သတိပြု ဆင်ခြင်နိုင်ဖို့ရာ

သတိပြု ဆင်ခြင်နိုင်ဖို့ရာ
Published 27 November 2021
ဘိုဘိုမြင့်

မွန်ပြည်နယ်အတွင်းမှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ ဗုဒ္ဓရုပ်ပွားတော်ပေါင်းများစွာ၊ စေတီပုထိုးပေါင်းများစွာ တည်ရှိပါတယ်။

၀ါလကင်းလွတ် သီတင်းကျွတ်ချိန်ခါ ရောက်လာပြီဆိုတာနဲ့ မွန်ပြည်နယ်ရဲ့ ကျက်သရေဆောင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီးရဲ့ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို စတင် ကျင်းပပြုလုပ်သကဲ့သို့ ဆံတော်ရှင် ကျိုက္ခမီ ရေလယ်ဘုရားပွဲတော်ကိုလည်း ကျင်းပပြုလုပ်လေ့ရှိပါတယ်။

သီတင်းကျွတ်ပွဲတော် ကျော်လွန်လာပြီး တန်ဆောင်မုန်းလရောက်ပြန်တော့လည်း မော်လမြိုင်မြို့က ဆံတော်ရှင်ကျိုက်သလ္လံ စေတီတော်နဲ့ ဆံတော်ရှင်ကျိုက်သုတ်စေတီ တော်များမှာလည်း ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပြုလုပ်ကြလေ့ရှိပါတယ်၊၊

အလားတူပဲ မွန်ပြည်နယ် သံဖြူဇရပ် မြို့နယ်အတွင်းက ဝဲကလောင်းကျေးရွာနဲ့ အံခဲကျေးရွာကြား ပင်လယ်ကမ်းခြေကနေ ၁ဒသမ၆ မိုင်ခန့်အကွာ ပင်လယ်အတွင်း မှာ တည်ရှိနေတဲ့ ကျိုက်နဲရေလယ်ဆံတော်ရှင်စေတီတော်ရဲ့ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်ကနေ ၃ ရက်အထိကို ကျင်းပပြုလုပ်လေ့ရှိပြီးတော့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ ထောင် နဲ့ သောင်းနဲ့ချီပြီး လာရောက်ဖူးမြော်ကြ တယ်လို့လည်း သိရပါတယ်။

ကျိုက်နဲစေတီတော်သည် ပင်လယ်ရေ ပြင် အလယ်၌ ရှိနေသော်လည်း လေးဘက် လေးတန်မှ ဒီရေလေကြမ်းလှိုင်းထန်ကြီးများ တိုးဝင်လွှမ်းမိုးခြင်းမပြုနိုင်ကြောင်း၊ ထူးခြား ချက်အနေဖြင့် မည်မျှပင် ရေတက်တက် ဘုရားပေါ်သို့မရောက်ခြင်း၊ မည်မျှပင် လူ များများ နေစရာနေရာလုံလောက်စွာရှိခြင်း ကမ်းခြေမှ စေတီတော်ရှိရာကုန်းတော်သို့ သွားရာ ဒေသအခေါ် (နတ်လမ်း) မှာလည်း တန်းဆောင်မုန်းလပြည့်ကျော် ၃ ရက် မနက် ပိုင်းတွင် ထင်ရှားစွာမြင်တွေ့နိုင်ခြင်း၊ အဆိုပါ နတ်လမ်းပေါ်ချိန်မှ အချိန် နှစ်နာရီခန့်မျှ သာကြာမြင့်ပြီး ထိုအချိန်အတွင်း ကမ်းခြေမှ ရေလယ်ဘုရားဆီသို ့အလွယ်တကူ လမ်း လျှောက် သွားလာနိုင်ခြင်း၊ ကျန်နေ့များတွင်မူ ရေကျချိန်တွင် ဒူးဆစ်ခန့်ရေအနက် အောက် က ကျောက်လမ်းကို စမ်း၍သွားလာနိုင်ခြင်း တို့ဖြစ်ကြောင်း နှင့် စေတီတော်တည်ရှိရာ ကုန်းတော်ပေါ်ရောက်ပြီးနောက် ရေတက် လာပါက စက်တပ်လှေများဖြင့် ကမ်းခြေသို့ ပြန်လာရကြောင်း သိရပါတယ်။

ဆံတော်ရှင်ကျိုက်နဲစေတီတော် ဗုဒ္ဓ ပူဇနိယပွဲတော်မှာ ခါတိုင်းနှစ်တွေဆိုရင် ဒေသခံတွေက ကမ်းခြေအမှာ စတုဒိသာတွေ ကျွေးမွေးလှူဒါန်းကြတဲ့အပြင်ကို ဘုရားဖူး တွေအတွက်ကိုလည်း လှေ ၁၅ စင်းကျော်နဲ့ ကမ်းခြေကနေ စေတီတော်ရှိတော် ကုန်း တော်ကို ကြိုပို့ပေးရန် စီစဉ်ပေးထားကြောင်း နဲ့ဘုရားပွဲဖြစ်မြောက်ရေးကော်မတီ အပါအဝင် လူအင်အား ၁ဝဝကျော်နဲ့ စီမံခန့်ခွဲပြီး လို အပ်ချက်တွေ မရှိအောင် ကျင်းပနိုင်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ယခုနှစ်  ဆံတော်ရှင်ကျိုက်နဲစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်က ယမန်နှစ်ကဲ့သို့ပင် COVID-19  ကူးစက်ကပ်ရောဂါကာလဖြစ် နေတဲ့အတွက်ကြောင့် အကျဉ်းချုံးသာ ကျင်း ပမည်ဆိုတဲ့အကြောင်းကို နိုဝင်ဘာလ ၅ ရက်ကတည်းက ကြိုတင်သတင်းထုတ်ပြန် ကြေညာခဲ့ကြောင်း၊ ထို့အတွက်ကြောင့်လည်း ဘုရားဖူးများအား စတုဒိသာဖြင့် ကျွေးမွေး ဧည့်ခံခြင်း၊ လှေများဖြင့် ကြိုပို့ခြင်းများကို စီ စဉ်ထားခဲ့ခြင်းမရှိခဲ့ကြောင်း ကျိုက်နဲရေလယ် ဘုရားဂေါပကအဖွဲ့ထံက သိရပါတယ်။

သို့သော်လည်း ဘုရားပွဲကာလအတွင်း မှာ အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ မမျှော်လင့်နိုင်အောင် များပြားခဲ့ပါတယ်။ ထို့အတွက်ကြောင့်လည်း နိုဝင်ဘာ ၂၁ ရက် နံနက်ရ နာရီအချိန်ခန့်မှာ ဘုရားဖူးများ တိုးဝှေ့ခြင်းနဲ့ ပင်လယ်ရေလှိုင်းရိုက်ခတ်ခြင်း ကြောင့် ဘုရားဖူး ၂ဝဦးထက်မနည်း သေဆုံးခဲ့ ရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ရပါတယ်။

“မနက် ၅ နာရီလောက်မှာ စပြီးလမ်း လျှောက်တယ်။ ကုန်းပေါ်ကနေ ပင်လယ်ဘက်ကိုကြည့်လိုက်တော့လည်း လူတွေက အများကြီးပဲ ပုရွက်ဆိတ်အုံလိုပဲ သွားနေကြတာ။ သြော် သူတို့တောင်သွားနေကြပြီ ဆိုတော့ ဒီလမ်းက သိတဲ့သူတွေသွားနေကြ တယ်ဆိုပြီး လိုက်ရင်းနဲ့ ထိပ်ကိုပဲရောက်သွား လား။ အလယ်မှာပဲ ကျန်နေတာလားတော့ ကျွန်မလည်းမသိတော့ဘူး။ အဲ့ဒီအချိန်မှာ ရေက ရင်စို့လောက် ရောက်နေပြီး။ လှိုင်း မလာခင်က ကိုယ့်ကလေးတွေကို ဆွဲထား သေးတယ်။ အဲ့ဒီအချိန်မှာ လှိုင်းပုတ်လိုက် တော့ ရေက လူကိုကျော်ကုန်ပြီး။ မြုပ်တဲ့သူ တွေက မြုပ်ကုန်ပြီး။ မျောတဲ့သူတွေကလည်း မျောကုန်တယ်။ နစ်တဲ့သူတွေကလည်း နစ် ကုန်တယ်”လို့ ကိုယ်တိုင်တွေ့ကြုံခဲ့ရသူ ကရင် ပြည်နယ်က ဘုရားဖူး အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အဲ့ဒီအချိန်မတိုင်ခင်မှာ လှိုင်းတွေရိုက် နေတော့ ဆက်မသွားကြဖို့တားနေတဲ့သူတွေ လည်းရှိပါတယ်။ အဲ့ဒါနဲ့ ကျွန်မတို့ကလည်း ရပ်နေလိုက်တယ်။ ဒါပေမယ့်လည်း အ နောက် က လူအုပ်ကြီးက တိုးလာနေတော့ ရှေ့ကို တရွေ့ရွေ့နဲ့ရောက်သွားတာပါ။ အဲ့ဒီမှာ လှိုင်း ရိုက်လိုက်တာနဲ့ အကုန်လွင့်ကျကုန်တာ။ ကျွန်မလည်း နစ်နေတုန်း ကြိုးလေးတစ် ချောင်းတွေ့လို့ အတင်းဆွဲပြီးနေလိုက်လို့ ကျန်ခဲ့တာပါ” လို့ ၎င်းက ဆက်ပြောပါတယ်။

