ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း နာနီသည် အော်လန်ဒိုစီးတီးအသင်းနှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ပြီးနောက် ကစားသမားဘဝမှ အနားယူရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။
နာနီ(၃၅ နှစ်)သည် မန်ယူအသင်းတွင်လည်း ခြေစွမ်းပြခဲ့ဖူးသူဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု (၄)ကြိမ်နှင့် ချန်ပီယံလိဂ်ဖလားလည်း ရယူနိုင်ခဲ့သူဖြစ်သည်။
နာနီသည် ၂၀၁၇ ခုနှစ်တွင် ပေါ်တူဂီလက်ရွေးစင်အသင်းမှ အနားယူခဲ့ပြီး ယခုအခါ အသက်အရွယ်အရ ကလပ်အသင်းသစ်ရှာဖွေဖွယ်မရှိတော့ဟု သုံးသပ်နေကြခြင်းဖြစ်သည်။