ကိုဗစ်မျိုးကွဲများနှင့် မြန်မာနိုင်ငံ၌ စတုတ္ထလှိုင်းဖြစ်ပေါ်လာနိုင်မှု အလားအလာ

ကိုဗစ်မျိုးကွဲများနှင့် မြန်မာနိုင်ငံ၌ စတုတ္ထလှိုင်းဖြစ်ပေါ်လာနိုင်မှု အလားအလာ
တောင်ဥက္ကလာပမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူ များကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးနေစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)
တောင်ဥက္ကလာပမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူ များကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးနေစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)
Published 24 October 2021
ပြည့်ဖြိုးအောင်

COVID-19ရောဂါကို ဖြစ်ပေါ်စေသည့် ကိုရိုနာဗိုင်းရပ်စ်တွင် ကမ္ဘာ့နေရာဒေသ အသီးသီးကိုမူတည်ပြီး  ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲများ ဖြစ်ပေါ်လာပြီး ၎င်းဗိုင်းရပ်စ်များက ရောက်ရှိရာ နေရာဒေသများတွင် ဆက် လက်ဗီဇပြောင်းမျိုးကွဲကာ ဆက်လက်ပျံ့နှံနေဆဲ ဖြစ်သည်။

လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်များဖြစ်သည့် Variant of Concern ထဲတွင် ပါဝင်သော ဂရုုစိုက်ရမည့် မျိုးဗီဇကွဲ လေးမျိုး ရှိပြီး လေးခုစလုံးသည် ကူးစက်မှုမြန်ကြောင်းနှင့် ၎င်းမျိုးဗီဇကွဲများမှာ  Alpha ၊ Beta၊ Gamma နှင့် Deltaတို့ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသည်။

ယင်းမျိုးကွဲလေးခုအနက် Delta ဗိုင်းရပ်စ်သည် ကမ္ဘာ့နေရာအတော်များများ ရောက်ရှိပျံ့နှံနေပြီး ကူးစက်မှု အလွန်မြန်ဆန် သည့်အပြင် ရောဂါပြင်းထန်စွာ ခံစားရနိုင်သည့် ဗိုင်းရပ်စ်ဖြစ်သည်။

ထို့ကြောင့် အခြားနိုင်ငံများတွင် ကူးစက် မြန်မျိုးကွဲဗိုင်းရပ်စ်များကြောင့် ဖြစ်ပွားမှု လျော့ကျနေရာမှ တစ်ဟုန်ထိုး ပြန်လည်ကူးစက်ခဲ့သည်။ ယင်းနိုင်ငံများအနက် စတုတ္ထလှိုင်းဖြစ် ပွားခဲ့သည့် နိုင်ငံများရှိခဲ့ပြီး ကာကွယ်ဆေးများ အရှိန်မြှင့်ထိုးနှံနိုင်မှုကြောင့် ဗိုင်းရပ်စ်ကူး စက်ပျ့ံနှံမှုကို  ဟန့်တား ထိန်းချုပ်နိုင်သော်လည်း ဗိုင်းရပ်စ်မှာမူ ဆက်လက်တည်ရှိနေဆဲ ဖြစ် သည်။

အလားတူ မြန်မာနိုင်ငံတွင်လည်း တတိယလှိုင်းအတွင်း ကိုရိုနာမျိုးရိုးပြောင်း  Delta ဗိုင်းရပ်စ်ကြောင့် ကူးစက်ဖြစ်ပွားမှု များပြားခဲ့ပြီး သေဆုံးမှုအများအပြားရှိကာ လက်ရှိတွင် ကာကွယ်ဆေးထိုးနှံမှုကြောင့် ဖြစ်ပွား မှုနှင့် သေဆုံးမှု လျော့ကျလာခဲ့သော်လည်း ဗိုင်း ရပ်စ်များ ဆက်လက်ဖြစ်ပေါ်မှု  ရှိ မရှိ စောင့် ကြည့်နေသည့်အပြင် စတုတ္ထလှိုင်းမဖြစ်စေရေး အတွက် ဂရုပြုနေရဆဲ ဖြစ်သည်။ 

