ကာကွယ်ရေး အသုံးစရိတ်များကို တိုးမြှင့်ရန် ကြိုးပမ်းသွားမည်ဟု ဂျပန် အာဏာရပါတီ ပြောကြား

ကာကွယ်ရေး အသုံးစရိတ်များကို တိုးမြှင့်ရန် ကြိုးပမ်းသွားမည်ဟု ဂျပန် အာဏာရပါတီ ပြောကြား
Published 13 October 2021
Ref: AFP

အောက်တိုဘာလ ၄ ရက်က တိုကျိုမြို့ရှိ ဝန်ကြီးချုပ်ရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါအား တွေ့ရစဉ်

 

တရုတ်နှင့် မြောက်ကိုရီးယား၏ခြိမ်းခြောက်မှုများကို တန်ပြန်ရန် ကာကွယ်ရေး အသုံးစရိတ်များကို တိုးမြှင့်ရန်ရည်ရွယ်ထားသည်ဟု ဂျပန်၏ အာဏာရ ကွန်ဆာဗေးတစ် များက အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ဂျပန်တွင် ကာလကြာရှည်အာဏာရခဲ့ပြီး ဝန်ကြီးချုပ်သစ် ဖူမီအိုကီရှီဒါဦးဆောင်သည့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ LDP သည် အောက်တိုဘာ ၃၁ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါလီမန်၌ ၎င်း၏နေရာ အများစုကို ထိန်းသိမ်းရန် မဲဆွယ်စည်းရုံးနေသည်။ LDP ပါတီက ကြေညာခဲ့သည့် ကတိ ကဝတ်များတွင် ကပ်ရောဂါတိုက်ဖျက်ရေးနှင့် လူလတ်တန်းစားများကို မြှင့်တင်ရေးအတွက် လုပ်ဆောင်ပေးသွားမည်ဆိုသည့် အချက်များလည်းပါဝင်ခဲ့သည်။

LDP သည် တရုတ်ကို တိုက်ရိုက် အမည် တပ်ပြောဆိုခြင်းမရှိခဲ့ဘဲ ဝီဂါ၊ တိဘက်၊ မွန်ဂိုနှင့် ဟောင်ကောင်တို့တွင် လူ့အခွင့်အရေး ပြဿနာများနှင့်ပတ်သက်ပြီး တာဝန်ခံမှုရှိသည့် လုပ်ဆောင်ချက်များကို ကြိုးပမ်းရှာဖွေ သွားမည်ဟုလည်း ကတိပြုခဲ့သည်။

ထို့ပြင် နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် တန်းတူအချိုးအဖြစ် ဂျပန်၏ ကာကွယ်ရေး အသုံးစရိတ်ကို GDP ၏ နှစ်ရာခိုင်နှုန်းထက် ကျော်လွန်သုံးစွဲမှုအပါအဝင် ကာလရှည် မူဝါဒ ရည်မှန်းချက်များကိုလည်း ချပြခဲ့သည်ဟု LDP ပါတီက ပြောကြားခဲ့သည်။

ယင်းအစီအစဉ်များအရ ကာကွယ်ရေး အသုံးစရိတ်ကို GDP ၏တစ်ရာခိုင်နှုန်းအောက် (ဒေါ်လာ ၅ ထရီလျံခန့်) သာ သုံးစွဲရန် သတ်မှတ်ထားသည့် ဂျပန်၏ နိုင်ငံရေး အစဉ်အလာမှ ခွဲထွက်မှုတစ်ခုဖြစ်လာမည် ဖြစ်သည်။

လက်ရှိတွင် ဂျပန်ကာကွယ်ရေးဝန်ကြီး ဌာနသည် လာမည့် ဧပြီလမှစတင်မည့်ဘဏ္ဍာ နှစ်အတွက် ဒေါ်လာ ၅၀ ဘီလျံ တောင်းခံထားသည်။

“ဂျပန်ပြည်သူတွေရဲ့ အသက်အိုးအိမ်၊ မြေပိုင်နက်၊ ရေပိုင်နက်၊ လေပိုင်နက်၊ အချုပ် အခြာအာဏာနဲ့ အမျိုးသားရေးဂုဏ်သိက္ခာ ကို ကျွန်တော်တို့ကိုယ်တိုင် ကာကွယ်နိုင်တယ် ဆိုတာ ပြသသွားမှာပါ” ဟု LDP ပါတီ၏ မူ ၀ါဒအကြီးအကဲ ဆာနဲတာကာအီချီက သ တင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ ပိုမိုခိုင်မာတဲ့ ကာ ကွယ်ရေးစွမ်းဆောင်ရည်နဲ့ ခိုင်မာတဲ့ သံတ မန်ဆောင်ရွက်ချက်တွေအတွက် မူဝါဒတွေ ချမှတ်သွားမှာဖြစ်ပါတယ်” ဟု တာကာအီချီ က ပြောကြားခဲ့သည်။

ထို့ပြင် မြောက်ကိုရီးယားကို နျူကလီး ယားလက်နက်စွန့်လွှတ်ရန် ဖိအားပေးသွား  မည်ဖြစ်ပြီး ရေရှည်တွင် ဂျပန်သည် ရန်လို သည့်နိုင်ငံများထံမှ ဒုံးကျည်များကို ကြားဖြတ် ဟန့်တားရန် စွမ်းဆောင်ရည်များအပါအဝင်  ကာကွယ်ရေးအဟန့်ကို တိုးမြှင့်သွားမည်ဟု LDP ပါတီက ပြောကြားခဲ့သည်။

ဂျပန်စစ်တပ်၏ အခြေအနေသည် ဒုတိယကမ္ဘာစစ်အပြီး ဖွဲ့စည်းပုံအရ ကာကွယ်ရေးအတွက်သာ ကန့်သတ်ခြင်းခံခဲ့ရပြီး ထိ လွယ်ရှလွယ်သည့် အကြောင်းအရာတစ်ခု ဖြစ်ခဲ့သည်။

LDP ကမူ ယင်းဖွဲ့စည်းပုံကို ပြန်လည် စိစစ်သုံးသပ်ရန်နှင့် ဂျပန်စစ်တပ်၏ အဆင့် အတန်းနှင့် ရပ်တည်မှုကို ရှင်းလင်းသေချာစွာ လုပ်ဆောင်ရန် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဂျပန်၏ စစ်အသုံးစရိတ်သည် ဆယ်စု နှစ်တစ်စုကြာ တည်ငြိမ်စွာမြင့်တက်ခဲ့ပြီး ကာ ကွယ်ရေးဝန်ကြီးဌာန၏ နောက်ဆုံး အဆိုပြု ချက်တွင်မူ ဂျပန်နိုင်ငံကိုဝန်းရံနေသည့် ကာကွယ်ရေးအခြေအနေသည် ယိုယွင်းလာသည် ဟု သတိပေးခဲ့သည်။                  

 

 

Most Read

Most Recent