နေပြည်​တော်တွင် လဝက ဝန်ကြီးဌာန ဝန်ထမ်း ကြိုပို့ယာဉ်အား လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခံရ

နေပြည်​တော်တွင် လဝက ဝန်ကြီးဌာန ဝန်ထမ်း ကြိုပို့ယာဉ်အား လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခံရ
Published 5 October 2021

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ရတနာဒီပ (၇) လမ်းနှင့် ရတနာဒီပ (၆) လမ်းဆုံ၊ တိုက်အမှတ် ၄၃၅၆ အနီးတွင် ရပ်နားထားသည့် လဝကဝန်ကြီးဌာနမှ ဝန်ထမ်းကြိုပို့ယာဉ် တစ်စီး ယနေ့(အောက်တိုဘာ ၅ ရက်) တွင် လက်လုပ်ဗုံးဖြင့် ပစ်ပေါက် ဖောက်ခွဲခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။



" လဝက ဖယ်ရီးကားအောက်ကို ပစ်ထည့်ပြီးတော့ ရီမုနဲ့ ဆိုင်ကယ်နဲ့လာပြီး ခွဲသွားတာ။ ဘာမှတော့ မဖြစ်ဘူး" ဟု နေပြည်တော်ဒေသခံ တစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ် ၊‌ အောက်တိုဘာလ ၅ ရက်က ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ရတနာဒီပ (၇) လမ်းနှင့် ရတနာဒီပ (၆) လမ်းဆုံ၊ တိုက်အမှတ် ၄၃၅၆ အနီးတွင် ရပ်နားထားသည့် လဝကဝန်ကြီးဌာနပိုင် ယာဉ်အမှတ် 6F-8561 အစိမ်းရောင်၊ ဝန်ထမ်းကြိုပို့ယာဉ် ဘယ်ဘက်ခြမ်း ရှေ့ဘီးအား လက်လုပ်ဗုံးဖြင့် ပစ်ပေါက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့ ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် အမှတ် (၉) နယ်မြေရဲစခန်း ခေတ္တစခန်းမှူး ဦးစီရဲတပ်ဖွဲ့ဝင်များ ရောက်ရှိ စစ်ဆေးခဲ့ရာ ဓာတ်ခဲအခွံ သုံးခု၊ ပလက်စတစ် အမဲအိတ် အစများဖြင့် ပြုလုပ်ထားသည်ကို တွေ့ရှိရပြီး ကားရှေ့ ကားဘီးဘေး ဆေးပွန်းမှု ဖြစ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent