ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ရပ်ဆိုင်းနေသည်မှာ ၁၁ လကျော်နေပြီဖြစ်သည်။ သို့အတွက် စစ်ဘေးဒုက္ခသည်စခန်းများတွင် နှစ်နှစ်ကျော်ကြာ ခိုလှုံနေရသည့် စစ်ဘေး ဒုက္ခသည်များမှာလည်း မိမိနေရပ်သို့ ပြန်ချင် နေကြပြီဖြစ်သည်။
ယင်းသို့ အိမ်ပြန်ချိန်အိပ်မက်ကို မက်နေသူများထဲတွင် ရသေ့တောင်မြို့နယ် ရေစိုးချောင်းကျေးရွာသူ အသက် ၂၇ နှစ်အရွယ် မဖြူမချေလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ မဖြူမချေတို့မိသားစုသည် စစ်တွေမြို့ပေါ်ရှိ အမျိုးသားကျောင်းဘုန်းတော်ကြီးကျောင်း စစ်ရှောင်စစ်ခန်းတွင် ခိုလှုံနေသည်မှာ ယခု ဆိုလျှင် နှစ်နှစ်ကျော်နေပြီဟု ဆိုသည်။ ရွာက ထွက်ပြေးလာစဉ်က နှစ်နှစ်အရွယ် သမီးငယ် လေးပင် ယခုဆိုလျှင် လေးနှစ်အရွယ်သို့ ရောက်ရှိနေပြီဟု ဆိုသည်။
“ကျွန်မတို့ ရွာက ထွက်လာတာက လွန် ခဲ့တဲ့ နှစ်နှစ်က တပေါင်းလမှာပါ။ ရွာအနား တောင်တန်းတွေမှာ ပစ်ခတ်သံတွေက နေ့ စဉ်ရက်ဆက်ကြားခဲ့ရတယ်။ ညဆိုလည်း လက်နက်ကြီးပစ်ခတ်သံတွေကြောင့် လုံးဝ ညမအိပ်ကြရဘူး။ ကလေးတွေဆို လက်နက် ကြီးသံ ကြားရင် တအားကြောက်နေကြတယ်။ ဒါကြောင့် ကျွန်မတို့ ရွာသားတွေဟာ ရရာ လောင်းလှေ၊ စက်လှေတွေနဲ့ နီးစပ်ရာကို ထွက်ပြေးခဲ့ကြရတယ်”ဟု မဖြူမချေက ၎င်းင်း တို့မိသားစု ထွက်ပြေးခဲ့ရပုံကို ပြန်ပြောင်း ပြောပြသည်။
မဖြူမချေတို့ ရေစိုးချောင်းကျေးရွာ သည် မေယုတောင်တန်းအောက်ခြေတွင် တည်ရှိပြီး လက်နက်ကြီးများ ပစ်ခတ်မှု ကြောင့်လည်း အနီးရှိ ကျေးရွာများမှ ဒေသခံ များမှာ စိုးရိမ်ခဲ့ကြသည်။ နေ့စဉ်ရက်ဆက် ပစ်ခတ်သံများကြောင့် ရွာမှာမနေရဲတော့ဘဲ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြခြင်းဖြစ် သည်။ ထို့ကြောင့် မဖြူမချေတို့မိသားစု အပါ အဝင် ရေစိုးချောင်းကျေးရွာသားများသည် ၂၀၁၉ ခုနှစ် မတ်လအတွင်း ရွာကိုစွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။
ကျေးရွာသားများမှာ ရသေ့တောင်မြို့ ပေါ် စစ်ဘေးဒုက္ခသည်စခန်းများသို့ ရောက် ရှိခိုလှုံခဲ့ကြသလို စစ်တွေမြို့ပေါ်ရှိ စစ်ဘေး ဒုက္ခသည်စခန်းများတွင်လည်း ခိုလှုံနေခဲ့ကြ သည်။
