KNU ထိန်းချုပ်နယ်မြေ  ဒူးသထူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဘိတ်ထားဝယ်ခရိုင်၊ မူတြော်ခရိုင်နှင့် ဒူးပလာယာခရိုင်တို့တွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် လူဦးရေ ခုနစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရ 

KNU ထိန်းချုပ်နယ်မြေ  ဒူးသထူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဘိတ်ထားဝယ်ခရိုင်၊ မူတြော်ခရိုင်နှင့် ဒူးပလာယာခရိုင်တို့တွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် လူဦးရေ ခုနစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရ 
Published 8 February 2022

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ ဒူးသထူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဘိတ်ထားဝယ်ခရိုင်၊ မူတြော်ခရိုင်နှင့် ဒူးပလာယာခရိုင်တို့တွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် လူဦးရေ ခုနစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုက ဖေဖော်ဝါရီ ၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း တစ်လတာ တိုက်ပွဲသတင်းထုတ်ပြန်ရာတွင် အထက်ပါတိုင်းထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီတစ်လတာအတွင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေ အုပ်ချုပ်နယ်မြေ၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော်(KNDO)နှင့် မြန်မာ့တပ်မတော်၊ နယ်ခြားစောင့်တပ် (BGF) တို့အကြား ထိတွေ့ပစ်ခတ်မှုပေါင်း ၄၃၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါပစ်ခတ်မှုအတွင်း  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော်(KNDO)တို့ဘက်မှ တပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ၂၀၂၂ ခုနှစ် ဇန်နဝါရီအတွင်း KNU ထိန်းချုပ်နယ်မြေ မူတြော်ခရိုင်နှင့် ဒူးပလာယာခရိုင်တို့တွင် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံ ၁၂ ဦး သေဆုံးပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)ဗဟို၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ  ဒူးသထူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဘိတ်ထားဝယ်ခရိုင်၊ မူတြော်ခရိုင်နှင့် ဒူးပလာယာခရိုင်တို့တွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် လူဦးရေခုနစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟို၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent