လက်ရှိဘဏ္ဍာနှစ် ၁၀ လအတွင်း ပြည်ပပို့ကုန်များအနက် CMP လက်ခစားစနစ်ဖြင့် အထည်ချုပ်ကဏ္ဍက ဒေါ်လာသန်း ၂၈၀၀ ကျော်ဖြင့် အများဆုံးဖြစ်ပြီး သဘာဝဓာတ်ငွေ့က ဒေါ်လာသန်း ၂၁၀၀ ကျော်ဖြင့် ဒုတိယအများဆုံးဖြစ်

လက်ရှိဘဏ္ဍာနှစ် ၁၀ လအတွင်း ပြည်ပပို့ကုန်များအနက် CMP လက်ခစားစနစ်ဖြင့် အထည်ချုပ်ကဏ္ဍက ဒေါ်လာသန်း ၂၈၀၀ ကျော်ဖြင့် အများဆုံးဖြစ်ပြီး သဘာဝဓာတ်ငွေ့က ဒေါ်လာသန်း ၂၁၀၀ ကျော်ဖြင့် ဒုတိယအများဆုံးဖြစ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို ယခင်နှစ်က တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို ယခင်နှစ်က တွေ့ရစဉ်
Published 26 September 2021

လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာမှ ဇူလိုင်လကုန်အထိ ၁၀ လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့နေသည့် ပို့ကုန်များအနက် CMP လက်ခစားစနစ်ဖြင့် အထည်ချုပ်ကဏ္ဍမှ ဒေါ်လာသန်း ၂၈၀၀ ကျော်ဖြင့် အများဆုံးဖြစ်ပြီး သဘာဝဓာတ်ငွေ့မှာ ဒေါ်လာသန်း ၂၁၀၀ ကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဇူလိုင်အထိ ၁၀ လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့နေသည့် ပို့ကုန်များအနက် CMP လက်ခစားစနစ်ဖြင့် အထည်ချုပ်ကဏ္ဍမှ ဒေါ်လာ၂၈၂၁ ဒသမ ၄၀ သန်း၊ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ၂၁၉၄ ဒသမ ၈၀ သန်း၊ ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၆၄၂ ဒသမ ၂၁ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဇူလိုင်အထိ ၁၀ လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်အများဆုံး တင်ပို့ထားသည့် ၁၀ နိုင်ငံစာရင်း၌ တရုတ်နိုင်ငံသို့ ဒေါ်လာ ၄၄၀၈  ဒသမ ၃၀ သန်းဖြင့် အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဒေါ်လာ ၂၅၄၈ ဒသမ ၁၂ သန်းဖြင့် ဒုတိယအများဆုံးဖြစ်ကာ အစဉ်လိုက်ရပ်တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဂျပန်နိုင်ငံသို့ ဒေါ်လာ ၇၆၈ ဒသမ ၀၄ သန်း၊ အိန္ဒိယနိုင်ငံသို့ ဒေါ်လာ ၆၅၃ ဒသမ ၈၁ သန်း၊ အမေရိကန်သို့ ဒေါ်လာ ၅၁၉ ဒသမ ၉၃သန်း၊ ဂျာမနီနိုင်ငံသို့ ဒေါ်လာ ၃၄၉ ဒသမ ၈၂ သန်း၊ UK သို့ ဒေါ်လာ ၃၀၇ ဒသမ ၀၇ သန်း၊ စပိန်နိုင်ငံသို့ ဒေါ်လာ ၂၉၂ ဒသမ ၆၅ သန်း၊ နယ်သာလန်သို့ ဒေါ်လာ ၂၇၅ ဒသမ ၃၆ သန်း၊ တောင်ကိုရီးယားနိုင်ငံသို့ ဒေါ်လာ ၂၄၉ ဒသမ ၄၄ သန်း တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂ ဒသမ ၁၂၆ ဘီလျံကျော်ရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှု တန်ဖိုးဒေါ်လာ ၆ ဒသမ ၇၂၄ ဘီလျံကျော် တင်သွင်းထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂၁၂၆ ဒသမ ၂၇၈ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၅၄၀၁ ဒသမ ၉၄၃ သန်းရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆၇၂၄ ဒသမ ၃၃၅ သန်း တင်သွင်းထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမခြောက်လပတ်အတွင်း မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက် နိုင်ငံများအနေဖြင့် တရုတ်နှင့် ၃၃ ရာခိုင်နှုန်းကျော်၊ ထိုင်းနှင့် ၁၃ ဒသမ ၆ ရာခိုင်နှုန်း၊ စင်ကာပူနိုင်ငံနှင့် ၉ ဒသမ ၇ ရာခိုင်နှုန်း၊ ဂျပန်နှင့် ၅ ဒသမ ၃ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံနှင့် လေးရာခိုင်နှုန်း၊ အခြားနိုင်ငံများနှင့် ၃၄ ဒသမ ၃ ရာခိုင်နှုန်း ကုန်သွယ်နိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ပထမခြောက်လပတ် အစီရင်ခံစာနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအမှတ်စဉ် (၈/၂၀၂၀) အရ သိရသည်။

COVID-19 ကြောင့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြန်မာ- ထိုင်းနှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာသန်း ၅၁၀၀ ကျော်သာရှိပြီး ယခင်နှစ်ထက် ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၃၅၀ ကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၃၀၉၅ ဒသမ ၉၈၈ သန်းရှိသည်။ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၂၀၁၃ ဒသမ ၄၈၆ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅၁၀၉ ဒသမ ၄၇၉ သန်းရရှိထားသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ၏ အဓိကဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်း အခြေခံစားသောက်ကုန် ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်း အချက်အလက်ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင် ဆောင်ရွက်ခြင်းကဏ္ဍ စသည်တို့လည်း ပါဝင်သည်။