၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ဖွင့်လှစ်မည့် ၃၄ ကြိမ်မြောက် အောင်ဘာလေ သိန်းဆုဖွင့်ပွဲအတွက် စုစုပေါင်းအက္ခရာ ၁၀ လုံးနှင့် ထီစာအုပ် ၂၅၉၅၇၅ အုပ်ရောင်းချနိုင်ခဲ့ပြီး အထူးဆုကြီးစနစ်တွင် ကျပ်သိန်း ငါး ထောင် တစ်ဆုနှင့် ကျပ်သိန်းတစ်ထောင် တစ်ဆုသာ ပါဝင်ကြောင်း ဒီဇင်ဘာ ၃၁ ရက်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆု ဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် ဇန်န ၀ါရီ ၁ ရက်၌ ကျင်းပမည့် (၃၄) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲအတွက် ထီလက်မှတ်များကို က-အက္ခ ရာမှ အစဉ်လိုက် ည-အထိ စုစုပေါင်းအက္ခ ရာ ၁၀ လုံးနှင့် ထီစာအုပ် ၂၅၉၅၇၅ အုပ် ရောင်းချခဲ့ကြောင်း သိရ သည်။
ဆက်လက်ပြီး ထီလက်မှတ်များရောင်းချ ရငွေမှာ ကျပ်သန်း ၂၅၉၅ ဒသမ ၇၅၀ ဖြစ် သဖြင့် ရာခိုင်နှုန်း ၇၀ ခွဲဝေချီးမြှင့်မည့် ထီဆု ငွေမှာ ကျပ်သန်း ၁၈၁၇ ဒသမ ၀၂၅ ဖြစ် ကြောင်း၊ အဆိုပါ ခွဲဝေချီးမြှင့်ပေးမည့် ထီဆု ငွေများမှာ အထူးဆုကြီးစနစ်တွင် ကျပ်သိန်း ငါးထောင် တစ်ဆုနှင့် ကျပ်သိန်းတစ်ထောင် တစ်ဆုသာပါဝင်ပြီး ဆုတစ်ဆုချင်းစနစ်တွင် ကျပ်သိန်းငါးရာ သုံးဆု၊ ကျပ်သိန်းနှစ်ရာ ခြောက်ဆု၊ ကျပ်သိန်းတစ်ရာ ၁၀ ဆု၊ ကျပ် သိန်းငါးဆယ် ကိုးဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၁ ဆု၊ ကျပ် ၁၀ သိန်း ၁၁ ဆုနှင့် ဝေဝေဆာဆာ ပဒေသာဆုမဲစနစ်တွင် ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ်သိန်း ၃၀၀ ဆု၊ ကျပ်တစ်သိန်း ၇၀၀၀ ဆု စသည့်ဆုမဲများ ချီးမြှင့်မည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲ၏ ထုတ်ပြန် ချက်အရ သိရသည်။
ထို့ပြင် ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း ၂၅၀ ကိုလည်း ကျပ် ၁၀ သိန်း လေးဆု၊ ကျပ် သုံးသိန်း ၂၀ ဆု၊ ကျပ်နှစ်သိန်း ၂၀၀ ဆုနှင့် ကျပ်တစ်သိန်း ၂၀၀၀ ဆုကိုလည်း ထပ်မံချီးမြှင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါခွဲဝေထားသော ဆုမဲအရေအတွက်မှာ ရောင်းရငွေ၏ ရာခိုင်နှုန်း ၇၀ အပေါ် အခြေခံ၍ ခွဲဝေထားခြင်းဖြစ်ပြီး ထီဖွင့်ပွဲတွင် ဝေဝေဆာဆာပဒေသာဆုမဲစနစ်မှ ရောင်း မကုန် ထီလက်မှတ်နံပါတ်များ ထွက်ပေါ်လာ ပါက အဆိုပါဆုမဲတန်ဖိုးစုစုပေါင်းအား အခြားသင့်လျော်သောဆုမဲအဖြစ် ဆုတစ်ဆု ချင်းစနစ်နှင့် ဝေဝေဆာဆာပဒေသာ ကျပ် ငါးသောင်းဆုမဲများ ပြန်လည်ဖွင့်လှစ်ပေး မည် ဖြစ်သဖြင့် ခွဲဝေထားသော ဆုမဲအရေအ တွက် အပြောင်းအလဲရှိနိုင်ကြောင်း၊ သို့သော် ဆုမဲတန်ဖိုးငွေ စုစုပေါင်းမှာ ပြောင်းလဲမှုမရှိ ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ ၃၄ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက် စနေနေ့ နံနက် ၈ နာရီ တွင် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလ လမ်းနှင့် ၃၇ လမ်းထောင့်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။















