COVID-19 ကူးစက်ရောဂါ ပိုးတွေ့ သံဃာများပြားသည့်အတွက် မိုးကုတ်မြို့ရှိ ဘုန်း တော်ကြီးနှစ်ကျောင်းအား အသွားအ လာ ကန့်သတ်ခဲ့ကြောင်း မိုးကုတ်မြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အ ရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် တစ်ဦးက ပြောကြားသည်။
မိုးကုတ်မြို့လယ်ဦးရပ်ကွက်၊ နယ်မြေ (၆)ရှိ မဂ်လာမဂ္ဂင်ဘုန်းတော်ကြီးကျောင်း နှင့် ရှောလီဝိုင်းရပ်ကွက်၊ ပိတ်စွယ်ရပ်ရှိ ဣစ္ဆာ သယ ဘုရားတစ်ဆူ ဘုန်းတော်ကြီးကျောင်း တို့ရှိ သံဃာများ၊ သာမဏေများနှင့် ဝေယျာ ဝစ္စ ပြုလုပ်ပေးနေသည့်သူများထံမှ COVID-19 ရောဂါ ပိုးတွေ့ရှိရသဖြင့် အဆိုပါ ဘုန်းတော်ကြီး နှစ်ကျောင်းကို ယခု ၈ ရက်မှ ၂၁ ရက်အထိ အသွားအလာ ကန့်သတ်ထားခဲ့ ကြောင်း သိရသည်။
“မနေ့က ဣစ္ဆာသယဘုရားတစ်ဆူ ဘုန်းတော်ကြီး ကျောင်းက ဘုန်းကြီးက ကျွန်တော်တို့ကော်မတီကို လှမ်းဆက်သွယ်ပြီး ကျောင်းက ကိုရင်လေးတွေ အနံ့ပျောက်နေ တာလို့မိန့်ကြားလာတော့ ကော်မတီ စီစဉ်ပြီး ဆေးရုံကို ခေါ် Test Kit စစ်တော့ အားလုံး ၁၆ ဦးစစ်တာမှာ သာမဏေကိုးပါးနဲ့ ဘ ကျောင်းသားတစ်ဦးမှာ တွေ့တယ်။ စုစုပေါင်း ၁၀ ဦးပေါ့၊နောက်တစ်ကျောင်း မဂ်လာမဂ္ဂင် ကျောင်းကလည်း အနံ့ပျောက်ပြီး မအီမသာ ဖြစ်နေကြတယ်ဆိုပြီး သတင်းပို့လာတော့ အဲဒါလည်း ကော်မတီက စီစဉ်ပြီး ဆေးရုံခေါ် စစ်လိုက်တာ ရဟန်း ၁၉ ပါး၊ သာမဏေ သုံး ပါး၊ဝေယျဝစ္စ လုပ်ပေးနေတဲ့ ယောက်ျာလေး လေးယောက်၊မိန်းကလေး လေးယောက် ခေါ်စစ်တော့ ရဟန်း ခြောက်ပါး၊ သာမ ဏေ နှစ်ပါး၊ဝေယျဝစ္စ အမျိုးသမီးတစ်ဦး ပေါင်း ကိုးဦးတွေ့ပါတယ်။ သူတို့ကို စံတော်ဝင် ကုသရေးစင်တာပို့ပြီး ကုသမှုတွေ ဆောင်ရွက် ပေးနေပါတယ်။ အဲလို့ရောဂါပိုးတွေ့တာများ တော့ ကော်မတီကလည်း အစည်းအဝေး လုပ်ပြီး ကျောင်းသံဃာဦးရေနဲ့ ပိုးတွေ့တာ များနေတဲ့အတွက်နှစ်ကျောင်းကို လော့ဒေါင်း ချလိုက်တာ ဖြစ်ပါတယ် ” ဟု မိုးကုတ်မြို့နယ် COVID-19ကာကွယ်ထိန်းချုပ်ရေးနှင့် အ ရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် တစ်ဦးက ပြောကြားသည်။
COVID-19 ရောဂါပိုးတွေ့ရှိရသည့် ရဟန်း၊သာမဏေများနှင့် လူပုဂ္ဂိုလ်များကို မိုးကုတ်မြို့ အရှေ့ပိုင်း စံတော်ဝင် ကုသရေး စင်တာတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေး ထားကြောင်းနှင့် ကန့်သတ်ထားသည့် ကာလ အတွင်း သံဃာတော်များသည် ကျောင်းတိုက် ပြင်ပသို့ ထွက်ခွာသွားလာခြင်း မပြုရန်၊ပြင်ပမှ သံဃာ၊ပြည်သူများအနေဖြင့် ကျောင်းတိုက် အတွင်းသို့ ဝင်ရောက်ခြင်းမပြုရန်၊ ကျောင်း တိုက်အတွင်း သီတင်းသုံးနေသည့် သံဃာ တော်များသည် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ သီတင်းသုံး နေထိုင်ရမည်ဖြစ်ကာ ဆွမ်း၊ ခဲ ဖွယ်ကိစ္စများ၊ အရေးပေါ်ကျန်းမာရေးကိစ္စ များ ဆောင်ရွက်ရန်ရှိပါက အသွားအလာကန့် သတ်နေရာရှိ တာဝန်ရှိသူများနှင့် ဆက်သွယ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။















