ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၄ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၄၀၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်း

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၄ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၄၀၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်း
Published 30 September 2021

စက်တင်ဘာ ၃၀ ရက်တွင် ကမ္ဘာ့ ဒေါ်လာဈေး အညွှန်းကိန်း ၉၄  ပွိုင့်ဝန်း  ကျင်ရှိပြီး နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၄၀၀ ဝန်းကျင် သို့ ပြန်လည်  ကျဆင်းလာကြောင်း နိုင်ငံခြား ငွေကြေးရောင်း ဝယ်သူများထံမှ သိရသည်။

ပြည်တွင်း၌ ကျပ်ငွေတန်ဖိုးကျဆင်းမှု ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပြီး စက်တင်ဘာ ၃၀ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်း ၉၃ ပွိုင့် ဝန်းကျင်ရှိကာ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၇၀၀ ဝန်းကျင်အထိ စံ ချိန်တင် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားငွေ ကြေးရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀  ရက်တွင်ဖြစ်ပေါ်သော အခြား နိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှု  နှုန်းထားများမှာ ယူရို၂၅၀၀ ကျပ်၊ စင်ကာပူ ဒေါ်လာ ၁၅၈၀ ကျပ်၊ မလေးရှားရင်းဂစ် ၅၁၀ ကျပ်၊ ထိုင်းဘတ် ၆၇ ကျပ်တို့ ဖြစ်သည်။

နိုင်ငံခြားငွေရောင်းစျေးနှုန်း နှင့်ဝယ် စျေးနှုန်းအကြား အများဆုံးထားရှိရမည့် ကွာ ဟချက် သတ်မှတ်ခြင်းကို ပယ်ဖျက်ပြီးနောက် နိုင်ငံခြားငွေလဲ ကောင်တာများတွင် အမေရိ ကန်ဒေါ်လာ တစ်ဒေါ်လာ ကျပ် ၂၀၀၀ ဝန်း ကျင်ဖြင့် စတင်ရောင်းချခဲ့ကြောင်း နိုင်ငံခြား ငွေလဲကောင်တာများမှ သိရသည်။

သို့ဖြစ်၍ စက်တင်ဘာ ၁၂ ရက်မှ စတင် ကာ နိုင်ငံခြားငွေလဲကောင်တာများတွင် အ မေရိကန်ဒေါ်လာ တစ်ဒေါ်လာကျပ် ၂၀၀၀ ဝန်းကျင်ဖြင့် ရောင်းချနေခြင်းဖြစ်သည်။

သြဂုတ် ၈ ရက်က ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲ လှယ်ခြင်းတို့ လုပ်ဆောင်ရာတွင် CBM Reference Rate အား Mid Rate ဖြင့် သတ်မှတ်၍ ရောင်းစျေးနှုန်းနှင့် ဝယ်စျေးနှုန်း ကို သုည ဒသမ ၈ ရာခိုင်နှုန်းဘောင်အတွင်း မှဆောင်ရွက်ရန် ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏နိုင်ငံခြားသုံးငွေလုပ်ငန်းဆောင်ရွက်ချက်များမှာ  ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းအတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေလဲ လှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန် မာကျပ်ငွေတန်ဖိုးကျဆင်းသည့် ရာခိုင်နှုန်း သည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြား ငွေ (အမေရိကန်ဒေါ်လာ ရောင်းချရန် စျေး ပြိုင်လေလံကို ဖွင့်လှစ် ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်သည့်ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေး ပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံ တော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက် တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့် ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာ ကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာလဲလှယ် နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့ နှိုင်းယှဉ်ချက် အရ မြန် မာကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်း များအရ သတ်မှတ်ချက်ထက်ကျော် လွန်လျှင် နိုင်ငံခြားငွေ (ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင် လေလံကို  ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့် ဆုံးလဲလှယ် နှုန်းအကြား AD ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ ရောင်းချရန် တင်ပြ ချက်များကို Refinitiv ယခင် Thomson Reuters ၏ လေလံအရောင်းအဝယ်စနစ် ကို အသုံးပြု၍ ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချ ခြင်းဖြစ်သည်။ ကာလတိုအတွင်း နိုင်ငံခြား ငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်း ကို လျော့နည်းစေရန်ဖြစ်သည်။

Most Read

Most Recent