံ မဟာဘွဲ့နှင့် အသုံးချဘောဂဗေဒ မဟာ ဘွဲ့များကို University of Minnesota-Twin Cities မှ ရရှိထားသည်။ အမေရိကန်ပြည် ထောင်စု၊ မင်နီဆိုတာတက္ကသိုလ်၊ Carlson Scchool of Management မှ သတင်းအချက် အလက်နှင့် ဆုံးဖြတ်ချက်ဆိုင်ရာ ပါရဂူဘွဲ့ကို ရရှိခဲ့သည်။

၂၀၁၉ ခုနှစ် ဗြိတိသျှအိန္ဒိယဆု British India Awards ၏ နောက်ဆုံးဆန်ခါတင် စာရင်းတွင် သိပ္ပံနှင့်နည်းပညာကဏ္ဍ လက် ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ လက်ရှိ တွင် ရွှေတာဆင်းမှာ ဗြိတိန်နိုင်ငံ၊ လန်ဒန် အခြေစိုက် အသိဉာဏ်တုအခြေပြု အွန်လိုင်း လက်လီကုမ္ပဏီဖြစ်သော’Love the Sales’ ၏ အကြံပေးဘုတ်အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိပါသည်။)

အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ကျေးလက် တောရွာဒေသတွင် ဒိဗျာအမည်ရှိ ဆယ်နှစ်အ ရွယ်တူမလေးတစ်ယောက် ကျွန်မမှာ ရှိသည်။ လွန်ခဲ့သောနှစ်နှစ်က ကျွန်မ အလည်အပတ် ပြန်သည့်အခါ ကျွန်မ၏ အဖက်အပွေ့ကို ခံရန် ဒိဗျာ အပြေးကလေး လာခဲ့သည်။ ကျွန်မက သူ့အတွက် အကောင်းဆုံးလက်ဆောင်အဖြစ် မည်သည့်ပစ္စည်းလိုချင်သနည်းဟု မေးမြန်း သောအခါ သူအလိုအရှိဆုံးဆန္ဒမှာ တစ်တော(့Tiktok) လူမှုကွန်ရက်၌ သူ့အကောင့် ‘ဒိဗျာကို Follow လုပ်ရန်’ ဖြစ်ကြောင်း အ့ံသြ စရာအဖြေကို ရခဲ့လေသည်။

ဒိဗျာသည် တစ်တော့လူမှုကွန်ရက်တွင် သူ’က’ထားသော ဘော်လီဝုဒ်အကများကို ပို့စ်တင်ကာ သူ့အကကို ကြိုက်နှစ်သက်သူ ဖော်လိုဝါများက (ã) အမှတ်အသား များ ပေးထားကြသည်။ ဖော်လိုဝါ ၁၀,၀၀၀ ပတ်ဝန်းကျင်ရှိနေသော ဒိဗျာအဖို့ သူ့ကိုယ်သူ စူပါစတားတစ်ယောက်ဟု တွေးထင်ထားပြီး ဖြစ်သည်။ သူ့ကို Followလုပ်ရန် ဒိဗျာ တောင်းဆိုသောအချိန်က ကျွန်မမှာ တစ်တော့အကောင့် မဖွင့်ရသေးပါ။ သို့သော် သဘာဝကျစွာပင် တစ်တော့အကောင့်တစ်ခု ကျွန်မ ဖွင့်လိုက်ပြီး ဒိဗျာကျေနပ်စေကြောင်း စိတ်အားထက်သန်စွာ အသည်းပုံအိုင်ကွန် နှိပ်၍ အားပေးရပါတော့သည်။ 

လူမှုကွန်ရက် အသုံးချပလက်ဖောင်းများ နှင့် ပတ်သက်သော သတင်းများကို ဖတ်ရှု ကြည့်သည့်အခါ Meta ၏ ရှယ်ယာတန်ဖိုး များသည် တစ်ရက်အတွင်း၌ပင် အမေရိကန် ဒေါ်လာ ၂၀၀ ဘီလျံ (ဗြိတိသျှ ပေါင်စတာ လင် ၁၄၈ ဘီလျံ) ဆုံးရှုံးခဲ့ကြောင်းနှင့် မာ့က် ဇက်ကာဘက်အနေနှင့် တစ်တော့ကို အပြစ်ဖို့ နေကြောင်း မြင်သိရပြန်သည်။ ထိုသတင်း ဖတ်ပြီး ကျွန်မ အရင်ဆုံး တွေးလိုက်မိသည် မှာ “ဒိဗျာတစ်ယောက်ကတော့ သူ ‘က’နေကျ ဘော်လိဝုဒ်ဗီဒီယိုများဖြင့် ကောင်းကောင်း ပျော်ရွှင် နေမှာပဲ”ဆိုသည့် အတွေးပင် ဖြစ်၏။

ပြက်ရယ်ပြုခြင်းများကို အသာထား လျက် ဆိုရှယ်မီဒီယာ၌ ဆယ်စုနှစ်တစ်ခုကျော် ထိပ်ဆုံးက စိုးမိုးလာခဲ့သော Facebook (ယခု အခါ Metaဟု အမှတ်တံဆိပ် အသစ်ပြောင်း ထား) ၏နေရာကို ထိုးဖောက်ကျော်လွှားနိုင်သူ နောက်တစ်ဦးရှိလာမည်ဟု မထင်ခဲ့ပါ။ လစဉ် ပုံမှန်သုံးစွဲသူပေါင်း သန်း ၃,၀၀၀ နီးပါး ရှိနေ သော အတွက် ‘ယခင်လာရာလမ်း အတိုင်း ခရီးဆက်နိုင်ရန် ဖြစ်မှဖြစ်ပါလေစ’ဟူသည့်အတွေး ခေါင်းထဲသို့ ရောက်လာခဲ့ တော့သည်။

တစ်တော့တွင် လစဉ်သုံးစွဲသူ သန်း ၁,၀၀၀ ကျော် ရှိပြီး အဆိုပါအကောင့်အသီး သီးက အများမြင်အောင် တင်သောပို့စ်အရေ အတွက်မှာ ယခင်နှစ်ကထက် နှစ်ဆ ပိုခဲ့ သည်။ ကျွန်မတူမ ဒိဗျာကဲ့သို့သော သက်ငယ် ပိုင်းသုံးစွဲသူများအပေါ်  တစ်တော့က ကြီးမား စွာသြဇာလွှမ်းမိုးနိုင်ပြီး သုံးစွဲသူစုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းမှာ အသက် ၁၉ နှစ်အောက် ဖြစ်ကြသည်။ ဤအချက်မှာ တစ်တော့အနာ ဂတ်အတွက် အဓိကကျသော အောင်မြင်မှုကို ဆောင်ကြဉ်းပေးမည့် အလားအလာကောင်း ဖြစ်သည်။

Facebook သုံးစွဲသူများသည် ပျမ်းမျှ အားဖြင့် ဆယ်စုတစ်စုစာ အသက်ပိုကြီးသည်။ Meta၏ အခြားသော လူမှုပလက်ဖောင်း ဖြစ်သည့် အင်စတာဂရမ် (Instagram)ကို သုံးစွဲသူ သန်း ၂,၁၀၀ ရှိပြီး သုံးစွဲသူတို့၏ ပျမ်းမျှအသက်မှာ တစ်တော့ထက် အနည်း ငယ်ပိုကြီးသည်။ နှိုင်းယှဉ်ချက်အရ အင်စတာ ဂရမ်ကို သုံးစွဲသူစုစုပေါင်း ထပ်မံတိုးပွားနေ သော်ငြား သက်ငယ်ပိုင်းသုံးစွဲသူ အရေအ တွက် လျော့ပါးလျက်ရှိသည်။ ထို့ကြောင့် တစ်တော့အနေနှင့် အနာဂတ်တွင် ယခုကဲ့သို့ သုံးစွဲသူများ ထိန်းထားနိုင်ရန် မည်သည့်အ ချက်များက အဆုံးအဖြတ် ဖြစ်လာမည်နည်း။

