ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်များအရ ဒေါ်အောင်ဆန်းစုကြည်အား အဂတိဖြင့် တရားစွဲထားသည့် အမှုအတွက် တရားလိုပြသက်သေ ရဲအရာရှိငါးဦးကို စစ်ဆေးခဲ့ပြီး စွဲချက်တင် သင့် မသင့် လာမည့်ရုံးချိန်းတွင် နှစ်ဖက်လျှောက်လဲချက် ပေးရမည်

ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်များအရ ဒေါ်အောင်ဆန်းစုကြည်အား အဂတိဖြင့် တရားစွဲထားသည့် အမှုအတွက် တရားလိုပြသက်သေ ရဲအရာရှိငါးဦးကို စစ်ဆေးခဲ့ပြီး စွဲချက်တင် သင့် မသင့် လာမည့်ရုံးချိန်းတွင် နှစ်ဖက်လျှောက်လဲချက် ပေးရမည်
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဖြိုးမင်းသိန်းတို့ကို ၂၀၁၉ ခုနှစ်က ရန်ကုန်လေဆိပ်၌ တွေ့ရစဉ် (Photo: Phyo Min Thein's FB)
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဖြိုးမင်းသိန်းတို့ကို ၂၀၁၉ ခုနှစ်က ရန်ကုန်လေဆိပ်၌ တွေ့ရစဉ် (Photo: Phyo Min Thein's FB)
Published 11 February 2022

အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းကြည်အား ရွှေနှင့် ဒေါ်လာများ ပေးခဲ့ရသည်ဆိုသော ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ထွက်ဆိုချက်များအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှု အမှတ်(၂)နှင့်ပတ်သက်၍ တရားလိုပြသက်သေ ရဲအရာရှိငါးဦးကို စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

နေပြည်တော်ကောင်စီဝန်းအတွင်းရှိ အထူးတရားရုံးတွင် ဖေဖော်ဝါရီ ၁၁ ရက်က အထက်ပါအမှုနှင့်ပတ်သက်၍  ဒေါ်အောင် ဆန်းစုကြည်အား ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ လာမည့် ဖေဖော်ဝါရီ ၁၈ ရက်တွင် ချိန်းဆိုထားသောရုံးချိန်း၌ စွဲချက်တင်သင့် မသင့် နှစ်ဖက်ရှေ့နေ များ က လျှောက်လဲချက် ​​ပေးရမည်ဖြစ်ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာ သည့် သတင်းများအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား အခြား ပုဂ္ဂိုလ်များနှင့်အတူ အဂတိဖြင့်စွဲဆိုထား သည့်အမှုများကို ဖေဖော်ဝါရီ ၁၁ ရက်ရုံးချိန်း တွင် စစ်ဆေးခဲ့ခြင်းမရှိကြောင်းသိရသည်။

နေပြည်တော်တွင် လရောင်တော စိုက်ပျိုး သက်မွေး ပညာသင်တန်းကျောင်း အဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်ရန်အတွက် မြေကွက် ၁၀၁ ဒဿမ ၃၃ ဧက အား လျှောက်ထားရယူသည့် ကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၊  နေပြည်တော်မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်နှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်ဟောင်း ဦးမင်းသူတို့ကို လည်းကောင်း၊ နေပြည်တော် ပုဗ္ဗသီရမြို့နယ်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်မည့် စီမံကိန်းတစ်ခုအတွက် မြေ ဧရိယာ ၂၃ ဒသမ ၈၅၅ ဧကကို လျှောက်ထား ရယူသည့်ကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင် ဆန်းစုကြည်၊ နေပြည်တော်မြို့တော်ဝန် ဟောင်း ဒေါက်တာမျိုး အောင်နှင့်  ဒုတိယ မြို့တော်ဝန် ဦးရဲမင်းဦးတို့ကို အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် လည်းကောင်း တရားစွဲဆိုထားခြင်းဖြစ်သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းအား နေပြည်တော်ရှိ လရောင်တောတွင် တစ်ထပ်အဆောက်အအုံတစ်လုံး ဆောက်လုပ်မှုနှင့်ပတ်သက်၍ ယင်းအ ဆောက်အအုံသည် ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်းဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရန်အတွက်ဖောင်းဒေရှင်းသို့ အများ ပြည်သူလှူဒါန်းငွေများမှ အသုံးပြုခဲ့ခြင်းကြောင့်ဟုဆိုကာ အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် လည်းကောင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရုံးချုပ်ဖွင့်လှစ်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ်(၆၀)မှ မြေဧက ၁ ဒသမ ၈၆ ဧကနှင့် အဆောက်အဦများကို လုပ်ထုံးလုပ်နည်းများ နှင့်မညီဘဲ ငှားရမ်းခဲ့သည်ဆိုသောကိစ္စနှင့် ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေဖြင့်လည်းကောင်း တရားစွဲဆို ထားသည်။

ထို့အတူ ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်းများတွင် လုပ်ပိုင်ခွင့်အာဏာကို အသုံးပြု၍ ခွင့်ပြုပေးခဲ့သဖြင့်ဘဏ္ဍာ ငွေကြေးများ နစ်နာဆုံးရှုံးခဲ့ခြင်းကြောင့်ဟုဆိုကာ သမ္မတဟောင်း ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်​​ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှု ဖွင့်လှစ်ထားသည်။          

Most Read

Most Recent