ကမ္ဘာ့ရွှေစျေး ၁၇၉၂ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးကျပ် ၁၇၇၂၀၀၀ ဝန်းကျင် ရှိနေ

ကမ္ဘာ့ရွှေစျေး ၁၇၉၂ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးကျပ် ၁၇၇၂၀၀၀ ဝန်းကျင် ရှိနေ
Published 25 November 2021

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၇၉၂ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးကျပ် ၁၇၇၂၀၀၀ ဝန်းကျင် ရှိနေကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

နိုဝင်ဘာ ၂၅ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်းမှာ ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ကျပ် ၁၇၇၂၀၀၀ ဝန်းကျင် ရှိနေပြီး ၁၅ ပဲ ရည် ရွှေစျေးနှုန်းမှာကျပ် ၁၆၆၈၀၀၀ ဝန်းကျင် ရှိနေခြင်း ဖြစ်သည်။

စက်တင်ဘာ ၃ဝရက်တွင် ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၁၇၃၃ ဝန်းကျင်ရှိပြီး ကျပ် ၂၂၅၀၀၀၀ ဝန်းကျင်သို့ စံချိန်တင် ရောက်ရှိခဲ့သည့် ပြည်တွင်းရွှေစျေးနှုန်းမှာ အောက်တိုဘာ ၅ ရက်တွင် ကျပ် ၁၈၈၂၀၀၀ ဝန်းကျင်သို့ ရောက်ရှိခဲ့သည်။

အောက်တိုဘာ ၅ ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၇၅၉ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ၁၈၈၂၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲ ရည် ရွှေစျေးနှုန်းမှာ ၁၇၃၃၅၀၀ ဝန်းကျင်ရှိ နေခြင်းဖြစ်သည်။

စက်တင်ဘာ၂၇ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်းများ မှာ ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ၂၀၂၀၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည် ရွှေစျေးနှုန်းမှာ ၁၈၅၉၀၀၀ ဝန်းကျင် ရှိနေခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါ ရီ ၆ ရက် တွင် ရွှေစျေးနှုန်း ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ နှင့် စက်တင်ဘာအတွင်း ကျပ် သိန်း ၂၀ ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

Most Read

Most Recent