Facebook ၏ သုံးစွဲသူပြဿနာ

လူမှုမီဒီယာပလက်ဖောင်းများဖြစ်ကြသည့် Facebookနှင့် အင်စတာဂရမ်တို့သည် ကမ္ဘာကျော်ဖက်ရှင်အမှတ်တံဆိပ် ဂူချီ  (Gucci)ကဲ့သို့  မိမိ၏ပရိသတ်နှင့် ကုမ္ပဏီအ ကြား ထုတ်လုပ်လိုက်သမျှ ထုတ်ကုန်အမယ် များကို မြင်ရတွေ့ရ ကြည့်ရှုရလွယ်အောင် ပေါင်းကူးတံတားထိုးခဲ့သော ဆက်ဆံရေး မဟာဗျူဟာကို သုံးခဲ့ကြ၏။ သို့သော် သူ့တို့၏အဝန်းအဝိုင်းသည် သာမန်လူများ အနား ပင် မသီနိုင်ခဲ့ဘဲ အတွင်းစည်းဝင်မိသူက ဖိတ်ခေါ်မှသာ ဝင်နိုင်သော သီးသန့်ကလပ် သဖွယ် ဖြစ်နေသည်။ Facebook၏ ကနဦး အစမှာ လူကုံထံတက္ကသိုလ်တက်နေသော ကျောင်းသူကျောင်းသားများ၏ အသိုင်းအ ၀ိုင်းတွင်သာ တဝဲလည်လည် တွင်ကျယ်ခဲ့ သည့် ပင်မရေစီးကြောင်း ဖြစ်သည်။

Facebookပလက်ဖောင်းသည် လူ့စိတ် သဘောသဘာဝ၏ အခြေခံစည်းမျဉ်းအချို့ ကို ကောင်းမွန်စွာ အမြတ်ထုတ် အသုံးချထား သည်။ အနည်းဆုံး မိတ်ဆွေသူငယ်ချင်းများ နှင့် ချိတ်ဆက်မိနေသူများသည် သူတို့အချင်း ချင်း နီးနီးကပ်ကပ် ရင်းနှီးနေသည်ဟု ခံစား ကြရ၏။ ဤနည်းလမ်းဖြင့် ပို့စ်တင်ထားသော ပုံများ၏’အား’ကို မြင်းများ ‘ဇက်ခွံ့ထားဘိ သကဲ့သို့’ Facebookက ထိန်းကျောင်းလိုက်ပြီး အစောပိုင်းက ထည့်ပေးထားခဲ့သော ‘poke’ ခလုတ်ဆိုလျှင် လူချင်းကပ်၍ ပခုံးကို လာပုတ် သယောင်ယောင် ထင်ယောင်ထင်မှား ဖြစ်စေ ခဲ့၏။

အင်စတာဂရမ်သည်လည်း ရုပ်ပုံများကို အခြေပြု၍ တည်ဆောက်ထားသော ပလက် ဖောင်းဖြစ်သည်။ သို့သော် တစ်တော့သည် စတင်မိတ်ဆက်ခဲ့သော ၂၀၁၆ ခုနှစ်ကပင် ပြုံးပျော်ရယ်ရွှင်ဖွယ် ဗီဒီယို အတိုအစများဖြင့် တောက်လျှောက်ဆက်သွယ်နိုင်အောင် တည် ထောင်ခဲ့သည်။ အစပိုင်းတွင် အများဆုံး ၁၅ စက္ကန့်သာရှည်သော လှုပ်ရှားမှု’ရုပ်အရှင်’များကို တင်ခွင့်ပြုခဲ့သော်လည်း ယခုအခါ သုံးမိနစ်ထိရှည်လျားသော ဗီဒီယိုများ တင်၍ ရလာသည်။ ၂၀၁၇ ခုနှစ်တွင် တရုတ်ပြည်မ ကြီး၏ပြင်ပ၌ မိတ်ဆက်သောအခါ တစ်တော့ သည် အကြီးအကျယ်’ပေါက်’သွားခဲ့လေ သည်။ အကြောင်းမှာ သူ သုံးစွဲထားသော နည်းပညာအရ ပလက်ဖောင်းတွင်း ဝင်ရောက် သုံးစွဲသူ ပရိသတ်များ၏ ပြုမူလုပ်ဆောင်ချက် နှင့် သူတို့နှစ်သက်ရာကို လွယ်လွယ်ကူကူ နားလည်နိုင်သည့်အတွက် ဖြစ်သည်။ Metaသည် ၂၀၂၀ ပြည့်နှစ်တွင် ဗီဒီယိုများ မျှဝေ နိုင်သော Instagram Reelsကို မိတ်ဆက်ခဲ့ သော်လည်း တစ်တော့၏ ဧရာမကြီးထွားလာ ခြင်းကို တစ်ဆံခြည်မျှ လျော့ပါးအောင် မစွမ်း ဆောင်နိုင်ခဲ့ပါ။

တရုတ်နိုင်ငံ Byte Dance ကုမ္ပဏီပိုင် တစ်တော့ပလက်ဖောင်းတွင် လူသစ်အနေ နှင့် စတင်ဝင်ရောက် သုံးစွဲရန်မှာ အချိန်ကြာ ကြာ မစောင့်ရပါ။ နောက်ထပ်တိုးလာသော တစ်တော့သုံးစွဲသူအနေနှင့်လည်း အခြား ပလက်ဖောင်းတွင် ရှိနှင့်ပြီးလူများကို ဆွဲ ဆောင်နိုင်ပါသည်။ အကယ်၍ ကျွန်မ၏ မိတ်ဆွေသူငယ်ချင်းများအားလုံး တစ်တော့ တွင်ရှိပြီးပါက ကျွန်မအနေနှင့်လည်း အစိမ်း အကျက်၊ အနီးအဝေး၊ အသုံးပြုကာလ တို တောင်းသည်ဖြစ်စေ၊ ရှည်ကြာသည်ဖြစ်စေ တစ်တော့၌ ]ဝင်ရော}လိုက်ရုံသာ ရှိပါသည်။ ဤရလဒ်နှင့် ပြောင်းပြန်သက်ရောက်မှုမှာFacebook ၌ ပေါ်ပေါက်ခဲ့၊ ပေါ်ပေါက်ဆဲ ဖြစ်သည်။ Facebookသုံးစွဲသူ၏ ‘တစ်သီး ပုဂ္ဂလ စည်းဝိုင်း’ကို ရန်စထိပါးနိုင်သည့် ဘေး မှ ကာကွယ်ပေးနိုင်မှု ချို့ယွင်းအားနည်းလှ သော မူဝါဒကြောင့် သုံးစွဲသူများစိတ်တွင် မလုံမခြုံဖြစ်ကာ၊ အမြတ်ထုတ်စီးပွားရှာနေ သော ပလက်ဖောင်းတစ်ခုဟု မြင်လာကြ သည်။ ကုမ္ပဏီအတွင်းစည်းမှ အကြီးတန်းဝန် ထမ်းဖြစ်သူ ဖရန့်ဆက်ဟော်ဂင်၏ ဖွင့်ဟဖော် ထုတ်ချက်များက ဖော်ပြခဲ့သော အကျိုးသက် ရောက်မှုများကို ထင်ထင်ရှားရှား မီးမောင်း ထိုးပြခဲ့၏။ ထိုဖြစ်ရပ်နောက်ပိုင်း၌ Facebook ၏ သမိုင်းတွင် ပထမဦးဆုံးအကြိမ်အ ဖြစ် နေ့စဉ်သုံးစွဲသူ လျော့ပါးသွားခဲ့သည်။

အနာဂတ် လူမှုကွန်ရက်သစ်

အခြားသော လူမှုကွန်ရက်ပလက် ဖောင်းများကဲ့သို့ တစ်တော့၌လည်း သုံးစွဲသူ ၏ ‘တစ်သီးပုဂ္ဂလ စည်းဝိုင်း’၊ သတင်းအမှား များ ပြန့်နှံ့ခြင်းနှင့် တစ်နေ့တစ်နေ့ ပေါ်လာ သမျှ ဆွဲတင်၊ ဆွဲချ လိုက်ကြည့်နေမိသော စွဲ လန်းမှုမျိုးစသည့် ပြဿနာများ ရှိသည်။ အနာဂတ်တွင် တစ်တော့ ရင်ဆိုင်ရမည့် အကြီးမား ဆုံးသော အဖျက်ပိုးသည် သူ အောင်မြင်စွာ လူစုလာနိုင်ခဲ့သည့် အယ်ဂိုရစ်သမ်ခေါ် ကွန် ရက်အသုံးချပုံ နည်းနာနိသျှပင် ဖြစ်လိမ့်မည်။ အကြောင်းမှာ သုံးစွဲသူတစ်ဦးချင်းစီ၏ အ နက်ရှိုင်းဆုံး အမူအကျင့် အသေးစိတ်ကို ပုဂ္ဂလိကသတင်းအချက်အလက် စုံစမ်းရန် မလိုဘဲ အထင်းသားမြင်နေရသည့် အချက် ဖြစ်၏။ ထို့ပြင် တစ်တော့ဗီဒီယိုများကြည့်ရန် အချိန်ကိုဖြုန်းနိုင်သမျှ အသစ်အသစ်သော ကြည့်စရာများသာ ထပ်တိုးလာသော အယ်ဂို ရစ်သမ် ဖြစ်နေသည်။

