COVID-19 ကာကွယ်ဆေးများသည် ဒယ်တာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရမှု အပါအဝင် ပြင်းထန်ရောဂါ အခြေအနေ မဖြစ်ပွားစေရန် ကာကွယ်နိုင်ဟု သုတေသန လေ့လာတွေ့ရှိ

COVID-19 ကာကွယ်ဆေးများသည် ဒယ်တာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရမှု အပါအဝင် ပြင်းထန်ရောဂါ အခြေအနေ မဖြစ်ပွားစေရန် ကာကွယ်နိုင်ဟု သုတေသန လေ့လာတွေ့ရှိ
အောက်တိုဘာ ၆ ရက်က အန္တာတိကတိုက် Adelaide ကျွန်းရှိ ဗြိတိန်အန္တာတိက လေ့လာမှုဆိုင်ရာ Rothera သုတေသနဌာနတွင် ဌာနခေါင်းဆောင် မက်သရူးဖိလစ်အား AstraZeneca ၏ ကာကွယ်ဆေးထိုးနှံပေးနေပုံကို တွေ့ရစဉ်
အောက်တိုဘာ ၆ ရက်က အန္တာတိကတိုက် Adelaide ကျွန်းရှိ ဗြိတိန်အန္တာတိက လေ့လာမှုဆိုင်ရာ Rothera သုတေသနဌာနတွင် ဌာနခေါင်းဆောင် မက်သရူးဖိလစ်အား AstraZeneca ၏ ကာကွယ်ဆေးထိုးနှံပေးနေပုံကို တွေ့ရစဉ်
Published 11 October 2021
Ref: AFP

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံခြင်းသည် ဒယ်တာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရမှု အပါအဝင် ပြင်းထန် COVID-19 ရောဂါ အခြေအနေ မဖြစ်ပွားစေရန် ထိရောက်မှုအား ကောင်းစွာ ကာကွယ်ပေးနိုင်ကြောင်း ပြင်သစ်နိုင်ငံရှိ သုတေသန လေ့လာမှုကြီးတစ်ခုတွင် တွေ့ရှိခဲ့သည်။

COVID-19 ကူးစက်မှုအခြေအနေ မဟုတ်ဘဲ COVID-19 ကူးစက်မှုကြောင့် ပြင်းထန်ရောဂါ အခြေအနေနှင့် သေဆုံးမှု အခြေအနေကို ကာကွယ်နိုင်မှုနှင့် ပတ်သက်၍ ဦးတည်လုပ်ဆောင်ခဲ့သော သုတေသန လေ့လာမှုတွင် အသက် ၅၀ ကျော်အရွယ် လူ ၂၂ သန်းကို လေ့လာခဲ့ရာ၌ ကာကွယ်ဆေး ထိုးနှံပြီးသူများတွင် COVID-19 ကြောင့် ဆေးရုံတက်ရောက်ကုသမှု ခံယူနိုင်ခြေ သို့မဟုတ် သေဆုံးနိုင်ခြေမှာ ၉၀ ရာခိုင်နှုန်းအောက် လျော့နည်းကြောင်း တွေ့ရှိခဲ့သည်။

ယင်းသုတေသရလဒ်များကို အမေရိကန် ၊ ဗြိတိန်နှင့် အစ္စရေးတို့တွင် လေ့လာချက်မှ အတည်ပြုထုတ်ပြန်ခဲ့ခြင်း ဖြစ်သော်လည်း သုတေသီများက ယင်းလေ့လာချက်သည် အကြီးမားဆုံးသုတေသန လေ့လာပြုလုပ်ချက် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ပြင်သစ်တွင် COVID-19 ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်စတင်ခဲ့သည့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ၌ စတင်စုဆောင်းခဲ့သည့် အချက်အလက်များကို လေ့လာရာ၌ ကာကွယ်ဆေးထိုးနှံပြီးသူ ၁၁ သန်း၏ ရလဒ်များနှင့် ကာကွယ်ဆေး မထိုးနှံရသေးသူ ၁၁ သန်း၏ ရလဒ်များအား နှိုင်းယှဉ်လေ့လာခဲ့သည်။

သုတေသီများက တူညီသည့်ဒေသတွင်းရှိ တူညီသည့်အသက်အရွယ်နှင့် တူညီသည့် လိင်အမျိုးအစားအလိုက် ကာကွယ်ဆေးထိုးနှံပြီးသူနှင့် ကာကွယ်ဆေးမထိုးနှံရသူများကို တွဲစပ်စုစည်းခဲ့ပြီးနောက် ဇူလိုင် ၂၀ ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူများ၏ ဒုတိယထပ်တိုး ကာကွယ်ဆေးထိုးနှံပြီးသည့် နောက်ပိုင်းအထိ ခြေရာခံစမ်းစစ် လေ့လာခဲ့သည်။

ကာကွယ်ဆေး ဒုတိယတစ်လုံး ထိုးနှံပြီးနောက် ၁၄ ရက်မှစတင်၍ ကာကွယ်ဆေး ထိုးနှံပြီးသူသည် ပြင်းထန်ရောဂါ အခြေအနေ ဖြစ်ပွားနိုင်ခြေ ၉၀ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ကြောင်း ပြင်သစ်အစိုးရနှင့် အနီးကပ်ပူးပေါင်း လုပ်ဆောင်နေသည့် လွတ်လပ်သောဆေးဝါး ဘေးကင်းလုံခြုံရေး သုတေသနအဖွဲ့ Epi-Phare မှ သုတေသနတွေ့ရှိချက်ကို ထုတ်ပြန်ခဲ့သည်။

ကာကွယ်ဆေး ထိုးနှံပြီးစီးခြင်းသည် ဒယ်တာဗိုင်းရပ်စ်မျိုးကွဲအတွက် ထိရောက်မှုရှိစွာ ကာကွယ်နိုင်စွမ်းရှိပုံရပြီး အသက် ၇၅ နှစ်နှင့်အထက် အရွယ်များအတွက် ကာကွယ်နိုင်စွမ်း ၈၄ ရာခိုင်နှုန်းနှင့် အသက် ၅၀ မှ ၇၅ နှစ်ကြား အရွယ်များအတွက် ကာကွယ်နိုင်စွမ်း ၉၂ ရာခိုင်နှုန်းအထိ ရှိသည်။

ယင်းရလဒ်သည် ပြင်သစ်တွင် ဒယ်တာမျိုးကွဲ ကူးစက်ပျံ့နှံ့သည့် ဇွန်လတစ်လအတွင်း ရရှိသည့် အချက်အလက် တစ်ခုတည်းကိုသာ အခြေခံ၍ ခန့်မှန်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

ယင်းသုတေသနသည် Pfizer/BioNTech ၊ Moderna နှင့် AstraZeneca ဆေးကုမ္ပဏီများ၏ COVID-19 ကာကွယ်ဆေး ထိုးနှံပြီးသူများကို သုတေသနပြုလုပ်ခဲ့ခြင်း ဖြစ်သော်လည်း ပြင်သစ်တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေခြင်းမရှိသည့်အပြင် အာဏာပိုင်များ၏ အရေးပေါ်အသုံးပြုမှု ခွင့်ပြုချက်ကိုများစွာ နောက်ကျမှရရှိသည့် Jannsen ၏ ကာကွယ်ဆေးထိုးနှံသူများ မပါဝင်ဟု ထုတ်ပြန်ထားသည်။                    

Most Read

Most Recent