ဘဏ်များမှ မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် ယာယီပြင်ဆင်လျှော့ချ သတ်မှတ်သည့်ကာလ တိုးမြှင့်

ဘဏ်များမှ မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် ယာယီပြင်ဆင်လျှော့ချ သတ်မှတ်သည့်ကာလ တိုးမြှင့်
ရန်ကုန်မြို့ရှိ  ပုဂ္ဂလိကဘဏ်ခွဲတစ်ခုတွင် ငွေရေးကြေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယခင်နှစ်များက တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်ခွဲတစ်ခုတွင် ငွေရေးကြေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယခင်နှစ်များက တွေ့ရစဉ်
Published 5 October 2021

ဘဏ်များမှ မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက် ယာယီပြင်ဆင်လျှော့ချ သတ်မှတ်သည့်ကာလ တိုးမြှင့်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားချက်အမှတ် ၁၃/၂၀၂၁ ဖြင့် ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် COVID-19 ရောဂါနှင့် ဆက်စပ်ဖြစ်ပေါ်လျက်ရှိသော အခြေအနေများအရ ဘဏ်များ၏ငွေကြေးလွယ်ကူမှုကို အထောက်အကူ ဖြစ်စေရန်အတွက်ဘဏ်များက မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်ကို ဘဏ်များမှအပ ဆက်သွယ်သူများ၏ အပ်နှံငွေစုစုပေါင်း၏ သုံးရာခိုင်နှုန်းသို့ ယာယီပြင်ဆင်လျှော့ချခြင်းအား (မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၇.၅.၂၀၂၁) ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၆/၂၀၂၁) ရည်ညွှန်းချက်ပါ ညွှန်ကြားချက်ဖြင့် ထုတ်ပြန်သတ်မှတ်ခဲ့ပြီး ပြင်ဆင်လျှော့ချမှုကာလသည် ၂၀၂၁ ခုနှစ် ဧပြီ ၂၈ -မေ ၂၅ မှ စက်တင်ဘာ ၁၅- အောက်တိုဘာ ၁၂ အထိ ဖြစ်သည်။

လက်ရှိဘဏ်များ၏ ငွေကြေးလိုအပ်မှု အခြေအနေအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များ၏ ငွေကြေးလွယ်ကူမှုကို ပိုမိုအထောက်အကူ ဖြစ်စေရန်အတွက် ညွှန်ကြားချက်အမှတ် (၆/၂၀၂၁) ပါ ယာယီပြင်ဆင် သတ်မှတ်ခဲ့သည့်ကာလများ နောက်ထပ် ခြောက်လထိန်းသိမ်းမှုကာလ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၃- နိုဝင်ဘာ ၉ မှ ၂၀၂၂ ခုနှစ် မတ်၂- မတ် ၂၉ အထိ တိုးမြှင့် သတ်မှတ်လိုက်သည်။

ဘဏ်များအနေဖြင့် ထိန်းသိမ်းမှုကာလ နောက်ဆုံးရက်တွင် မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်အချိုး သုံးရာခိုင်နှုန်း ပြည့်မီမှုမရှိကြောင်း တွေ့ရှိရပါက အဆိုပါဘဏ်များ၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ စံသတ်မှတ်ချက်များဖြစ်သည့် ဘဏ်၏ Digital Payment ဆောင်ရွက်မှုအခြေအနေ၊ ဘဏ်အချင်းချင်း စျေးကွက်နှင့် အစိုးရငွေချေးသက်သေခံ လက်မှတ်များ စျေးပြိုင်လေလံပါဝင် ဆောင်ရွက်မှုအခြေအနေနှင့် နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသော မူဝါဒများတွင် ပါဝင်ဆောင်ရွက်မှု အခြေအနေတို့အပေါ်မူတည်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်အမှတ် ၁၂/၂၀၁၆ ပါ၏ ဒဏ်ကြေးသတ်မှတ်ချက်အား လျော့ပေါ့စဉ်းစားပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Most Read

Most Recent