သို့ဖြစ်၍ တစ်တော့သည် မှန်ပြင်နှင့် မခွာနိုင်လောက်အောင် လူသား၏ပျော့ကွက် ကို ‘နင်းထား’ နိုင်သောအစွမ်း ကြီးမားလှ သည်။ ကမ္ဘာအနှံ့ရှိ သက်ငယ်ပိုင်း လူလားမ မြောက်သေးသော တစ်တော့သုံးသူများ ထိုသို့ အချိန်ပြုန်းတီးနေရသော အဖြစ်အပျက်မှာ ပို၍ပို၍ အချေအတင်ဆွေးနွေးရမည့် အ ကြောင်းအရာ ဖြစ်လာနေသည်။

တစ်တော့တွင် အသုံးချထားသော အယ် ဂိုရစ်သမ်တစ်ခုမှာ သီးခြားသတ်မှတ် ရည် ရွယ်ထားသော လူအုပ်စုထံသို့ မိမိ၏ဗီဒီယို ဗိုင်းရပ်စ်ပမာ ပျံ့နှံ့နိုင်ခြင်းဖြစ်သည်။ သက် ငယ်သုံးစွဲသူများအနေနှင့် ဤမလုံခြုံမှုများ ကြားမှပင် မိမိကိုယ်ခန္ဓာပုံရိပ်များအား ထို ရည်ရွယ်အုပ်စု၏ စိတ်ဝင်စားမှုကို အသည်း အသန် ရယူချင်နေကြသည်။ ဤအကြောင်း ရင်းကို သိရှိနားလည်နေသော ကျွန်မအနေ နှင့် ဒိဗျာအပေါ်  စိုးရိမ်နေမိသည်။ သူတင် သော တစ်တော့ဗီဒီယိုများအတွက် Like အရေအတွက် ထင်သလိုမရခဲ့လျှင်၊ တစ်ဖန် သူ့အကများမှာ ဘဝအတွက် အကျိုးရှိ၍ လုပ်သင့်လုပ်ထိုက်သော အလုပ်မဟုတ်မှန်း ပြည့်စုံစွာ နားမလည်ခဲ့လျှင် မြီးကောင်ပေါက် တို့အနာဂတ်အတွက် သောကရောက်ဖွယ် ဖြစ်ပါ၏။

          တစ်တော့သည် အန္တရာယ်ဖြစ်စေသော ပြကွက်အကြောင်းအရာများကို သုံးစွဲသူများ ထံ မရောက်ရှိစေရေး တားဆီးနိုင်ရန်အလို့ငှာ လူသားဝန်ထမ်းရော ကွန်ပျူတာသင်္ချာ ဘာ သာစကားစနစ်သုံး အယ်ဂိုရစ်သမ်များကိုပါ သုံးစွဲလျက်ရှိသည်။ သို့သော်လည်း သုံးစွဲနေ သော တိုင်းပြည်များစွာတွင် ညစ်ညမ်းသော သို့မဟုတ် ကြမ်းတမ်းသော အကြောင်းအရာ များစွာကို အချိန်နှင့်တစ်ပြေးညီ တားဆီး နိုင်ရန် ခက်ခဲသည်။ အိန္ဒိယတွင်လည်း အ လားတူဖြစ်ပြီး လူအတော်များများ ‘အကျော်၊ အခွ’ လုပ်ကာ သုံးတတ်ကြသည်။ ကလေးသူ ငယ်တို့၏ အချက်အလက်များကို အသုံးချ ခြင်းအတွက် ဥပဒေက အကာအကွယ်ပေးရန် မည်သို့အရေးယူဆောင်ရွက်မည်မှာ ရင်ဆိုင် ရမည့် ပြဿနာတစ်ခုဖြစ်သည်။

ရှင်းလင်းသေချာနေသည်မှာ တစ်တော့ သည် ကမ္ဘာ့အကြီးဆုံး ဆိုရှယ်မီဒီယာပလက် ဖောင်းဖြစ်ရန် အလားအလာအရှိဆုံး ဖြစ် သည်။ သူ့ပြိုင်ဘက်များအဖြစ် Likee၊ Clash နှင့် Trillerတို့ ရှိသော်လည်း သုံးစွဲသူအရေအ တွက်မှာ အလွန်မတန် နည်းပါးသည်။

သို့သော် တစ်တော့သည် ယခုထက် နှစ်ဆ သို့မဟုတ် သုံးဆကြီးလာလျှင်ပင် အထိ အခိုက်၊ အန္တရာယ်များ သေချာပေါက်များ ပြားလာပါလိမ့်မည်။ အကိုင်အတွယ်မှားသည် နှင့်တစ်ပြိုင်နက် ဆတ်ဆတ်ထိမခံနိုင်သော အရေးကိစ္စများပေါ်ပေါက်ကာ သုံးစွဲသူ၏ ဂုဏ်သိက္ခာကို နှစ်ရှည်လများ ထိပါးနိုင်သော ပြဿနာများအား ယနေ့ Facebookကဲ့သို့ပင် ရင်ဆိုင်ရဦးမည်ဖြစ်သည်။

ထို့ကြောင့် သုံးစွဲသူ၏ ကိုယ်ရေးလွတ် လပ်ခွင့်နှင့် အတွင်းစည်းကို ကာကွယ်ရန်နည်း လမ်းများ သေချာပေါက် ရှာဖွေထားသင့် သည်။ အဆင့်မြင့် အသိဉာဏ်တုများကို အ သုံးချကာ ပို့စ်တင်သည့်အကြောင်းအရာ များကို စိစစ်နိုင်ရန် ပညာသားပါပါ ချဉ်းကပ် ရပါမည်။ အကယ်၍ တစ်တော့က ထိုသို့ မလုပ်နိုင်ခဲ့လျှင် ပြိုင်ဘက်များက ‘ကောက် စား’ကာ ပိုမိုကြီးမားသော ခြိမ်းခြောက်မှုကို ရင်ဆိုင်သွားရဖွယ်ရှိသည်။

Metaအနေနှင့် အင်စတာဂရမ်နှင့်  WhatsApp ကို ဝယ်ယူခဲ့သည့်နည်းတူ တစ် တော့ကိုလည်း ဝယ်သွားနိုင်ခြေရှိသည်။ သို့ သော် အမေရိကန်ပြည်ထောင်စု၌ ပြဋ္ဌာန်း ထားသော ဥပဒေများနှင့် လိုက်လျောညီထွေ ရှိရန် နည်းပညာအရ တည့်မတ်မှုများကို ပြု ပြင်ပေးရမည်ဖြစ်သည်။ နောက်တစ်နည်းမှာ ဇက်ကာဘက် ယုံကြည်မျှော်လင့်နေသော အနာဂတ်အင်တာနက်ဖြစ်သည့် Meta၏ပရော့ဂျက် metraverseက တစ်တော့နေရာ ကို ဂုဏ်သိက္ခာရှိရှိ သိမ်းပိုက်သွားမည့် အ လားအလားဖြစ်သည်။

အကယ်တန္တု သူ့အိပ်မက်အတိုင်း လက် တွေ့ဖြစ်လာခဲ့သော် ဒစ်ဂျစ်တယ်အရုပ် များသည် တစ်ဦးနှင့်တစ်ဦး လူမှုဆက်ဆံရေး မည်သို့လုပ်ကြမည်နည်းဟူသော အရေးကြီး သည့်မေးခွန်း မေးရမည်ဖြစ်သည်။ ကျွန်မအ နေနှင့်  ဒိဗျာနှင့် မည်ရွေ့မည်မျှဝေးဝေးရောက် နေသည်ဖြစ်စေ သူ တစ်တော့ကို သုံးချင်နေ ကြောင်း သေချာပေါက်ပြောနိုင်ပါသည်။ သို့ဖြစ်၍ Metaသည် ကမ္ဘာကြီးအတွက် ဖန် တီးမှုအသစ်ပြုလျှင် တစ်တော့၏ ပကတိ အရှိကို မည်သို့ပေါင်းစပ်ကာ သုံးစွဲသွားမည် ကို စဉ်းစားထိုက်ပါသည်။ အကယ်၍ ပေါင်း စပ်ရမည့် ဘုံနယ်ပယ်အတွင်း ဆက်သွယ်ရေး ကို မထိန်းချုပ်နိုင်ပါက တစ်တော့ကဲ့သို့ နောက်ထပ်အသစ်တစ်ခု ပေါ်ထွက်လာဦး မည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပါ သည်။

Most Read

Most Recent