COVID - 19 ဓာတ်ခွဲနမူနာ ၁၉၆၃၁ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာသစ် ၁၄၄၈ ဦးတွေ့ရှိပြီး ၃၆ ဦး ထပ်မံသေဆုံးကာ ရောဂါတွေ့ရှိမှုမှာ ၇ ဒသမ ၄ ရာခိုင်နှုန်းရှိ

COVID - 19 ဓာတ်ခွဲနမူနာ ၁၉၆၃၁ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာသစ် ၁၄၄၈ ဦးတွေ့ရှိပြီး ၃၆ ဦး ထပ်မံသေဆုံးကာ ရောဂါတွေ့ရှိမှုမှာ ၇ ဒသမ ၄ ရာခိုင်နှုန်းရှိ
Published 9 October 2021

အောက်တိုဘာ ၈ ရက် ည ၈ နာရီမှ အောက်တိုဘာ ၉ ရက် ည ၈ နာရီထိ ဓါတ်ခွဲနမူနာစုစုပေါင်း ၁၉၆၃၁  ခုအား စစ်ဆေးပြီးစီးရာ COVID - 19 ရောဂါ ဓါတ်ခွဲ အတည်ပြုလူနာသစ် ၁၄၄၈  ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အောက်တိုဘာ ၉ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရသိရသည်။ 

ထို့ကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၄၄၈ ဦးထပ်မံတွေ့ရှိခဲ့သဖြင့် အောက်တိုဘာ ၉ ရက်အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၇.၄ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ 

ထို့ပြင် ထပ်မံသေဆုံးသူဦးရေ ၃၆ ဦးရှိသဖြင့် အောက်တိုဘာ ၉  ရက်အထိ သေဆုံးသူ ၁၈၁၀၄ ဦးရှိကြောင်းသိရသည်။ 

မြန်မာနိုင်ငံတွင် စက်တင်ဘာ ၂၅  ရက် ည ၈ နာရီအထိ ဓါတ်ခွဲနမူနာ စုစုပေါင်း ၄၂၂၄၇၉၈ ခုကို စစ်ဆေးခဲ့ရာ COVID-19 ဓါတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၄၅၆၆၂၀ ဦးရှိပြီ ဖြစ်ကြောင်းသိရသည်။

ထို့အတူ အောက်တိုဘာ ၉ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၉၉၂ ဦးရှိသဖြင့် စုစုပေါင်း ၄၃၀၁၇၂ ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent