စက်တင်ဘာ ၃၀ ရက်တွင် ပြည်တွင်း စက်သုံးဆီ အမျိုးအစားအားလုံး တစ်လီတာ ကျပ် ၁၅၀၀ ကျော်အထိ မြင့်တက်၍ ရှစ်လအတွင်း စက်သုံးဆီ အမျိုးအစားအလိုက် ၁၀၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၁၃၀ ခန့်အထိ မြင့်တက်

စက်တင်ဘာ ၃၀ ရက်တွင် ပြည်တွင်း စက်သုံးဆီ အမျိုးအစားအားလုံး တစ်လီတာ ကျပ် ၁၅၀၀ ကျော်အထိ မြင့်တက်၍ ရှစ်လအတွင်း စက်သုံးဆီ အမျိုးအစားအလိုက် ၁၀၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၁၃၀ ခန့်အထိ မြင့်တက်
Published 30 September 2021

စက်တင်ဘာ ၃၀ ရက်တွင် ပြည်တွင်း စက်သုံးဆီ အမျိုးအစားအားလုံး တစ်လီတာ ကျပ် ၁၅၀၀ ကျော်အထိမြင့်တက်၍ ရှစ်လအတွင်း စက်သုံးဆီအမျိုးအစားအလိုက် ၁၀၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၁၃ဝခန့်အထိ မြင့်တက်ခဲ့ကြောင်း ပြည်တွင်းစက်သုံးဆီအ ရောင်းဆိုုင်များမှ သိရသည်။

စက်တင်ဘာ ၃၀ ရက်တွင် ပြည်တွင်း၌ စက်သုံးစျေးနှုန်းများမှာ  ဒီဇယ်တစ်လီတာ လျှင် ၁၅၀၀ ကျပ်၊ ပရီမီယံဒီဇယ်တာ ၁၅၀၅ ကျပ်၊ အောက်တိန်း 92 RON တစ်လီတာ ၁၅၀၅ ကျပ်၊ အောက်တိန်း 95 RON တစ်လီတာ ၁၅၂၅ ကျပ် ရှိကြောင်း ပြည်တွင်းစက် သုံးဆီအရောင်းဆိုင်များမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်တွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ဒီဇယ်တစ် လီတာလျှင် ၆၆၀ ကျပ်၊ ပရီမီယံဒီဇယ်တာ ၆ရဝကျပ်၊ အောက်တိန်း 92 RON တစ်လီ တာ ၆၂၅ ကျပ်၊ အောက်တိန်း 95 RON တစ်လီတာရ၅၀ ကျပ်သာရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေး အသင်း(MPTA) က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ နှင့် လက်ရှိ ဖြစ်ပေါ်နေသည့် ပြည်တွင်းစက်သုံးဆီစျေး နှုန်းများကို နှိုင်းယှဉ်ကြည့်ပါက ရှစ်လအ တွင်း ဒီဇယ်တစ်လီတာလျှင် ကျပ် ၈၄ဝအထိ မြင့်တက်၍ ရာခိုင်နှုန်းအားဖြင့် ၁၂၇  ရာခိုင် နှုန်းကျော်မြင့်တက်ခဲ့သည်။

ပရီမီယံဒီဇယ် တစ်လီတာလျှင် ၈၃၅ ကျပ်ကျော်မြင့်တက်၍ ရာခိုင်နှုန်းအားဖြင့် ၁၂၄ ရာခိုင်နှုန်းကျော်၊ အောက်တိန်း 92 Ron တစ်လီတာလျှင် ကျပ် ၈၈၀ ကျော် မြင့်တက်၍ ရာခိုင်နှုန်းအားဖြင့် ရာခိုင်နှုန်း ၁၄ဝကျော်၊ အောက်တိန်း 95 Ron တစ်လီ တာလျှင်  ၇၇၅ ကျပ် မြင့်တက်ခဲ့ပြီး ရာခိုင် နှုန်းအားဖြင့် ၁၀၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ သည်။

မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင် စက်သုံးဆီတန်ချိန် ခြောက်သန်းဝန်းကျင် တင်သွင်းလျှက်ရှိကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ချက်များအရ သိရသည်။

လက်ရှိဘဏ္ဍာနှစ် ခုနစ်လတွင် ပြည်ပ မှ စက်သုံးဆီတန်ချိန် ၂ ဒသမ ၇ သန်းသာ တင်သွင်းမှု တန်ဖိုးဒေါ်လာ ၁ ဒသမ ၂ ဘီ လျံရှိပြီး ယခင်နှစ်ကာလတူထက် တင်သွင်း မှု တန်ချိန်တစ်သန်းကျော်အထိလျော့ကျခဲ့ ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိဘဏ္ဍာနှစ် ခုနစ်လတွင် ပြည်ပ မှ စက်သုံးဆီတင်သွင်းသည် ယခင်နှစ်ကာ လတူနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၁ ဒသမ ၀၀၂ သန်းလျော့ကျခဲ့သည့်အတွက် တန်ဖိုး ဒေါ်လာ ၆၆၃ ဒသမ ၃၄၇ သန်းလျော့ကျခဲ့ သည်။

အဆိုပါကာလအတွင်း ဒီဇယ်တန်ချိန် ၁ ဒသမ ၆၆ သန်းတင်သွင်းမှု တန်ဖိုးဒေါ် လာ ၇၂၁ ဒသမ ၁၇၃ သန်းရှိသည်။ ယခင် နှစ်ကာလတူထက် တန်ချိန်ခြောက်သိန်းခွဲ ကျော်လျော့ကျပြီး တန်ဖိုးဒေါ်လာသန်း ၄၃၀ ကျော်လျော့ကျခဲ့သည်။

ထို့အတူ ဓာတ်ဆီတန်ချိန်တစ်သန်း ကျော်တင်သွင်းမှု တန်ဖိုးဒေါ်လာ ၅၃၆ ဒမ သ ၁၁၃ သန်းရှိသည်။ ယခင်နှစ်ကာလတူ ထက် တန်ချိန်သုံးသိန်းခွဲကျော်လျော့ကျပြီး တန်ဖိုးဒေါ်လာ ၂၂၇ ဒသမ ၁၈ရသန်းလျော့ ကျခဲ့သည်။

Most Read

Most Recent