ဥရောပစူပါလိဂ်ကို အကောင်အထည်ဖော် မယ်စီစဉ်ချိန်မှာ Oligopoly သဘောတရားကို မြင်ရတယ်။ Oligopoly ဆိုတာ ခပ်လွယ်လွယ် ရှင်းအောင်ပြောရရင် ကုမ္ပဏီ (ဒါမှမဟုတ်)အစု အဖွဲ့များစွာပူးပေါင်းပြီး ဈေးကွက်တစ်ခုသတ်မှတ် တာ၊ မူဝါဒတွေ ထုတ်ပြန်တာ၊ သူတို့စီးမျောလှုပ်ရှား မယ့်နယ်ပယ်တစ်ခုကို ချုပ်ကိုင်တာပါပဲ။ အမေ ရိကန်အားကစားလောကမှာ မြင်ရတဲ့ပုံစံမျိုးလို့ ဆို ရမယ်။ အားကစားရဲ့ မူလအနှစ်သာရ ယှဉ်ပြိုင်ခြင်း၊ ဖျော်ဖြေမှုပေးခြင်းဆိုတဲ့ဘောင်ကို ကျော်လွန်ပြီး စီးပွားရေးရှာခြင်းလို့ ခပ်ပြင်းပြင်းလေး တံဆိပ်ကပ် ချင်လည်းကပ်နိုင်တယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားပျက်ကပ်နဲ့ ရင်ဆိုင်လုနီးပါးဖြစ်နေချိန် မှာ ဘောလုံးကမ္ဘာဟာ ထိပ်တန်းစီးပွားရေးအဖွဲ့ အစည်းတွေအတွက် မျက်စိကျစရာဖြစ်လာတယ်။ စူပါလိဂ်စီမံကိန်းဟာ ဥရောပထိပ်တန်းအသင်းတွေ ရဲ့ မတော်လောဘသက်သက်မဟုတ်ဘဲ နောက် ကွယ် မှာ စီးပွားရေးသမားတွေ ဈေးကွက်အသစ် သရုပ်ဖော်လိုမှုဆန္ဒကပ်ငြိနေတယ်။ စူပါလိဂ် စီမံ ကိန်းဟာ ဘဏ္ဍာရေးအာမခံချက်ရှိတယ်၊ တန်း တက် တန်းဆင်းစနစ်မရှိလို့ ယှဉ်ပြိုင်ခွင့်ရတဲ့ အ သင်း တွေဟာ ရာသီတိုင်းနီးပါး ဘဏ္ဍာရေးခိုင်မာမှု မျှော်လင့် ခွင့်ရှိတယ်။ ဒါပေမဲ့ စူပါလိဂ်အပြင်ဘက်က ကလပ် အသင်းတွေဟာ ကျပ်တည်းပြီးရင်း ကျပ် တည်းလာမယ်။ တန်ဖိုးမြင့်စပွန်ဆာရရှိမှု လျော့ နည်းလာမယ်။ ဖိတ်ဖိတ်လက်စူပါလိဂ်ရဲ့ အဝေးမှာ ကိုယ့်မျှော်လင့်ခြင်းကွင်းပြင်လေးထဲ သိမ်ငယ်နေရ မယ်။ Fan Base ထုထည်ကြီးမားပြီးသားအသင်း တွေဟာ ဘောလုံးလောကထဲ တိုးဝင်လာမယ့် လက်သည်းဝှက်ထားတဲ့ ကြောင်သူတော်စီးပွားရေး သမားတွေ ဆီကနေ စပွန်ဆာတွေရပြီးရင်း ရနေပါ လိမ့်မယ်။ ဒီနေရာမှာ ကာတာတွေ၊ ရုရှားတွေ၊ အဘူ ဒါဘီတွေ၊ နောက်ဆုံး ဆော်ဒီတွေ တိုးဝင်လာသ လိုမျိုး Sportswashing ဆိုတာမြင်လာရသလို၊ ရာသီဥတုပြောင်းလဲမှုထိန်းချုပ်ရေး ခေါင်းစဉ် အောက်ကနေ Greenwashing ဆိုတာလည်း မြင်လာရပြီ။
Zero Carbon ရဲ့ အခြားတစ်ဖက်က Greenwashing
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
4 hours ago
4 hours ago
4 hours ago
4 hours ago
4 hours ago
4 hours ago