“ကျွန်မတို့က ရရာစက်လှေတစ်စင်းနဲ့ တခြားရွာသားတွေနဲ့အတူ ရသေ့တောင်မြို့ ကို ထွက်ပြေးတယ်။ ရသေ့တောင်ကနေ သင်္ဘောစီးပြီး စစ်တွေကို ရောက်လာကြတာ ပါ။ စစ်တွေကိုရောက်တော့ နီးစပ်ရာ ဘုန်း တော်ကြီးကျောင်းတွေကို အသီးသီး ခိုလှုံခဲ့ ကြရတယ်။ အရင်ကတော့ ကျွန်မယောက်ျား လည်း အပြင်မှာထွက်ပြီး အလုပ်လုပ်လို့ရ သေးတယ်။ အခုတော့ ကိုဗစ်ကာလမှာ အပြင်ထွက်လို့လည်း အလုပ်မလုပ်ရတော့ ထောက်ပံ့ရေးအဖွဲ့တွေက ပေးတာနဲ့ဖြစ် သလိုစားသောက်နေရတယ်။ ဒီမှာလည်း အကြာကြီး မနေချင်တော့ဘူး။ ကိုယ့်ရပ်ရွာ ကိုပဲ ပြန်ချင်ပါပြီ”ဟု မဖြူမချေက ပြောကြား သည်။
မဖြူမချေကဲ့သို့ပင် စစ်ဘေးဒုက္ခသည် အများစုမှာ စခန်းတွင် အလုပ်လက်မဲ့ဖြင့် သူ များထောက်ပ့ံသည်ကို စားသောက်မနေလို တော့ပေ။ နေရပ်ပြန်ချင်နေကြပြီဖြစ်သည်။
တိုက်ပွဲများ ရပ်ဆိုင်းနေသည့်ကာလ တွင် နေရပ်ပြန်ကြသူများလည်းရှိနေပြီဖြစ်သည်။ သို့ရာတွင် တောတောင်နှင့်နီးသည့် ကျေးရွာများနှင့် တပ်မတော်တပ်စခန်းချထား သည့် နေရာအနီးတွင် တည်ရှိသည့် ကျေး ရွာအများစုမှာ မပြန်နိုင်ကြသေးပေ။
■ ပြန်နေဖို့ အိမ်မရှိတော့သူများ
တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသများမှ ဒေ သခံအများစုမှာ တောတောင်များကို မှီခိုကာ သစ်ဝါးခုတ် ရောင်းချစားသောက်ကြသူများ၊ တောင်ယာလုပ်သူများ၊ ကိုင်းကျွန်းမြေလုပ် သူများဖြစ်သည်။ တိုက်ပွဲများရပ်တန့်နေ သော်လည်း တောတောင်များကို ဟင်းရှာ သွားသူများ၊ ထင်းခုတ်သွားသူများမှာ မိုင်း နင်းမိ၍ သေဆုံးဒဏ်ရာရမှုများလည်း မကြာ ခဏ ဖြစ်ပွားလျက်ရှိနေသည်။
ထို့ပြင် တပ်မတော် တပ်စခန်းများ ချ ထားရာ ဒေသများတွင်လည်း ရှိနေသည့် ဒေ သခံများမှာလည်း တိုက်ပွဲပြန်ဖြစ်လာလျှင် ယခင်ကကဲ့သို့ ထွက်ပြေးရန် မလွယ်ကူမည် ကို စိုးရိမ်နေကြသည့်အတွက် နေရပ်ပြန်ဖို့ စိုးရွံ့နေကြခြင်းဖြစ်သည်။
“ကျွန်တော်တို့ က နေရပ်ပြန်ချင်ပြီ။ မီးလောင်သွားတဲ့အိမ်တွေကို ဆောက်ပေးမယ်။ မိုင်းရှင်းလင်းပေးမယ်ဆိုရင် ကျွန်တော်တို့ ချက်ချင်းနေရပ်ပြန်တော့မယ်”ဟု ကျောက် တော်မြို့နယ် တင်းမကျေးရွာသားတစ်ဦးက ပြောကြားသည်။
လက်ရှိအနေအထားအရ တိုက်ပွဲရပ် ဆိုင်းနေသော်လည်း တပ်မတော်နှင့် AA တို့ အကြား တရားဝင် အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးထားသေးပေ။
တိုက်ပွဲ ရပ်ဆိုင်းနေစဉ်ကာလအတွင်း ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီသည် တိုက်ပွဲအတွင်း မီးရှို့ခံရသော ကျေးရွာတချို့ မှ နေအိမ်များကို ပြန်လည်တည်ဆောက်ပေး ခဲ့သည်။ ထို့နောက် နေရပ်ပြန်မည့် စစ်ဘေး ဒုက္ခသည် အိမ်ထောင်စုများကိုလည်း ငွေနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့သည်။ ထို့ ကြောင့် စစ်ဘေးဒုက္ခသည်တချို့ နေရပ်ပြန်ခဲ့ ကြပြီဖြစ်သည်။
မီးရှို့ခံရသည့် မြောက်ဦးမြို့နယ် လက္ကာ ကျေးရွာနှင့် မင်းပြားမြို့နယ် ဖားပြိုကျေးရွာ နှစ်ရွာကို နေအိမ်ပြန်ဆောက်ပေးခဲ့သည့် အတွက် အဆိုပါ ကျေးရွာ နှစ်ရွာမှ စစ်ဘေး ရှောင်များ နေရပ်ပြန်ခွင့်ရခဲ့ပြီဖြစ်သည်။
အိမ်ခြေ ၃ဝဝကျော်ရှိပြီး လူဦးရေ နှစ် ထောင်ကျော်နေထိုင်သည့် မြောက်ဦးမြို့နယ် လက္ကာကျေးရွာတွင် မီးလောင်ခဲ့ပြီး နေအိမ် ၁၉၇ လုံး ပျက်စီးဆုံးရှုံးခဲ့သည်။ ၎င်းင်းကျေးရွာ သားများမှာ ပီပင်ရင်းစစ်ဘေးရှောင်စခန်း၊ တိမ်ညိုစစ်ဘေးရှောင်စခန်း၊ ဘူးရွက်မညိုး ကျေးရွာနှင့် ဘုရားကြီးကျေးရွာစသည့် နေ ရာများတွင် ၂၀၁၉ ခုနစ် ဧပြီ ၁၀ ရက်မှစပြီး ထွက်ပြေးခိုလှုံခဲ့ကြရသည်။ လက်ရှိတွင် နေ အိမ်များ ပြန်ဆောက်ပြီးစီးသဖြင့် လက္ကာ ကျေးရွာသားများ နေရပ်ပြန်နိုင်ခဲ့သည်။
အလားတူ မင်းပြားမြို့နယ် ဖားပြိုကျေး ရွာတွင်လည်း ၂၀၂၀ ခုနှစ် မတ်လက မီး လောင်သွားသည့် နေအိမ် ၄၁ ဆောင်ရှိခဲ့ သည်။ ဖားပြိုကျေးရွာတွင် နေအိမ်များ ပြန် ဆောက်ပြီးစီးသဖြင့် စစ်ဘေးဒုက္ခသည်စခန်း များတွင် ခိုလှုံခဲ့ကြသည့် ကျေးရွာသားများ နေရပ်ပြန်ခဲ့ကြပြီဖြစ်သည်။
အလားတူ နေရပ်မပြန်နိုင်သေးဘဲ စစ် ဘေးဒုက္ခသည် စခန်းများတွင် ခိုလှုံနေထိုင် နေဆဲ ဒုက္ခသည်များကိုလည်း ကိုဗစ်ကာ ကွယ်ဆေးထိုးပေးခြင်းနှင့် စားနပ်ရိက္ခာ ပုံ မှန်ရောက်ရှိရေးအတွက် ရိက္ခာထောက်ပံ့ရေး အဖွဲ့များကို ခွင့်ပြုလာသည်ကိုတွေ့ရသည်။
ထို့ပြင် နှစ်နှစ်ကျော်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် AA အဖွဲ့ကို အကြမ်းဖက် အဖွဲ့အဖြစ်မှ ဖယ်ရှားခဲ့ပြီး အကြမ်းဖက်မှုဖြင့် တရားစွဲဆိုခဲ့သူများထဲမှ အချို့ကိုလည်း အမှု ရုပ်သိမ်းပေးကာ ပြန်လွှတ်ပေးခဲ့သည်ကို တွေ့ရသည်။
တိုက်ပွဲရပ်ဆိုင်းခဲ့ပြီးနောက် AA ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးပိုင်းကို ကိုင် တွယ်လာခြင်းနှင့်ပတ်သက်၍ မြို့နယ်နှစ်ခု ၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ကို တပ်မ တော်က ခေါ်ယူသတိပေးမှုရှိခဲ့သော်လည်း ပြင်းထန်သည့် နှစ်ဖက်တင်းမာမှုများ မရှိခဲ့ ပေ။
သို့ရာတွင် တပ်မတော်နှင့် AA အကြား တရားဝင် အပစ်အခတ် ရပ်စဲထားခြင်းမျိုး မဟုတ်သဖြင့် တိုက်ပွဲပြန်ဖြစ်လာမည်ကို ဒေ သခံများ စိုးရိမ်နေဆဲဖြစ်သည်။
