ကမာရွတ်မြို့နယ် စိုက်ပျိုးရေးမှတ်တိုင်အနီးတွင် Hijet ယာဉ်တစ်စီး လမ်းလယ်ကျွန်းအား ဝင်တိုက်မိသဖြင့် တိမ်းမှောက်

ကမာရွတ်မြို့နယ် စိုက်ပျိုးရေးမှတ်တိုင်အနီးတွင် Hijet ယာဉ်တစ်စီး လမ်းလယ်ကျွန်းအား ဝင်တိုက်မိသဖြင့် တိမ်းမှောက်
ဓာတ်ပုံ - အနာဂတ်အလင်းတန်းပရဟိတအသင်း
ဓာတ်ပုံ - အနာဂတ်အလင်းတန်းပရဟိတအသင်း
Published 19 December 2021

ကမာရွတ်မြို့နယ် စိုက်ပျိုးရေးမှတ်တိုင်အနီးတွင် Hijet ယာဉ်တစ်စီး လမ်းလယ်ကျွန်းအား ဝင်တိုက်မိသဖြင့် တိမ်းမှောက်မှု ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာ ၁၉ ရက်၊ နံနက် ၁၁ နာရီကျော်ခန့်တွင် Hijet ယာဉ်တစ်စီးသည် ကမာရွတ်မြို့နယ်၊ ပြည်လမ်းအတိုင်း ဟံသာဝတီအဝိုင်းဘက်မှ လှည်းတန်းဘက်သို့ မောင်းနှင်လာစဉ် စိုက်ပျိုးရေးမှတ်တိုင်ရှေ့အရောက်တွင် လမ်းလယ်ကျွန်းအား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

"မနက် ၁၁ ကျော်လောက်မှာ သတင်းရလို့ သွားတာပါ။ ရောက်တော့ ဟိုက်ဂျက်လမ်းလယ်ကျွန်းကို ဝင်တိုက်တာပါ။ မောင်းတဲ့သူနဲ့ ဘေးကလူ စုစုပေါင်း နှစ်ယောက်ဘဲပါတာပါ။ ကားက တိုက်မိပြီး မှောက်သွားတယ်လို့ သိရတယ်။‌ အဲ့နားမှာရှိတဲ့လူတွေက ဝိုင်းထောင်ပေးလိုက်ကြတယ်” ဟု အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့သည့် အနာဂတ်အလင်းတန်းပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လမ်းလယ်ကျွန်းအား ဝင်တိုက်မိသဖြင့် ပျက်ဆီးသွားသည့် အပျက်အဆီးများအား အနာဂတ်အလင်းတန်း ပရဟိတအသင်းမှ ဝိုင်းဝန်းကူညီရှင်းလင်းပေးခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရန် ကူညီပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent