ဖေဖော်ဝါရီ ၇ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၅ သန်း ထပ်မံရောင်းချခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း လက်ရှိအချိန်အထိ ခုနစ်ကြိမ်ခွဲ၍ ဒေါ်လာ ၉၅ သန်းရောင်းချထား

ဖေဖော်ဝါရီ ၇ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၅ သန်း ထပ်မံရောင်းချခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း လက်ရှိအချိန်အထိ ခုနစ်ကြိမ်ခွဲ၍ ဒေါ်လာ ၉၅ သန်းရောင်းချထား
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးကိုတွေ့ရစဉ်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးကိုတွေ့ရစဉ်။
Published 8 February 2022

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ၁၅ သန်း ထပ်မံရောင်းချခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း လက်ရှိအချိန်အထိ ခုနစ်ကြိမ်ခွဲ၍ ဒေါ်လာ ၉၅ သန်း   ရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ  သိရသည်။

ဇန်နဝါရီ ၇ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၅ သန်း၊ ဇန်နဝါရီ ၁၂ ရက်တွင် ဒေါ်လာ ၁၅ သန်း၊ ဇန်နဝါရီ ၁၃ ရက်တွင်  ဒေါ်လာ ၁၀ သန်း ၊ဇန်နဝါရီ ၁၄ ရက်တွင် ဒေါ်လာ ၁၀ သန်း၊ ဇန်နဝါရီ ၂၀ ရက်တွင် ဒေါ်လာ ၁၅ သန်းဖြင့် ဇန်နဝါရီလတွင် ဒေါ်လာ ၆၅ သန်း ရောင်းချခဲ့သည်။ ဖေဖော်ဝါရီ ၄ ရက်တွင် ဒေါ်လာ ၁၅ သန်း၊ ဖေဖော်ဝါရီ ၇ ရက်တွင် ဒေါ်လာ ၁၅ သန်း ထပ်မံရောင်းချခဲ့သဖြင့် လက်ရှိအချိန်အထိ ဒေါ်လာ ၉၅ သန်းအထိ ရောင်းချထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာရောင်းချခဲ့မှုအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဒေါ်လာ ၆ ဒသမ ၈ သန်းရောင်းချခဲ့ပြီး မတ်လအတွင်း ရောင်းချမှုမရှိခဲ့ပေ။ ဧပြီလအတွင်း ဒေါ်လာ ၁၂ သန်း၊ မေလအတွင်း ဒေါ်လာ ၂၄ သန်း၊ ဇွန်လတွင်း ဒေါ်လာ ၁၂ သန်း၊ ဇူလိုင်လအတွင်း ဒေါ်လာ ၃၉ သန်း၊ သြဂုတ်လအတွင်း ၂၈ သန်း၊ စက်တင်ဘာတွင် ဒေါ်လာ ၆၃ သန်း၊ အောက်တိုဘာတွင် ဒေါ်လာ  သန်း ၁၁၀၊ နိုဝင်ဘာတွင် ဒေါ်လာ ၃၁ သန်းနှင့် ဒီဇင်ဘာတွင် ဒေါ်လာ ၁၁၈ သန်းဖြင့် ၂၀၂၁ ခုနှစ်အတွင်း ဒေါ်လာ ၄၄၃ ဒသမ ၈ သန်း ရောင်းချခဲ့သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေလဲ လှယ် နှုန်းအတက်၊ အကျကြီးမားခြင်းကို လျော့ နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန် ငွေဖြည့်တင်းရန် ဗဟိုဘဏ်က နိုင်ငံ ခြား ငွေ စျေးပြိုင်လေလံဖွင့်လှစ်ဆောင်ရွက် နေသည်။

ဗဟိုဘဏ်စျေးပြိုင် လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင်လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကား သည့်လုပ်ငန်းလိုင်စင် AD ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ် သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂ လိကဘဏ် ၁၉ ဘဏ် နှင့် နိုင်ငံခြားဘဏ် ဘဏ် ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေသည်။

          မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏နိုင်ငံခြား သုံးငွေလုပ်ငန်းဆောင်ရွက်ချက်များမှာ  ကာ လတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းအ တက်၊အကျကြီးမားခြင်းကို လျော့နည်းစေ ရန် အ လုပ် လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ် ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲ လှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေလဲ လှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်း ယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုး ကျ ဆင်းသည့် ရာခိုင်နှုန်းသည်ချမှတ်ထားသည့် စည်းမျဉ်း များအရ သတ်မှတ်ချက်ထက်ကျော် လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ ရောင်းချ ရန် စျေး ပြိုင်လေလံကို ဖွင့်လှစ် ဆောင်ရွက် ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုးမြင်  ့ တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထား သည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန် ဒေါ်လာ) ဝယ်ယူ ရန် စျေး ပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက် ခြင်း၊ နိုင်ငံတော်၏ နိုင်ငံ ခြားသုံးသီးသန့်အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက် တစ်ရက်၏ ငွေလဲလှယ်နှုန်း အား ပြီးခဲ့သည့် ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ် ပေါ်သည့် ပျမ်း မျှ မြန်မာကျပ်ငွေနှင့် အမေရိ ကန်တစ်ဒေါ် လာလဲလှယ်နှုန်းနှင့် နှိုင်းယှဉ် ခြင်း၊ ယင်းသို့ နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့်စည်းမျဉ်းများအရ သတ် မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြား ငွေ(ဒေါ်လာ) ဝယ်ယူရန်စျေးပြိုင် လေ လံကို  ဖွင့်လှစ်ဆောင် ရွက်ခြင်း၊ စျေးပြိုင်လေလံ တွင်ဗဟိုဘဏ်က ကြေညာထားသည့် အ မြင့်ဆုံး လဲလှယ်နှုန်း နှင့် အနိမ့်ဆုံးလဲလှယ် နှုန်းအကြား AD ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေဝယ် ယူရန်၊ရောင်းချရန် တင်ပြချက်များကို Refintiv ယခင် Thomson Reuters ၏ လေလံအရောင်း အဝယ်စနစ်ကို အသုံးပြု၍ ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချ ခြင်းဖြစ်သည်။ ကာလတို အတွင်း နိုင်ငံခြားငွေလဲ လှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေ ရန်ဖြစ် သည်။

Most Read

Most Recent