အာစင်ဝင်းဂါးဆီကနေ ယွန်းဘတ်အမွေရခဲ့တာ လူငယ်တွေရဲ့ လုပ်နိုင်စွမ်းအပေါ် ယုံကြည်ခြင်းပါပဲ။ ပြီးတော့ Man managementပါပဲ။ လူငယ်တွေဆီကနေ ပြန်လည်သင်ယူခြင်းကိုလည်း ယွန်းဘတ် ခုံမင်ခဲ့ပါတယ်။ အာဆင်နယ် ယူ-၁၅ ၊ အာဆင်နယ် ယူ- ၁၆ ၊ အာဆင်နယ် ယူ-၁၉ အသင်းတွေမှာ ကျင်လည်ပြီးနောက် ယွန်းဘတ်ဟာ ဝုလ်ဖ်ဘတ် လက်ထောက်နည်းပြအဖြစ် စွန့်စားခန်းထွက်ခဲ့ပါသေးတယ်။ ပြီးတော့ အာဆင်နယ်ယူ-၂၃ အသင်းဆီ ပြန်ရောက်လာသူဟာ သူတစ်ခါမှ မမျှော်လင့်ထားဖူးတဲ့ အာဆင်နယ်နည်းပြဘဝကိုလည်း ခေတ္တပိုင်ဆိုင်ခွင့်ရဖူးတယ်။ အဲဒီကာလတွေဟာ သင်ယူပြီးရင်းသင်ယူနေရချိန်တွေပဲ။ Elite အလွှာကို ခပ်မြန်မြန်ရောက်ရမယ်လို့ ယွန်းဘတ် စိတ်ကူးယဉ်မနေပါဘူး။ အခုဆိုရင် နည်းပြလောကထဲ ကျင်လည်လာတာ (၅)နှစ်ရှိ ခဲ့ပါပြီ။ ဆုဖလားအောင်မြင်မှု၊ ကျော်ကြားမှုဆို တဲ့အရာတွေထက် ပတ်သက်ခဲ့ရသူတွေအပေါ် အကောင်းဆုံးနားလည်ပေးနိုင်သူအဖြစ်သာ သူ့ ကိုယ်သူ တည်ဆောက်နေတယ်။
ယွန်းဘတ်ပြောတဲ့ Evolution
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။