နိုင်ငံတကာတွင် သုတေသနပြုလုပ်နေဆဲ COVID-19 ထပ်ဆင့်မျိုးကွဲများ အန္တရာယ်

ကမ္ဘာ့နေရာဒေအသီးသီးတွင်ဖြစ်ပွားခဲ့ သည့် ကိုရိုနာဗိုင်းရပ်စ်များနှင့် ပတ်သက်ပြီး ကမ္ဘာ့စိုးရိမ်ဖွယ် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ အဖြစ် WHO က သတ်မှတ်ကြေညာထားသည့်  ဗိုင်းရပ်စ်လေးမျိုးထဲမှ ဗြိတိန်ဗိုင်းရပ်စ် မျိုးကွဲ B. 1. 1.7 ကို Alpha၊ တောင်အာဖရိက ဗိုင်းရပ်စ်မျိုးကွဲ B .1. 351 ကို  Beta၊  ဘရာဇီးဗိုင်းရပ်စ်မျိုးကွဲ P 1. ကို Gamma ၊ နှစ်မျိုး နှစ်စားရှိသည့် အိန္ဒိယဗိုင်းရပ်စ်မျိုးကွဲ B.1.617 ထဲမှ စိုးရိမ်ဖွယ်ဗိုင်းရပ်စ်ဖြစ် သည့်  B.1.617.2  က Delta နှင့် နောက်တစ်မျိုး B.1.617.1 ကို Kappa ဟု အမည် ပေးခဲ့ပြီး မသတ်မှတ်ထားသည့် မျိုးကွဲဗိုင်း ရပ်စ်များ ရှိနေဆဲဖြစ်သည်။

ဗြိတိန်နိုင်ငံတွင် ကူးစက်ခံရသူဦးရေ ပိုမိုများပြားလာသည့် ကိုရိုနာဗိုင်းရပ်စ် Delta မျိုးကွဲ၏ ထပ်ဆင့်မျိုးကွဲအမျိုးအစားကို စောင့်ကြည့်လေ့လာနေကြောင်း အစိုးရက အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့ သည်။

အစိုးရအနေဖြင့် AY.4.2  ထပ်ဆင့်မျိုး ကွဲကို အနီးကပ်စောင့်ကြည့်နေသော်လည်း ယင်းထပ်ဆင့်မျိုးကွဲသည် ပိုမိုအလွယ်တကူ ကူးစက်ပျံ့နှံ့နိုင်သည့် အထောက်အထား     မတွေ့ရှိကြောင်း ဝန်ကြီးချုပ် ဘောရစ် ဂျွန် ဆင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြော ကြားခဲ့သည်။

AY.4.2 သည်  အခြားကိုရိုနာဗိုင်းရပ်စ် မျိုးကွဲများတွင် တွေ့ရှိသည့် Spike မျိုးကွဲနှစ် ခုရှိသည်ဟု လန်ဒန်တက္ကသိုလ်ကောလိပ်ရှိ ဇီ ဝဗေဒတွက်ချက်မှုစနစ်ဆိုင်ရာ ပါမောက္ခ  ဖရန်ဆွာဘယ်လူ့စ်က ပြောကြားခဲ့သည်။

ယင်းထပ်ဆင့်မျိုးကွဲသစ်သည်ဗြိတိန် ပြင်ပတွင် ရှားပါးဖြစ်စဉ်ဖြစ်ပြီး ဗြိတိန်နိုင်ငံ ၌ ယင်းထပ်ဆင့်မျိုးကွဲကူးစက်မှုဖြစ်စဉ်သုံးခု သာ ရှိသည်ဟု ၎င်းင်းကပြောကြားခဲ့သည်။

“AY.4.2  ထပ်ဆင့်မျိုးကွဲဟာ ကူးစက် မှု အနည်းဆုံးအနေအထားမှာရှိနေသေးပြီး   ဒီမျိုးကွဲကူးစက်မှုရဲ့ ၁၀ ရာခိုင်နှုန်းမြင့်တက် လာမှသာ နောက်ထပ်ကူးစက်မှုဖြစ်စဉ်အနည်းငယ်သာ ရှိလာနိုင်ဦးမှာပါ။ မကြာ သေးမီက ဗြိတိန်မှာ မြင့်တက်လာတဲ့ကူး စက်မှုဖြစ်စဉ်တွေဟာ ဒီထပ်ဆင့်မျိုးကွဲနဲ့ မသက်ဆိုင် ပါဘူး” ဟု ဘယ်လူစ့်က ဆိုသည်။

ယင်းထပ်ဆင့်မျိုးကွဲသည် ကူးစက်မှု ဖြစ်စဉ် ရာခိုင်နှုန်း ၅၀ ကျော် မြင့်တက်လာစေ သည့် Alpha နှင့် Delta မျိုးကွဲများနှင့်နှိုင်း ယှဉ်နိုင်သည့် အခြေအနေတွင်မရှိသေး ကြောင်း၊ယင်းမျိုးကွဲသည် ကပ်ရောဂါအပေါ် သိသာထင်ရှားသည့်သက်ရောက်မှုမရှိနိုင် သေးကြောင်း ၎င်းင်းက ပြောကြားခဲ့သည်။

ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ် ဆေးထိုးနှံမှုနှုန်း မြင့်တက်နေသော်လည်းဗိုင်း ရပ်စ်ကူးစက်မှုနှုန်းကို ခြုံငုံကြည့်လျှင် မြင့် တက်နေဆဲ အနေအထားတွင် ဆက်လက် တည်ရှိနေပြီး အောက်တိုဘာ ၁၈ ရက်၌ဗိုင်း ရပ်စ်ကူးစက်ခံရသူသစ် ၅၀၀၀၀ နီးပါးစံချိန် တင်မြင့်တက်ခဲ့သည်။

ထို့ပြင် ၂၀၂၀ သြဂုတ်တွင် ပီရူးနိုင်ငံ တွင် Variant of Interest (စိတ်ဝင်စားဖွယ် မျိုးကွဲ)Lambda ကိုစတင်တွေ့ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ကိုလံဘီယာနိုင်ငံ၌ Variant of Interest (စိတ်ဝင်စားဖွယ်မျိုး ကွဲ) Mu ဟုအမည်ပေးထားသော ကိုရိုနာဗိုင်း ရပ်စ်မျိုးကွဲသစ်တစ်မျိုးကို ပထမဆုံး တွေ့ရှိခဲ့ သည်။

သို့သော် ယင်းမျိုးကွဲများက လက်ရှိ သတ်မှတ်ထားသည့် မျိုးကွဲလေးခုကဲ့သို့ ကူး စက်နှုန်း၊ ရောဂါပြင်းထန်းခံစားရမှုမှာ Delta နှင့် ယှဉ်ပါက စိုးရိမ်စရာမရှိသော်လည်း စောင့်ကြည့်နေရဆဲ မျိုးကွဲများဖြစ်သည်။

COVID-19 မျိုးဗီဇပြောင်းပိုးဖြစ်သည့် Lambdaသည်နိုင်ငံ၂၉နိုင်ငံနှင့် Mu သည် နိုင်ငံ၃၉နိုင်ငံသို့ရောက်ရှိနေပြီးကြောင်း ပီ ရူးနိုင်ငံတွင် တတိယလှိုင်းဖြစ်ပွားမှုသည် Lambda ကြောင့်ဖြစ်သည်။