ဒေသခံတစ်ဦးကတော့ “ အဓိကက ရေလယ်ဘုရားကို သွားတဲ့ နတ်လမ်းမှာက ရေလယ်ဘုရားမရောက်ခင် သုံးဖာလုံ လောက် က လမ်းမရှိတော့ဘူး။ ရေပြင်ပဲရှိတယ်။ အဲ့ ဒီမှာက ဘုရားပေါ်ကပြန်ဆင်းလာသူတွေကို လှေနဲ့ကဲ့လာမယ်။ ဒီဘက် နတ်လမ်းပေါ်က လူတွေကို လှေနဲ့ပြန်ကဲ့ပြီး ဘုရားကိုပို့ပေးနေ တာပေါ့။ ဘုရားဘက်က လှေလာတဲ့အချိန်မှာ ဒီဘက်နတ်လမ်းဘက်ကလူတွေက လှေပေါ် တက်နိုင်ဖို့တိုးဝှေ့ကြရင်းနဲ့ ရှေ့ဆုံးမှာရှိနေ ကြတဲ့သူတွေကို ရေထဲရောက်ကုန်ကြသလို ဖြစ်ပြီးတော့ ပင်လယ်လှိုင်းရိုက်လိုက်တဲ့အချိန်မှာ အရှိန်နဲ့လွင့်ကျကုန်ကြတဲ့သဘော မျိုးဖြစ်သွားတာပါ” လို့ပြောပါတယ်။

ဘုရားပွဲတော်ကို အကျဉ်းချုံးသာ ကျင်းပဖို့ စီစဉ်ထားခြင်းကြောင့် ကြိုတင်ပြင် ဆင်မှုအပိုင်းမှာ အားနည်းချက်တွေရှိကောင်း၊ ရှိခဲ့ပေမယ့်လည်း၊ မမျှော်လင့်အောင်များ ပြားခဲ့တဲ့ ဘုရားဖူးပရိသတ်တွေကို စီမံထိန်း သိမ်းနိုင်ဖို့ကလည်း အခက်အခဲတစ်ခုလို ဖြစ် ခဲ့မှာပါ။

“မနက်အစောပိုင်းကတည်းက ဘုရား ကိုဆင်းနေကြတဲ့သူတွေရှိကြတယ်။ အဲ့ဒီ အချိန်မှာက နတ်လမ်းပေါ်မှာ ရေက ကောင်း ကောင်းတောင်မကျသေးဘူး။ နတ်လမ်းပေါ် က လူတွေက နောက်ကနေ တွန်းလိုက်လာ ကြတော့ ရှေ့ဆုံးကလူတွေက ရွေ့ရင်းရွေ့ ရင်းနဲ့ရေထဲရောက်ကုန်ကြတာ။ နောက်တော့ လှိုင်းကရိုက်လိုက်တော့ အများကြီးပါသွား တယ်လို့ သိရပါတယ်” လို့ အဆိုပါ ဒေသ အခေါ် ဘုရားကုန်တော်ပေါ်သို့သွားရာ နတ် လမ်းပေါ်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေး နိုင်ရေးစောင့်ဆိုင်ပေးနေတဲ့ လူမှုကူညီကယ် ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ဆို ပါတယ်။

