Playboy မော်ဒယ်လ်ဖြစ်လုနီးပါး ရန်းနစ် (LIFE)

Playboy မော်ဒယ်လ်ဖြစ်လုနီးပါး ရန်းနစ် (LIFE)
Photos : Gettyimages
Photos : Gettyimages
Published 5 December 2021
AK

Gegenpressing ရဲ့ Godfather လို့ တင်စားခံရသူ မန်ချက်စတာယူနိုက်တက်ရဲ့ မျှော်လင့်ခြင်းအသစ် ရန်းနစ် က Playboy မော်ဒယ်ဘဝထဲ ရောက်လုနီးပါးဖြစ်ခဲ့သေးတယ်။ ဂျာမန်ဗားရှင်းနဲ့ ထုတ်ဝေမယ့် Playboy မဂ္ဂဇင်းက ကမ်းလှမ်းခဲ့တာဖြစ်ပြီး အစောပိုင်းမှာ ရန်းနစ်ရဲ့အေးဂျင့်က သဘောတူမလိုဖြစ်ခဲ့ပြီးမှ ကမ်းလှမ်းမှုတွေ အတင့်ရဲလာပုံရလို့ ပျက်ပြယ်သွားခဲ့တာပါပဲ။ ရန်းနစ်ကို Playboy ဘက်က ၂၀၁၈ ခုနှစ် အတွင်းမှာ အင်တာဗျူးလုပ်ခွင့်နဲ့ ဓာတ်ပုံရိုက်ကူးခွင့် တောင်းဆိုခဲ့ပါတယ်။