ရှက်ဗ်ချင်ကို၏ ဂျီနိုအာနည်းပြဘဝ ပထမဆုံးပွဲစဉ်အဖြစ်ဆရာဟောင်း မော်ရင်ဟို၏ ရိုးမားနှင့် ဆုံတွေ့မည်

ရှက်ဗ်ချင်ကို၏ ဂျီနိုအာနည်းပြဘဝ ပထမဆုံးပွဲစဉ်အဖြစ်ဆရာဟောင်း မော်ရင်ဟို၏ ရိုးမားနှင့် ဆုံတွေ့မည်
Photo: Getty Images
Photo: Getty Images
Published 8 November 2021

 

ဂျီနိုအာအသင်းနည်းပြသစ်ဖြစ်လာသည့် ယူကရိန်းလက်ရွေးစင်နည်း ပြဟောင်းနှင့် ဂန္ထဝင်တိုက်စစ်မှူး ရှက်ဗ်ချင်ကို၏ ပထမဆုံးပွဲစဉ်မှာ ဆရာဟောင်းနည်းပြ မော်ရင်ဟို ကိုင်တွယ်နေသည့် ရိုးမားအသင်းနှင့်ပွဲစဉ် ဖြစ်လာဖွယ်ရှိကြောင်း သိရသည်။ 

ဂျီနိုအာအသင်းသည် ပြီးခဲ့သည့် သောကြာနေ့တွင်ကစားခဲ့သော အမ်ပိုလီအသင်းနှင့်ပွဲစဉ်တွင် (၂-၂)ဂိုးဖြင့် သရေကျပြီးနောက် နည်းပြ ဘယ်လာဒီနီကို ရာထူးမှထုတ်ပယ်ခဲ့ပြီး ရှက်ဗ်ချင်ကိုအားအစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဂျီနိုအာအသင်းသည်  ရှက်ဗ်ချင်ကိုအား ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိသည့် စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ်လစာပေါင်(၁ .၇) သန်း ပေးချေသွားမည်ဖြစ်သည်။ 

အသက် (၄၅)နှစ်အရွယ်ရှိပြီဖြစ်သူ ရှက်ဗ်ချင်ကိုသည် Ballon d'Or ဆု ရရှိဖူးသူဖြစ်ပြီး အေစီမီလန်အသင်းနှင့်အတူ စီးရီးအေနှင့် ချန်ပီယံလိဂ်ဆုဖလားများ ပိုင်ဆိုင်ဖူးခဲ့သည်။ ဂျီနိုအာအသင်းကို မီလန်မြို့အခြေစိုက် 777 ကုမ္ပဏီက ဝယ်ယူပြီးနောက် ယခုကဲ့သို့ အပြောင်းအလဲများ မြင်တွေ့လာရ ခြင်းဖြစ်သည်။ 

ဂျီနိုအာနှင့် ရိုးမားအသင်းတို့၏ စီးရီးအေပွဲစဉ်ကို နိုဝင်ဘာ (၂၁)ရက်တွင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent