ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် နိုဝင်ဘာလကုန်အထိ မှတ်ပုံတင်ထားသော ယာဉ်အစီးအရေ ၇၆၇၃၆၂၉ စီးရှိ 

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် နိုဝင်ဘာလကုန်အထိ မှတ်ပုံတင်ထားသော ယာဉ်အစီးအရေ ၇၆၇၃၆၂၉ စီးရှိ 
Published 13 December 2021

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် နိုဝင်ဘာလကုန်အထိ မှတ်ပုံတင်ထားသော ယာဉ်အစီးအရေ ရ၆၇၃၆၂၉ စီးရှိကြောင်း အဆိုပါဌာန၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

မှတ်ပုံတင်ထားသည့် ယာဉ်အစီးအရေအတွက် ၇၆၇၃၆၂၉ စီးတွင် လူစီးယာဉ် ၅၉၂၁၀၃ စီး ၊ ခရီးသည်တင်ယာဉ် ၂၉၉၆၄ စီး ၊ ကုန်တင်ယာဉ်(ဝန်ပေါ့) ၃၇၀၈၁၄ စီ ၊ ကုန်တင်ယာဉ်(ဝန်လေး) ၅၂၇၂၆ စီး ၊ အခြား ယာဉ် ၁၀၆၀၃၈ စီး၊ နှစ်ဘီးတပ်ယာဉ် ၆၃၄၀၆၁၉ စီး ၊ သုံးဘီးတပ်ယာဉ် ၁၂၄၃၄၅ စီး ၊ ထရော်လာဂျီယာဉ် ၃၅၃၉၃ စီး ၊ စက်ယန္တ ရား ယာဉ် ၂၂၆၅ စီး ၊ နောက်တွဲယာဉ် ၁၉၃၆၂ တို့ ပါဝင်ကြောင်း သိရသည်။

လူစီးယာဉ်တွင် ဆလွန်း၊ စတေရှင်ဝက်ဂွန်း ၊ ခရီးသည်(၁၅)ဦးအထိ မိုက်ခရိုဘတ်စ်၊ လိုက်ဗင်န် ၊ ဂျစ် ၊ DOUBLE CAB ယာဉ်များ၊ ခရီးသည်တင်ယာဉ်တွင် ခရီးသည် ၁၅ ဦးအထက် မီနီဘတ်စ်၊ ရိုးရိုးဘတ်စ်ယာဉ်များ၊ ကုန်တင်ယာဉ်(ဝန်ပေါ့တွင်) ပစ်ကပ် ၊ Single Calb ၊ လိုက်ထရပ်နှင့်တင်ဆောင်နိုင်အား ၃ တန်နှင့် ၃ တန်အောက်ဗင်န်၊ ထရပ်ယာဉ်များ ၊ အခြားယာဉ်များတွင် လူနာတင်ယာဉ်၊ မီးသတ်ယာဉ်၊ ကရိန်းယာဉ်၊ နိဗ္ဗာန်ယာဉ်၊ ဆီတင်ယာဉ်၊ ရေတင်ယာဉ်၊ ပိုက်လုံးတင်ယာဉ်၊ ဆယ်တင်ယာဉ်၊ တွင်းတူးစက်တင်ယာဉ်၊ မြေသယ်ယာဉ်နှင့်ကွန်ကရစ်ဖျော်စက်ယာဉ်များ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် နှစ်ဘီးတပ်ယာဉ်တွင် စက်တပ်စက်ဘီး ၊ မိုပတ်ဆိုင်ကယ်၊ စကူတာဆိုင်ကယ်နှင့် ရိုးရိုးနှစ်ဘီးတပ်ဆိုင်ကယ်၊ လျှပ်စစ်ဆိုင်ကယ် ၊ သုံးဘီးတပ်ယာဉ်တွင် သုံးဘီတပ် မော်တော်ဆိုင်ကယ်၊ လျှပ်စစ်သုံးဘီးဆိုင်ကယ်၊  သုံးဘီးယာဉ်များ ၊ ထရော်လာဂျီယာဉ်တွင် ထရပ်တာ ၊ လယ်ယာသုံးထရပ်နှင့် ထရော်လာဂျီ (လယ်တွန်းထွန်စက်)များ ၊ စက်ယန္တရားယာဉ်တွင် Bulldozer (မြေထိုးစက်)၊ Loader (မြေတင်စက်) ၊ Glader (မြေညှိစက်)၊ Excavatoer (Backhoe) မြေတူးကော်စက်၊ Road Roller (လမ်းကြိတ်စက်) ၊ Viratting Roller (တုန်ခါလမ်းကြိတ်စက်) ၊ Soil Compactor (မြေသိပ်သည်းစက်) ၊ Scraper (မြေသယ်စက်) ၊ Stone Crusher (ကျောက်ခွဲစက်) ၊ Click Loader (သစ်လုံးတင်စက်) ၊ Crane (ဝန်ချီစက်) ၊ Forklift Truck (ဝန်ချီစက်)၊ Concrete Agitator Truck (ကွန်ကရစ် သယ်ယာဉ်) ၊  Asphaltt Bitumen Sprayer (နိုင်လွန်ကတ္တရာဖျန်းယာဉ်) များပါဝင်ကြောင်း သိရသည်။

အလားတူ နောက်တွဲယာဉ်တွင် Full Trailer (မိမိဝင်ရိုးပေါ်တွင် သီးခြားရပ်တည် ရွေ့လျားနိုင်သော နောက်တွဲယာဉ်) ၊ Semi-Tralier (ချိတ်ဆွဲယာဉ်တွင် တစ်ဝက်တင်ဆောင်၍ ရွေ့လျားနိုင်သော်နောက်တွဲယာဉ်)၊ Multi-Trailer (ဝင်ရိုးသုံးချောင်းနှင့်အထက် ရှိပြီး မိမိဝင်ရိုးပေါ်တွင် သီးခြားရပ်တည် ရွေ့လျားနိုင်သော နောက်တွဲယာဉ်များများ ပါဝင်ကြောင်း သိရသည်။

အဆိုပါယာဉ်များတွင် ပုဂ္ဂလိကပိုင်ယာဉ်၊ ပုဂ္ဂလိက အငှားယာဉ်၊ အစိုးရပိုင်ယာဉ်၊ အစိုးရပိုင် အငှားယာဉ်ဟု အမျိုးအစားခွဲထားပြီး လောင်စာဆီသုံးစွဲမှုအနေဖြင့် ဓာတ်ဆီ ၊ ဒီဇယ်၊ CNG ၊ LPG ၊ EV ၊ HV တို့သုံးစွဲသည့် ယာဉ်အမျိုးအစားများဖြစ်ကြောင်း သိရသည်။

Most Read

Most Recent