ဧရာဝတီတိုင်းဒေသကြီးအတွင်း စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ တစ်သန်းရှိ စပါးခွံလောင်စာတောင့် ထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ရန် အတည်ပြု

ဧရာဝတီတိုင်းဒေသကြီးအတွင်း စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ တစ်သန်းရှိ စပါးခွံလောင်စာတောင့် ထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ရန် အတည်ပြု
Published 30 September 2021

ဧရာဝတီတိုင်းဒေသကြီးအတွင်း စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ တစ်သန်းရှိ စပါးခွံလောင်စာတောင့် ထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုလိုက်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၈ ရက်က ပုသိမ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပစဉ် အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍတွင် လုပ်ကိုင်ရန် ကျပ် ၆၇၁၉ သန်းကျော်ရှိသော ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သုံးခုကို မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုလိုက်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၂/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက် က ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၆၇၁၉ ဒသမ ၀၈၀ သန်းရှိသော ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သုံးခုကို အတည်ပြုပေးခဲ့သည်။

အဆိုပါ လုပ်ငန်းများမှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၁၄ နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တစ်နှစ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၃၀ ကို ခွင့်ပြုခဲ့ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၁၃ သန်းကျော် အပါအဝင် ကျပ် ၁၈၈၁ ဘီလျံကျော် ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စုစုပေါင်း လုပ်ငန်းအသစ် ၁၃၀ ခုကို ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၆၆ ဒသမ ၈၇၃ သန်း အပါအဝင် ကျပ် ၁၅၃၅ ဒသမ ၀၇၅ ဘီလျံဖြင့် ဆောင်ရွက်ရန် ခွင့်ပြုခဲ့ပြီး ဆောင်ရွက်ဆဲ ဖြစ်သော လုပ်ငန်းအရေအတွက်ပေါင်း ၃၀ ခုအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၄၆ ဒသမ ၇၄၅ သန်း အပါအဝင် ကျပ် ၃၄၆ ဒသမ ၃၈၄ ဘီလျံ ထပ်မံတိုးမြှင့် ဆောင်ရွက်ရန် ခွင့်ပြုမှုဖြင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၁၃ ဒသမ ၆၁၈ သန်း အပါအဝင် ကျပ် ၁၈၈၁ ဒသမ ၄၅၉ ဘီလျံကို လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စုစုပေါင်း လုပ်ငန်းအသစ် ၂၄၅ ခုကို ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၄ ဒသမ ၂၃၅ ဘီလျံဖြင့် ဆောင်ရွက်ရန် ခွင့်ပြုခဲ့ပြီး ဆောင်ရွက်ဆဲ လုပ်ငန်းဖြစ်သော လုပ်ငန်းအရေအတွက် ၁၁၀ ခု အတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၂၉၁ ဘီလျံ ထပ်မံတိုးမြှင့် ခွင့်ပြုပေးခဲ့သဖြင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၅ ဒသမ ၅၂၆ ဘီလျံ ခွင့်ပြုပေးခဲ့သည်။

အခြားတစ်ဖက်တွင် သီလဝါ အထူးစီးပွားရေးဇုန်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ရှစ်ခု၏ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁၆၃ ဒသမ ၂၇၇ သန်း ခွင့်ပြုပေးခဲ့သဖြင့်  ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပမာဏမှာ ဒေါ်လာ ၅ ဒသမ ၆၈၉ ဘီလျံ ခွင့်ပြုပေးခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာ အကျဉ်းချုပ်တွင် ဖော်ပြထားကြောင်း သိရသည်။

Most Read

Most Recent