အိမ်မပြန်နိုင်သေးသည့် တစ်သိန်းကျော်သော ဒုက္ခသည်များ
လက်ရှိ ကိုဗစ်ကပ်ဘေးကာလတွင် စစ်ဘေးဒုက္ခသည်များ အပြင်ထွက်အလုပ် မလုပ်နိုင်ခြင်း၊ ထောက်ပံ့ရေးအဖွဲ့များ နည်း ပါးလာခြင်း၊ စားနပ်ရိက္ခာထောက်ပံ့မှုများ ရပ်ဆိုင်းခဲ့ခြင်းတို့ကြောင့် စစ်ဘေးဒုက္ခသည် အချို့ နေရပ်ပြန်မှုများရှိခဲ့သည်။ ယင်းမတိုင် မီ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲပြီးနောက် ၍ စစ်ဘေးဒုက္ခသည် ထောင်နှင့်ချီ ကာ နေရပ်ပြန်ခဲ့ကြခြင်းလည်းဖြစ်သည်။
လက်ရှိတွင် နေရပ်ပြန်သူ စစ်ဘေးဒုက္ခ သည်မှာ တစ်သောင်းကျော် ရှိခဲ့ပြီဖြစ်သော် လည်း ဒုက္ခသည်တစ်သိန်းကျော်မှာ နေရပ် မပြန်နိုင်သေးကြောင်း REC စာရင်းအရ သိရသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ၏ စာရင်းများအရ စစ် ဘေးဒုက္ခသည်စခန်းအသီးသီးတွင် ခိုလှုံနေ ဆဲ စစ်ဘေးဒုက္ခသည် ခြောက်သောင်းကျော် နှင့် စခန်းပြင်ပ နီးစပ်ရာအသီးသီးတွင် ခိုလှုံ နေကြသူ လေးသောင်းကျော် စုစုပေါင်း စစ် ဘေးဒုက္ခသည် တစ်သိန်းကျော်သည် အိမ် ပြန်ချိန်အိပ်မက်ကို မက်နေရဆဲဖြစ်သည်။
ဒုက္ခသည်စခန်းရှိ ၁၀ ပေပတ်လည် ၀ါး တဲအိမ်များတွင် မိသားစုတစ်စုလုံး ပြွတ်ခဲစွာ နေထိုင်နေရခြင်း၊ အိမ်ထောင်စုအများအပြား ပူးကပ်စွာ နေထိုင်နေရပြီး ကိုဗစ်ကူးစက်မှုကို စိုးရိမ်ရသည့်အခြေအနေရှိခြင်း၊ ကိုဗစ်ကာလ စားနပ်ရိက္ခာ အခက်အခဲအကျပ်အတည်း မျိုးစုံကို နှစ်ကာလကြာရှည်စွာ မခံစားလို တော့ခြင်းတို့ကြောင့် ၎င်းတို့ဇာတိရပ်ရွာများ ဆီ ပြန်ချင်နေကြခြင်းလည်းဖြစ်သည်။
သို့ရာတွင် ကျေးရွာအနီး စစ်စခန်းများ ရှိနေသေးခြင်း၊ ကျေးရွာအတွင်းရှိ လူမနေ သည့်နေအိမ်များ ပျက်စီးယိုယွင်းနေခြင်း၊ မီး လောင်ဆုံးရှုံးနေခြင်းတို့အပြင် ၎င်းင်းတို့လုပ် ကိုင်စားသောက်ခဲ့ရာ တောတောင် လယ် ကွင်းများတွင် မိုင်းအန္တရာယ်ကို စိုးရိမ်ရသည် တို့ကြောင့် စစ်ဘေးဒုက္ခသည်တို့၏ နေအိမ် ပြန်အိပ်မက်များမှာလည်း အကောင်အထည် မဖော်နိုင်သေးပေ။
“ကျွန်မတို့က တောတောင်ကိုသွားပြီး ဟင်းခူး ထင်းခုတ် လုပ်ကိုင်စားသောက်နေကြ တာ။ အခု အဲဒီနေရာတွေက တိုက်ပွဲဖြစ်ခဲ့ရာ နေရာတွေဆိုတော့ မိုင်းအန္တရာယ်ကို စိုးရိမ် နေရတယ်။ဒါကြောင့် အိမ်ပြန်ချင်ပေမဲ့ ဘယ်အချိန်ပြန်နိုင်မလဲဆိုတာ မပြောနိုင် သေးဘူး”ဟု ရသေ့တောင်မြို့နယ် ရေစိုး ချောင်းကျေးရွာသူ မဖြူမချေက ပြောကြား သည်။