ရွှေနှင့် ဒေါ်လာဈေး ဆက်တိုက်ကျဆင်းလာပြီး မွန်းလွဲပိုင်းတွင် ရွှေတစ်ကျပ်သား ၁၈ သိန်း ရှစ်သောင်းကျော်နှင့် တစ်ဒေါ်လာလျှင် ကျပ် ၁၉၀၀ ကျော်သို့ ပြန်ကျ

ရွှေနှင့် ဒေါ်လာဈေး ဆက်တိုက်ကျဆင်းလာပြီး မွန်းလွဲပိုင်းတွင် ရွှေတစ်ကျပ်သား ၁၈ သိန်း ရှစ်သောင်းကျော်နှင့် တစ်ဒေါ်လာလျှင် ကျပ် ၁၉၀၀ ကျော်သို့ ပြန်ကျ
Published 5 October 2021

ရွှေနှင့် ဒေါ်လာဈေး ဆက်တိုက်ကျဆင်းလာပြီး မွန်းလွဲပိုင်းတွင် ရွှေတစ်ကျပ်သား ၁၈ သိန်း ရှစ်သောင်းနှင့် တစ်ဒေါ်လာလျှင် ကျပ် ၁၉၀၀ ကျော်သို့ ပြန်ကျလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ရန်ကုန်မြို့ရှိ ငွေလဲကောင်တာအချို့တွင် ဒေါ်လာဈေးမှာ ယနေ့( အောက်တိုဘာ ၅ ရက်) နံနက်တွင် တစ်ဒေါ်လာ ၂၂၀၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သော်လည်း မွန်းလွဲပိုင်း ၂ နာရီခန့်တွင် ၁၉၃၀ ကျပ်သို့ ရောက်ရှိလာခဲ့သည်။

“ဈေးက ဆက်တိုက်ကျနေတော့ ကောင်တာက ပေါက်ဈေးကိုကြည့်ပြီး အရောင်းအဝယ်လုပ်တာ ပိုအဆင်ပြေမယ်။ အခုကဈေးတော့ ဆက်တိုက်ကျနေတယ်” ဟု ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရွှေဈေးမှာလည်း နံနက်ပိုင်း အဖွင့်ဈေးမှာ ရွှေတစ်ကျပ်သားလျှင် ၁၉ သိန်း တစ်သောင်းဖြင့် ဈေးဖွင့်ခဲ့သော်လည်း မွန်းလွဲပိုင်း ၂ နာရီခန့်တွင် ၁၈ သိန်း ရှစ်သောင်းနှစ်ထောင်သို့ ရောက်ရှိလာခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

Most Read

Most Recent