လက်ရှိ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ Lambda သည် Variant of Interest အ ဆင့်တွင်သာရှိပြီး ဆက်လက်သုတေ သနပြု လုပ်ရမည်ဖြစ်ကာ ၎င်းင်းသည် တောင် အမေ ရိကတိုက်တွင်ရှိသည့် နိုင်ငံများတွင် ဖြစ်ပွား မှုအများဆုံးတွေ့ရကြောင်း သိရ သည်။

မြန်မာနိုင်ငံ၏ ပထမလှိုင်း၊ဒုတိယလှိုင်းနှင့်တတိယလှိုင်းတို့အကြား ကူးစက်မှုအခြေအနေ

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်ပြီး စတင်ရောက်ရှိဖြစ် ပွားခဲ့ချိန်က ရောဂါလက္ခဏာသံသယဖြင့် စောင့် ကြည့်ရန် ကွာရန်တင်းစင်တာများဖွင့်လှစ်ပြီး စောင့်ကြည့်ကုသခြင်းများ ဆောင်ရွက် ခြင်းနှင့် ရောဂါလက္ခဏာပြင်းထန်မှုမရှိခြင်း ကြောင့် ကူး စက်နှုန်း နှင့် သေဆုံးမှု အနည်းငယ် မျှသာ ရှိခဲ့သည်။

ထို့ပြင် ၂၀၂၀ ပြည့်နှစ် သြဂုတ်လခန့်မှစ၍ ကိုဗစ်ဒုတိယလှိုင်း စတင်ဖြစ်ပေါ်လာခဲ့ပြီး ယင်းကာလအတွင်းလည်း မျိုးရိုးဗီဇပြောင်း ဗိုင်းရပ်စ်များ မရောက်ရှိသေးသဖြင့် ဒုတိယ လှိုင်းတွင် လည်း ကူးစက်မှုနှင့်သေဆုံး မှု ကြီးကြီး မားမားမဖြစ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းဒုတိယလှိုင်းကာလအတွင်း  အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် ကိုဗစ်ကာ ကွယ်ဆေးများ ဦးစားပေးအလိုက်ထိုးနှံမှုများ ရှိခဲ့ပြီ ဖြစ်သည်။ဒုတိယလှိုင်းသည် ၂၀၂၁ခုနှစ် ဇန်နဝါရီ လခန့်မှ စပြီး ရောဂါပိုးဖြစ်ပွားမှုနှုန်း လျော့ကျခဲ့သည်။

ထို့နောက် မြန်မာ နိုင်ငံ၌ မေ ၂၇ ရက်မှ စ၍ COVID-19 ရောဂါပိုးတွေ့လူနာ ပြန် လည်များ ပြားလာပြီး ကိုဗစ်တတိယလှိုင်း ကိုအစပျိုး ဖြစ်ပွားလာကာ ဇွန်လအတွင်း နေ့စဉ် ပိုးတွေ့လူနာ ၁၀၀ ကျော်မှ ၁၅၀၀ ကျော်အထိ ရှိခဲ့သည်။

ထို့နောက် ဇူလိုင်လအတွင်း ပိုးတွေ့ရှိမှု ရာခိုင် နှုန်း ၂၀ မှ ရာခိုင်နှုန်း ၄၀ ကျော်အထိ မြင့်တက်ခဲ့ပြီး ရက်အလိုက် သေဆုံးသူ မြင့် တက်ကာ သေဆုံးသူ စုစုပေါင်း ၆၀၀၀ ကျော် အထိရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင်လအတွင်း ပိုးတွေ့ရှိမှု အခြေ အ နေအရ  နေ့စဉ်၂ဝဝဝကျော်မှ ၆၀၀၀ ကျော် အထိ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း တရားဝင် ထုတ်ပြန်မှုအရ သိရသော်လည်း ယင်းကာ လတွင် အခြေအနေ အကြောင်းအမျိုးမျိုး ကြောင့် မိမိနေအိမ်တွင်ပင် ဆေးကုသမှုပြု လုပ်ခဲ့ကြကာ COVID-19 သံသယလက္ခ ဏာများဖြင့် အမြို့ မြို့အနယ်နယ်တွင် သေ ဆုံးသူအများအပြားရှိခဲ့ကြောင်း လူမှုကူညီ ရေး အဖွဲ့များထံမှ သိ ရသည်။            

