ဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေးဆေးများ အဆမတန်စျေးမြင့်မှုကြောင့် အညာဒေသကျေးရွာများမှ တောင်သူများ သဘာဝမြေသြဇာများအား ကိုယ်တိုင်ပြုလုပ်အသုံးပြုလာ

ဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေးဆေးများ အဆမတန်စျေးမြင့်မှုကြောင့် အညာဒေသကျေးရွာများမှ တောင်သူများ သဘာဝမြေသြဇာများအား ကိုယ်တိုင်ပြုလုပ်အသုံးပြုလာ
​​​​​​​​ရေနံ​ချောင်​းမြို့နယ်​ ဥသျှစ်​ကုန်​း​ကျေးရွာမှ ​တောင်​သူများ သဘာဝမြေသြဇာ ပြုလုပ်​​နေစဉ်
​​​​​​​​ရေနံ​ချောင်​းမြို့နယ်​ ဥသျှစ်​ကုန်​း​ကျေးရွာမှ ​တောင်​သူများ သဘာဝမြေသြဇာ ပြုလုပ်​​နေစဉ်
Published 7 February 2022
​အောင်​သူငြိမ်​း

ကိုဗစ်ကူးစက်မှုများနှင့် နိုင်ငံရေးအခြေအနေများကြောင့် ဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေးဆေးများ အဆမတန်စျေးမြင့်တက်ခဲ့ပြီး အညာဒေသကျေးရွာများမှ တောင်သူများ သဘာဝမြေဝဇာများကို ကိုယ်တိုင်ပြုလုပ်၍ အသုံးပြုသူများရှိလာကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ကွေးတိုင်ဒေသကြီးအတွင်း မြို့နယ်များမှ ယာမြေ၊ မြေနုကျွန်း၊ ကိုင်းစိုက်ခင်းနှင့် ဥယျာဉ်ခြံမြေ စိုက်ပျိုးရေးလုပ်ငန်းများတွင် ဓာတ်​​မြေသြဇာနှင့် ဓာတုဆေးဝါးများကို အဓိကထား အသုံးပြုလာခဲ့ကြသည်မှာ ဆယ်စုနှစ် သုံးစုကျော် ကြာခဲ့ပြီဖြစ်​​ကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုနှင့် နိုင်ငံရေးအအခြေအနေများကြောင့် ကုန်စည်မျိုးစုံစျေးနှုန်း မြင့်တက်ခြင်းနှင့်အတူ စိုက်ပျိုးရေးသုံးဆေးဝါးများလည်း အဆမတန်စျေး မြင့်တက်ခဲ့ကြောင်း၊ တောင်သူများ အဓိက ထားသုံးစွဲလေ့ရှိသည့် ဓာတုဆေးဝါးများသည် မူလစျေးနှုန်းထက် သုံးဆမက စျေးမြင့်တက်ခဲ့​​​သောကြောင့် ဆိတ်​​ချေး၊ နွားချေး၊ ကြက်ချေး စသည့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများနှင့် သစ်ရွက်ကောက်ရိုး၊ မြက်စသည့် သဘာဝအမှိုက်များကို မြေဆွေးပြုလုပ်၍ သဘာဝမြေသြဇာကို အသုံးပြုသူများလာကြောင်း သိရသည်

“ဓာတ်​​မြေသြဇာနဲ့ ဓာတုဆေးဝါးတွက သုံးသင့်တဲ့ပမာဏနဲ့ အသုံးပြုရင် ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတယ်။ အဲဒီလိုဆေးတွေကို လိုအပ်လောက် သုံးသင့်သလောက်ပဲ အသုံးပြုဖို့နဲ့ သဘာဝမြေသြဇာတွေကို လက်ဖြစ်ပြုလုပ်ပြီး အဓိကထားသုံးဖို့ တောင်သူတွေကို ပညာပေးမှု နည်းပညာပေးမှုတွေ လုပ်ခဲ့ပေမဲ့ တောင်သူတွေက အလွယ်သုံးလို့ ရတဲ့ဓာတုဆေးတွေကိုပဲ အသုံးများခဲ့ကြတယ်။ အခု ဓာတုဆေးဝါးတွေ အဆမတန်စျေးမြင့်တက်လာတော့မှ သဘာဝမြေသြဇာတွေကို စိတ်ဝင်စားလာတော့ အဆိုးထဲက အကောင်းလို့ ပြောရမှာပါ” ဟု မကွေးတိုင်ဒေသကြီး သြဂဲနစ်စိုက်ပျိုးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်

ကွေးတိုင်ဒေသကြီး ရေနံချောင်းမြို့ နယ် ဥသျှစ်ကုန်ကျေးရွာမှ တောင်သူတစ်ဦးက “ငါးအမိုင်နိုအက်ဆစ်ကို ကြက်သွန်ခင်းမှာ စမ်းသုံးကြည့်မိရာက အပင်အတွက် ထိရောက်တာကိုသိပြီး မြေဆွေးလုပ်နည်တွေကို လေ့လာခဲ့တာပါ။ အခုလို ဓာတုဆေးတွေ စျေးမြင့်လာတော့ ဝယ်သုံးဖို့လည်း မတတ်နိုင်​​တော့လို့ သဘာဝမြေဆွေးကို ပြုလုပ်သုံးကြည့်နေတာပါ” ဟု ပြောကြားသည်

ကွေးတိုင်ဒေသကြီးအတွင်းမှ တောင်သူများသည် ငါးအမိုင်နိုအက်ဆစ်ကဲ့သို့ အပင်အားဆေးများကို ကိုယ်တိုင်ပြုလုပ်အသုံး ပြုလာသည့်အပြင် ကောင်းကျိုးပြုအဏုဇီဝပိုးများပါဝင်သည့် EM အရည်ဖြင့် သဘာဝ​​မြေဆွေးများအား ကိုယ်တိုင်ပြုလုပ်အသုံးပြုလာကြောင်း သဘာဝမြေဆွေးများကို ထုတ်လုပ်​​ရောင်းချသည့်ကုမ္ပဏီများလည်း ရှိလာကြောင်း သိရသည်