ဘုရားပွဲတော် ကာလအတွင်း စည်းကမ်း သတ်မှတ်ချက်အနေဖြင့် နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ ဘုရားသို့သွားလာလို့ ရကြောင်းနှင့် ယင်းအချိန်အတွင်းသာ လှေများဖြင့်ကြို၊ပို့ပေးရန်လည်း စီစဉ်ထား ခဲ့ကြောင်း၊ ထိုအချိန်ကာလမတိုင်ခင်နှင့် ကျော်လွန်သွားပါက သွားလာခွင့်မရှိကြောင်း၊ သို့သော်လည်း ယခုဖြစ်သွားသည့် ပုံစံက ဘုရားဖူးများအနေဖြင့် ကမ်းခြေတွင် ညက တည်းက လာအိပ်ပြီး နံနက်အစောပိုင်း ၄ နာရီလောက်ကတည်းက သွားလာနေခဲ့ကြ ကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများ၊ ကြီး ကြပ်သူများနှင့် လူမှုကူညီကယ်ဆယ်ရေး သမားများအနေဖြင့် ရှေ့သို့လိုက်မမီဘဲဖြစ် ခဲ့ကြောင်း၊ သတ်မှတ်အချိန် ကာလမတိုင်ခင် မသွားကြရန် လိုက်တားခဲ့ပေမယ့်လည်း ဘုရားဖူးများက ရှေ့ကိုရောက်နှင့်နေပြီးဖြစ် ကြောင်းနှင့် ဘုရားဖူးများပြားခဲ့ သည့်အတွက် ကြောင့်လည်း မထိန်းနိုင်ဘူးဖြစ်သွားကြောင်း ကျိုက်နဲရေလယ်ဘုရားဂေါပကအဖွဲ့တစ်ဦး က ဆိုပါတယ်။

၎င်းကဆက်လက်ပြီးတော့ “တချို့နယ်ဝေးက ဘုရားဖူးတွေကလည်း ပင်လယ်အကြောင်း၊ ရေစီးကြောင်း အကြောင်းတွေ သိပ်နားမလည်ကြဘူး။ ရေအတက်အကျ အချိန်ကိုလည်း သိပ်မသိကြဘူးပေါ့နော်။ နောက်ပြီး ရေကျသွားပြီးတော့ နတ်လမ်း ပေါ်လာတဲ့အချိန်ကိုလည်း မစောင့်ကြဘူး။ ရေကကျနေဆဲဆိုပေမယ့် လမ်းကိုလည်း ကောင်းကောင်းမတွေ့ကြရဘူး။ ဘယ်နေရာ ကတိမ်တယ်။ ဘယ်နေရာက နက်လည်းပဲ သူတို့က မသိကြဘူး။ အဲဒါကို ရေထဲမှာဒီ အတိုင်းကိုပဲ သွားနေကြတာ။ တာဝန်ရှိတဲ့ သူတွေက ရပ်ခိုင်းလည်း မရပ်ကြဘူး။ ခဏ စောင့်ပေးကြပါပြောလည်း မစောင့်ကြဘူး။  ပင်လယ်ရေက ရေကျချိန်ဆိုပေမယ့်လည်း ဒီအတိုင်းရေကျသွားတာမဟုတ်ဘူးလေ။ ရေနည်းနည်းကျသွားလိုက် ပြန်တက်လာ လိုက်နဲ့၊ နိမ့်တစ်ချက်၊ မြင့်တစ်ချက်နဲ့ ၊ ဒီကြား ထဲမှာ လှိုင်းကလည်း ပုတ်ခတ်လိုက်တော့ လမ်းနိမ့်တဲ့နေရာက ဘုရားဖူးတွေက လွှင့်ကျ ကုန်တဲ့သဘောဖြစ်သွားတာပါ” လို့ ပြောပါတယ်။

နတ်လမ်းနဲ့ပတ်သက်လို့လည်း “တချို့ တချို့တွေက ပြောကြ၊ ရေးနေကြတာတွေရှိ တယ်။ Facebook ပေါ်မှာ Post တင်ကြတာ တွေရှိတယ်။ ပြောဆိုနေကြတာတွေ ရှိပါ တယ်။ ဒီဘုရားကိုသွားတဲ့ နတ်လမ်းက တစ် နှစ်မှ တစ်ခါပေါ်တယ်ပေါ့။ အဲ့ဒါကမဟုတ် ဘူးဆိုတာ အားလုံးကို သိစေချင်ပါတယ်။ ဒီ ဘုရားကိုသွားတဲ့ နတ်လမ်းက လဆန်း (၂) ရက်၊ (၃) ရက်၊ လဆုတ် (၂) ရက်၊ (၃) ရက်ဆို ပုံမှန်ပေါ်ပါတယ်။ အဲ့ဒါကို တချို့က တစ်နှစ်မှ တစ်ခါတည်း၊ ဒီဘုရားပွဲတော်ကာလလေး မှာမှ ပေါ်တယ်ဆိုပြီး ဏသျအ တွေတင်ကြ တော့၊ ဒီပွဲတော်ကာလမှာကိုပဲ ဘုရားကိုမရောက်၊ ရောက်အောင် သွားရမယ်ဆိုတဲ့ စိတ်နဲ့၊ အာရုံ စူးစိုက်မှုနဲ့၊ ဘုရားကိုသွားချင်တဲ့ စိတ်ကပြင်းပြ တော့ ဘုရားဖူးတွေက မရောက်ရောက်အောင် သွားကြတဲ့ သဘောမျိုးလည်းရှိတယ်။ ကျွန် တော်တို့မှာ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ကနေ သင်္ကြန်မကျခင်အချိန်အထိကို ဘုရား ဖူးမြော်ခွင့် ပြုထားပါတယ်။ အဲ့ဒီ ကာလ တစ်လျှောက်လုံးမှာလည်း ကမ်းခြေကနေ ဘုရားကို လှေနဲ့ အကြိုအပို့လည်း စီစဉ်ထား ပေးပါတယ်” လို့ ဆက်ပြောပါတယ်။

ကမ်းခြေကနေ ပင်လယ်အတွင်းကို တစ်မိုင်ခန့်လမ်းလျှောက်ရပြီးနောက် လှေနဲ့ ဘုရားကုန်းတော်ပေါ်ကိုသွားရတဲ့ ခရီးမှာ စဉ်းစားဆင်ခြင်နိုင်မှုအားနည်းခြင်းနဲ့ ဒေသ ခံများရဲ့ သတိပေးမှုတွေကို လိုက်နာခြင်း မရှိ ခြင်းကြောင့် ယခုလိုအဖြစ်မျိုး ဖြစ်သွားရတယ် လို့လည်း ဆိုပါကြတယ်။

 နောက်နောင် ယခုလိုအဖြစ်မျိုး ဖြစ် ပွားခြင်းမရှိရလေအား သက်ဆိုင်ရာတာဝန် ရှိသူများအနေနဲ့ကလည်း စီမံချက်များ ကြို တင် ရေးဆွဲပြီး ဆောင်ရွက်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်။

  အနယ်နယ်၊ အရပ်ရပ်က ဘုရားဖူးမိဘ ပြည်သူများအနေနဲ့ကလည်း ကိုယ်မကျွမ်း ကျင်တဲ့ အရပ်ဒေသ၊ အထူးသဖြင့်တော့ ယခု လို့ ရေလမ်းခရီးမျိုးမှာ တာဝန်ရှိသူတွေ၊ ဒေသ တွေရဲ့အသံတွေကို နားထောင်ပြီးတော့ လိုက် နာဆောင်ရွက်ကြမယ်ဆိုရင်ဖြင့် မိမိရဲ့ရည် မှန်းချက်ကို ဘေးအန္တရာယ် ကင်းကင်းနဲ့ ဆောင် ရွက်နိုင်မှာဖြစ်ပါတယ်။ ထို့ကြောင့် လည်း ဘယ်ကဏ္ဍမဆို ဘာပဲလုပ်လုပ် အရာ ရာကို သတိပြုဆင်ခြေနိုင်ကြပါစေလို့ ဆန္ဒ ပြုလိုက်ပါတယ်။

Most Read

Most Recent