ဇူလိုင်လအတွင်း ပိုးတွေ့ရှိမှု အခြေ အ နေအရ  နေ့စဉ်၂ဝဝဝကျော်မှ ၆၀၀၀ ကျော် အထိ ရောဂါပိုးတွေ့ရှိခဲ့ပြီး နေ့စဉ်ရောဂါ ပိုုးတွေ့ရှိမှု မြင့်တက်ခဲ့သည်။

ကိုဗစ်မျိုးကွဲများနှင့် မြန်မာနိုင်ငံ၌စတုတ္ထလှိုင်း ဖြစ်ပေါ်လာနိုင်မှု အလားအလာ

မြန်မာနိုင်ငံတွင်  COVID-19နှင့် ပတ် သက်၍ မျိုးရိုးဗီဇပြောင်း ရောဂါပိုး ပြောင်းလဲ မှုများ ရှိမရှိ စမ်းသပ်လေ့လာများ ပြုလုပ်လျက် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရ သည်။

မြန်မာနိုင်ငံတွင် COVID-19 ဗီဇ ပြောင်းပိုး လေးမျိုးအထိတွေ့ရှိထားပြီး Variant of Concern VOC သုံးမျိုးဖြစ်သည့် Alpha ၊Beta၊ Delta အပြင် Variant of Interest ထဲမှတစ်မျိုးဖြစ်သည့် Kappa  စုစု ပေါင်းလေးမျိုးတွေ့ရှိထားကြောင်း ကျန်းမာ ရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

ယင်းဗိုင်းရပ်စ်လေးမျိုးအနက် Delta  ဗိုင်းရပ်စ် ကူးစက်ပျ့ံနှံနှုန်း မြန်ဆန်မှု ကြောင့် ကိုဗစ်တတိယလှိုင်းအတွင်းမှာ ဖြစ် ပွားနှုန်း နှင့် သေဆုံးမှုနှုန်း မြင့်တက်ခဲ့သည်။

“ကျွန်တော်တို့ဆီမှာက Delta ကထပ် ပြောင်းတဲ့ဟာက Delta + လိုဟာမျိုး အဲဒါ မျိုးတော့ မတွေ့ရသေးပါဘူး။တွေ့တဲ့ဟာ တွေကလည်း တောက်လျှောက်ထုတ်ပြန်ပေး နေတယ်။ နောက်ပိုင်းမှာတော့ နေရာတော် တော်များကိုတော့ Delta အနေနဲ့ ရောက် သွားတာတွေ့ရပါတယ်။ဒါပေမဲ့လည်း  အခုကတော့ တဖြည်းဖြည်းတော့ ကူးစက်မှု တွေက ကျလာပါတယ်။ ဒါပေမဲ့လည်း တစ်ဖက်မှာ ဆောင်းရာသီမှာ ဖြစ်ပွားလေ့ ရှိတဲ့ တုပ်ကွေးလိုဟာမျိုးတွေက ဒီရာသီအ ကူးအပြောင်းကာလမှာ ဖြစ်တာလေးတွေ ရှိတယ်။ အဲဒီလူတွေကို စစ်ကြည့်လိုက်တဲ့ အခါမှာတော့ COVID-19 ရောဂါ မတွေ့ရ ဘူး။ နောက်ပြီးတော့ ဖြစ်တဲ့လူတွေကလည်း တုပ်ကွေးရဲ့ သဘာဝအရ သုံးလေးလောက် ဖြစ်ပြီးရင် ပြန်ကောင်းသွားတယ်။ တချို့ကျ တော့လည်း ပြန်ကောင်းတယ်။ဒါမျိုးလေးတွေ ပဲ တွေ့ရပါတယ်”ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေး မှူး ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။

COVID-19 မျိုးဗီဇပြောင်း ပိုးများ ဖြစ်သည့် Alpha သည် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၉၆ နိုင်ငံ၊   Betaသည် မြန်မာ နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၄၅ နိုင်ငံနှင့် Delta Virus သည် မြန်မာနိုင် ငံအပါအဝင် နိုင်ငံပေါင်း  ၁၉၃ နိုင်ငံသို့ရောက်ရှိနေကြောင်းကမ္ဘာ့ ကျန်း မာရေးအဖွဲ့၏ COVID-19 ဆိုင်ရာအပတ်စဉ် အစီရင်ခံစာတွင် ဖော်ပြထား ချက်အရ သိရ သည်။

“မျိုးကွဲတွေနဲ့ပတ်သက်ပြီး ဆက်ပြီးလုပ် နေတာတွေရှိတယ်။ နယ်စပ်က ဝင်လာတာ တွေကိုပေါ့။ အဲဒါတွေက ဆေးသုတေသနဦး စီးဌာနရော၊တပ်မတော်ဆေးသုတေသနတပ် ကရော လုပ်နေတာတွေရှိတယ်။ အခုကလည်း တွေ့တာနဲ့ ထုတ်ပြန်ပေးပါတယ်။ ဒါကိုလည်း အမြဲတမ်း သတင်းထုတ်ပြန်ပေးမှာပါ”ဟု ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။

လက်ရှိမြန်မာနိုင်ငံမှာတွင် တတိယလှိုင်းဖြစ်ပွားခဲ့ပြီးနောက် ပိုးတွေ့ရှိမှု လျော့ ကျလာပြီဖြစ်သည်။ သို့သော်လည်း ရာသီ အကူးအပြောင်းကာလများတွင် ဖြစ်ပွားလေ့ ရှိသည့် တုပ်ကွေးရောဂါကြောင့် လက်ရှိတွင် ပြည်သူလူထု ကိုဗစ်ရောဂါ လက္ခဏာများ ဖြစ်သည့် ဖျားနာခြင်း၊ချောင်းဆိုးခြင်းနှင့် နှာ စေးခြင်းတို့ဖြစ်သည့် ကာလတစ်ခုဖြစ်သည်။

“ဖြစ်တဲ့ပိုးကမတူတော့ H1N1 လိုဖြစ်ထားတဲ့သူက H1N1ကာကွယ်တဲ့ ပဋိပစ္စည်း က သူ့သွေးထဲမှာရှိတယ်။ ကိုဗစ်ကလည်း ဖြစ်ပြီးသွားရင် သူ့ပဋိပစ္စည်းက ထွက်လာတာ ပဲ။ H1N1 က ထွက်လာတဲ့ ပဋိပစ္စည်းက COVID-19 ကို ကာကွယ်တဲ့နေရာမှာ မထိ ရောက်ဘူး။တခြားတုပ်ကွေးရောဂါဝင်လာရင်  သိရှိမှတ်မိပြီးတော့ ပဋိပစ္စည်းထွက်လာမယ်။ ကိုဗစ်အတွက်တော့ မထွက်ဘူး။ မထွက်တဲ့ အခါကျတော့ ကိုဗစ်ရဲ့သဘောက ကျွန်တော် တို့အမြဲတမ်းပြောပါတယ်။ ကိုဗစ်ရဲ့ ထွက် ပေါက်က ကာကွယ်ဆေးပဲ ဆိုတာကိုး။ ဒီကိုယ်ခံ အားတွေ လူတိုင်းမှာရှိနေမှ ကာကွယ် လွှမ်းခြုံမှု အားကောင်းတော့မှ ဒီရောဂါကြီး လှိုင်းတစ် လှိုင်းအနေနဲ့ ကြီးကြီးမားမားမဖြစ်တော့ဘူး။ ဒီလိုမျိုးမရှိခင်မှာ ဆေးထိုးထားတဲ့သူပဲ ဖြစ် ဖြစ်၊ရောဂါဖြစ်ပွားပြီး ခြောက်လ လောက်ကြာ လာတဲ့သူပဲဖြစ်ဖြစ် အဲဒီလိုလူ တွေက ကာကွယ် ရေးနည်းလမ်းတွေကို ဆက်ပြီးလိုက်နာဖို့ လိုတယ်။တစ်ဖက်ကလည်း ဒီ လိုမျိုးလိုက်နာမှ တစ်ဖက်ကလည်း ကာကွယ် ဆေးလွှမ်းခြုံမှုတွေ က တဖြည်းဖြည်းချင်းတက် လာမယ်။ အဲဒီလို တက်လာမယ်။တစ်ဖက်ကလည်း လိုက်နာမယ် ဟာတွေနဲ့ ထိန်းထားမယ် ဆိုရင် စတုတ္ထလှိုင်း ဆိုတာက မဖြစ်နိုင်ဘူး” ဟု ဒေါက်တာသန်း နိုင်စိုးက ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကာကွယ်ဆေး ထိုးနှံခြင်းများနှင့်ပတ်သက်ပြီး ကာကွယ်ဆေး ရရှိမှုအပေါ်မူတည်ပြီး ဦးစားပေးအုပ်စုများ နှင့် ကျောင်းသားကျောင်းသူများ ထိုးနှံပေးလျက်ရှိသည်။

ထို့ပြင် ကာကွယ်ဆေးထိုးစုရပ်များကို သတ်မှတ်ထားသော်လည်း သတ်မှတ်နေရာ များ ဝေးလံမှုကြောင့် အလွယ်တကူလာရောက် မထိုးနှံသဖြင့် ကျေးလတ်ဒေသအခြေပြုပြီး ကာကွယ်ဆေးထိုးနှံပေးရန် ဆောင်ရွက်ထား ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

“အဓိကကတော့ ကာကွယ်ဆေးနဲ့ကာ ကွယ်ရေးနည်းလမ်းပါပဲ။ ကာကွယ်ရေးနည်း လမ်းတွေမှာ တင်းကျပ်မှုတွေက ဆေးထိုးလွှမ်း ခြုံတာ ကောင်းလာတာနဲ့အမျှ တဖြည်းဖြည်း  လျှော့သွားလို့ရပါတယ်။ ဒါပေမဲ့ ဆေးထိုး တာ လွှမ်းခြုံမှု မကောင်းသေးရင် ဒါတွေလျှော့ လိုက်ရင်တော့ စတုတ္ထလှိုင်းဆိုတာလည်း ဖြစ် လာနိုင်ပါတယ်။ လူတိုင်းကတော့ ဒီဟာတွေ ကို လိုက်နာဖို့ လိုပါတယ်”ဟု ဒေါက်တာ သန်း နိုင်စိုးက ပြောကြားသည်။

ကာကွယ်ဆေးထိုးနှံမှုအနေဖြင့် အောက် တိုဘာ ၂၁ ရက်အထိ ကိုဗစ်ကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၁၇ သန်းကျော် ထိုးနှံပေး ပြီးဖြစ်ပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံ မှု ရရှိထားသူမျာအနေဖြင့် ဒုတိယအကြိမ်  ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် ထိုးနှံမှုခံယူရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ တွင်လည်း   COVID-19ရောဂါကို ဖြစ်ပွား စေသည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲများ အန္တရာယ်က ခြိမ်းခြောက်နေဆဲဖြစ်သဖြင့် ကိုဗစ်ရောဂါ ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများ  ထိုးနှံမှုကို အဓိကအဖြစ် ဆောင်ရွက်နေကြပြီး  ပြည်သူလူထုအနေဖြင့် ကာကွယ်ဆေးထိုးနှံ ခြင်းအပြင် ကိုဗစ်စည်းကမ်းချက်များကို လိုက်နာရန် လိုအပ်သည်။

Most Read

Most Recent