စံချိန်တင်ပြောင်းရွှေ့ကြေးရှင်နဲ့ ဖိအား (၂)

စံချိန်တင်ပြောင်းရွှေ့ကြေးရှင်နဲ့ ဖိအား (၂)
Photos: Getty Images & AFP
Photos: Getty Images & AFP
Published 12 January 2022
Chan Myae

ဟယ်ရီမက်ဂွိုင်းရားက လက်ရှိကမ္ဘာ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် နောက်ခံလူပါ။ ပေါင် သန်း(၈၀) ဆိုတဲ့ငွေကြေးပမာဏက သူ့အတွက် အန္တရာယ်ရှိလား။ မက်ဂွိုင်းရားအရင် စံချိန်ရှင်ဖြစ်တဲ့ ဗန်ဒိုက်က ဒီပြောင်းရွှေ့ကြေးနဲ့ ပတ်သက်လို့ သူ့ရဲ့ ဖိအားအကြောင်းကို ပြောပြခဲ့ပြီး မက်ဂွိုင်းရားကိုလည်း သတိပေးခဲ့ပါသေးတယ်။ ဗန်ဒိုက်က အခုလိုပြောတယ်။ "သူ့အတွက် ကံကောင်းပါစေဗျာ။ ပြောင်းရွှေ့ကြေးပမာဏက ဖိအားတွေနဲ့အတူ လာပါတယ်။ ကျွန်တော့်မှာလည်း ဖိအားတွေရှိခဲ့တယ်။ ဒါပေမဲ့ အသင်းကြီး တစ်သင်းမှာ ကစားရတာနဲ့တင် ဖိအားတွေကတော့ ရှိနေမှာပါပဲ။ အများကြီး ကွာခြားလှတယ်တော့ မဟုတ်ပါဘူး။ သူ့ကို ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်"ဆိုပြီး ဗန်ဒိုက်က ပြောခဲ့တယ်။ ဗန်ဒိုက်ကလည်း ပေါင်(၇၅)သန်းတန် စံချိန်ရှင်ဖြစ်ခဲ့ဖူးပြီး အကောင်းဆုံးကျော်ဖြတ်ပြနိုင်ခဲ့သူ ဖြစ်တယ်။ မက်ဂွိုင်းရားကိုလည်း ပြောင်းရွှေ့ကြေးဖိအားတွေကို ကျော်လွှားနိုင်သူအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ ခြေစွမ်းကျဆင်းမှု ဖြစ်တဲ့အခါတိုင်း "ဒါလား ပေါင်သန်း ၈ဝတန်"ဆို တဲ့ ဖိအားတွေက ရောက်လာစမြဲပါပဲ။ ဒီဖိအားတွေက ကစားသမားတွေကို နည်းလမ်းစုံနဲ့ သက်ရောက်နိုင်ပါတယ်။ ယူနိုက်တက်ရဲ့ စံချိန်ရှင်၊ တစ်ချိန်က ကမ္ဘာ့စံချိန်ရှင် ပေါ့ဘာ၊ မန်စီးတီးရဲ့ စံချိန်ရှင် ဂရီးလစ်ရှ်၊ ရူဘင်ဒီယက်စ်၊ စပါးက အန်ဒွန်ဘီလီ၊ အဲဗာတန်ရဲ့ ဆီဂတ်ဒ်ဆန်၊ သူတို့ တွေဟာလည်း ဖိအားအစုံနဲ့ ရင်ဆိုင်ရပါတယ်။

 

Most Read

Most Recent