မန္တလေး စျေးချိုတော် စျေးရုံကြီးအတွင်းရှိ ဆိုင်းခန်းများ ဖောက်ထွင်းခံရမှုဖြစ်ပွားခဲ့

မန္တလေး စျေးချိုတော် စျေးရုံကြီးအတွင်းရှိ ဆိုင်းခန်းများ ဖောက်ထွင်းခံရမှုဖြစ်ပွားခဲ့
Published 10 October 2021

မန္တလေး စျေးချိုတော် စျေးရုံကြီးအတွင်းရှိ ဆိုင်ခန်းများဖောက်ထွင်းခံရမှုဖြစ်ပွားခဲ့သောကြောင့် ပစ္စည်းပျောက်ဆုံးမှု အခြေအနေများ သိရှိနိုင်ရန် စျေရုံကိုယ်စားလှယ်များရှေ့တွင် ရုံဖွင့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း စျေးအကျိုးဝောာ်ဆောင်အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

အောက်တိုဘာ ၇ ရက် ညပိုင်းက အဆင့်မြင့်စျေးချိုတော် Aရုံနှင့် H ရုံ ကြား မြေညီထပ်လှေကား အပေါက်မှ သံတံခါးအား ကလန့်ပြီး လူဝင်ရောက်မှု့ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် သံတံခါးခြေရာလက်ရာ ပျက်နေမှုအား စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် စျေးလုံခြုံရေးအဖွဲ့မှ သက်ဆိုင်ရာရုံကိုယ်စားလှယ်များရှေ့တွင် ရုံဖွင့်စစ်ဆေးမှု့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စျေးချိုတော်A စပယ်ရုံ မြေညီထပ် မိဘမေတ္တာအထည်ဆိုင်မှ ကလေးဝတ်ပုဆိုး၊ လုံချည်စကတ်နှင့် အဝတ်အထည်အချို့ ပျောက်ဆုံးနေတာကို စစ်ဆေးတွေ့ရှိခဲ့ရပြီး ကောင်တာအံဆွဲများဖွင့်ခံထားရတဲ့ ဆိုင် ၅ ဆိုင်ကိုတွေ့ရှိခဲ့ရကြောင်း ထို့အတူ H ရုံမြေညီထပ်နှင့် H ရုံ ပထမထပ်ရုံအတွင်းရှိ ဆိုင်အချို့တွင် အံဆွဲများဖွင့်ထားသည်ကို တွေ့ရှိခဲ့သည့်အတွက်  ဆိုင်ရှင်များထံ ဆက်သွယ်မေးမြန်းမှုပြုလုပ်ခဲ့ရာ အံဆွဲများအတွင်းမှာ ငွေနှင့်အဖိုးတန်ပစ္စည်းများ မထားရှိခဲ့သည့်အတွက် ယင်းဆိုင်များမှ ပစ္စည်းပျောက်ဆုံးမှုမဖြစ်ခဲ့ဘဲ A ရုံရှိဆိုင်ခန်းမှသာ ပစ္စည်းများ ပျောက်ဆုံးမှုဖြစ်ပေါ်ခဲ့သည့်အတွက် ဆိုင်ရှင်ကိုခေါ်ယူပြီး ပျောက်ဆုံးစာရင်းမှတ်တမ်းယူကာ သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အမှု့ဖွင့်လှစ် ဆောင်ရွက်ထားကြောင်း စျေးချိုတော် စျေးအကျိုးတော်ဆောင်အဖွဲ့မှ ထုတ်ပြန်ထားသည်။

မန္တလေး ဈေးချိုတော်တွင် ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားမှုများကြောင့် ကာလကြာရှည်ပိတ်ထားရာမှ ပြီးခဲ့သည့် ဧပြီလနှင့် မေလအတွင်း စျေးရုံအတွင်း ဆိုင်ခန်းအချို့ပြန်လည်ဖွင့်လှစ်ရောင်းချမှုပြုလုပ်ခဲ့သော်လည်း ဇူလိုင်လအတွင်း ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှု ပြန်လည်မြင့်တက်လာသည့်အတွက် ဆိုင်ခန်းများ ပိတ်ထားခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် အဆင့်မြင့်စျေးချိုတော်နှင့် တိုက်တန်းကြီး စျေးပိတ်ထားသည့်အတွက် စျေးအတွင်ရှိ ပစ္စည်းများထုတ်ယူနိုင်ရန်အတွက် ဆိုင်ခန်းရှင်များလာရောက် စာရင်းပေးရန်ေစျေးအကျိုးတော်ဆောင်အဖွဲ့မှ အောက်တိုဘာ ၇ ရက်နေ့က ထုတ်ပြန်ထားသည်။

Most Read

Most Recent