စနေနေ့ညပွဲများတွင် တစ်ရက်တည်း ပယ်နယ်တီ(၆)လုံးရှိခဲ့ခြင်းမှာ ၂၀၁၁ ဖေဖော်ဝါရီနောက်ပိုင်း အများဆုံးအဖြစ် မှတ်တမ်းဝင်

စနေနေ့ညပွဲများတွင် တစ်ရက်တည်း ပယ်နယ်တီ(၆)လုံးရှိခဲ့ခြင်းမှာ ၂၀၁၁ ဖေဖော်ဝါရီနောက်ပိုင်း အများဆုံးအဖြစ် မှတ်တမ်းဝင်
Photo : AFP
Photo : AFP
Published 13 December 2021

ပြီးခဲ့သည့် ဒီဇင်ဘာ(၁၁)ရက် (စနေနေ့)က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲ (၅)ပွဲတွင် ယခုရာသီချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းကြီးများဖြစ်သည့် မန်စီးတီး၊ ချယ်လ်ဆီး၊ လီဗာပူးလ်နှင့် မန်ယူအသင်းတို့ကစားခဲ့သော ပွဲ(၄)ပွဲတွင် ပယ်နယ်တီ(၆)လုံးအထိရှိခဲ့ပြီး ယင်းအသင်း(၄)သင်းစလုံး ပယ်နယ်တီသွင်းဂိုးများဖြင့် (တစ်ရက်အတွင်း) အနိုင်ရရှိမှုအဖြစ် ထူးထူးခြားခြား မှတ်တမ်းဝင်ခဲ့သည်။

ယင်းကဲ့သို့  ပရီးမီးယားလိဂ်တွင် တစ်ရက်အတွင်း ပယ်နယ်တီ(၆)လုံး အထိရှိခဲ့ခြင်းမှာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ်တစ်ခုကျော်အတွင်း (တစ်ရက်အတွင်း ကစားသောပွဲများ ၌) ပယ်နယ်တီအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။

၂၀၁၁၊ ဖေဖော်ဝါရီလ (၅)ရက်နေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲများတွင် တစ်ရက်တည်း ပယ်နယ်တီ (၇)လုံးရှိခဲ့ပြီးနောက်ပိုင်း ယင်းဒီဇင်ဘာ (၁၁)ရက်နေ့၌ ပယ်နယ်တီအများဆုံး တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ယင်းပယ်နယ်တီများထဲမှ မန်စီးတီး၊ ချယ်လ်ဆီးအသင်းတို့ကို အနိုင်ဂိုးဖြစ်စေခဲေ့သာ ပယ်နယ်တီရရှိမှုများမှာ အငြင်းပွားဖွယ်ရာများ ဖြစ်ခဲ့သည်။

Most Read

Most Recent