ကပ်ဘေးတွေကြား မွန်ပြည်နယ်အတွင်းမှ မြုပ်ချည်ပေါ်ချည်ဘဝများ

ကပ်ဘေးတွေကြား မွန်ပြည်နယ်အတွင်းမှ မြုပ်ချည်ပေါ်ချည်ဘဝများ
မော်လမြိုင်မြို့အတွင်းရှိ အခြေခံလက်လုပ်လက်စားနေအိမ်များကို အလှူရှင်များက ဆန်၊ ဆီ အစရှိသည်ဖြင့် သွားရောက်လှူဒါန်းနေစဉ် (Photo  - Mawlamyine Rescue Team)
မော်လမြိုင်မြို့အတွင်းရှိ အခြေခံလက်လုပ်လက်စားနေအိမ်များကို အလှူရှင်များက ဆန်၊ ဆီ အစရှိသည်ဖြင့် သွားရောက်လှူဒါန်းနေစဉ် (Photo - Mawlamyine Rescue Team)
Published 19 September 2021
ဘိုဘိုမြင့်

“ကပ်ရောဂါကာလလည်းဖြစ်နေတယ်။ မိုးရာသီကလည်းဖြစ်နေတယ်။ တောင်ကလည်း ပိတ်ထားတော့ စားဝတ်နေရေးအ တွက်ကို တော်တော်လေး ဒုက္ခရောက်နေကြပါတယ်။ အဓိကက အလုပ်မရှိတော့ စားဝတ် နေရေးခက်ခဲနေကြတဲ့ သဘောပါပဲ။ ဒီကာလမှာ မျှစ်ချိုး၊ ၀ါးခုတ် ဒါလေးတွေပဲ လုပ်ပြီးတော့ စားဝတ်နေရေးကို ဖြေရှင်းနေကြရပါတယ်။ အလှူရှင်တွေလာရင်တော့လည်း တစ်ပတ် ၁၀ ရက်လောက် သုံးနပ်စားရတယ် ပေါ့ဗျာ”လို့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ရှိတဲ့ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီး တည်ရှိရာ တောင်တော်အနီးက ရသေ့တောင်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

COVID-19 ကူးစက်ကပ်ရောဂါ အခြေအနေကြောင့် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်ကြီး  ဖူးမြော်ခွင့်ကို ပြီးခဲ့တဲ့နှစ် မတ်လကလည်းက ပိတ်ထားတာ ယခုဆိုရင် တစ်နှစ်ခွဲနီးပါးရှိလာပါပြီ။ ကျိုက်ထီးရိုးဒေသ တစ်လျှောက်မှာနေထိုင်ပြီး လုပ်ကိုင်စားသောက်နေကြတဲ့ အထမ်းသမားတွေ၊ ခေါင်းရွက်ဗျပ်ထိုးစျေးသည်တွေ စသည်ဖြင့် အခြေ ခံလူတန်းစားလို့ပြောရမယ့် ပြည်သူတွေ အနေနဲ့ တောင်ပိတ်ချိန်ကြာလာတာနဲ့အမျှ အလုပ်အကိုင်အခွင့်အလမ်းတွေ မရှိတော့ ဘဲ စားရေးသောက်ရေး အခက်အခဲတွေ ရှိ လာပါတယ်။

နောက်ပြီး မွန်ပြည်နယ်အတွင်းမှာ ကျောက်မိုင်းလုပ်ငန်းတွေ အများအပြားရှိပါ တယ်။ အဲဒီကျောက်မိုင်းတွေမှာ လုပ်ကိုင်နေ သူတွေဟာ အများအားဖြင့် အခြေခံလက် လုပ်လက်စား ရွှေ့ပြောင်းလုပ်သားမိသားစု တွေ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ရောဂါကပ်ဘေးအပြင် လက်ရှိနိုင်ငံရဲ့အခြေအနေတွေကြောင့် ကျောက်မိုင်းလုပ်ငန်းအများအပြား ပိတ် သိမ်းလိုက်ရတဲ့အတွက်ကြောင့် ကျောက်မိုင်းတွေမှာ လုပ်ကိုင်နေကြတဲ့ လက်လုပ်လက် စားပြည်သူတွေဟာ အလုပ်လက်မဲ့တွေဖြစ်ကုန်ကြပြီးတော့ မိသားစုလိုက်ကို စားရေး သောက်ရေးခက်ခဲလာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 “ပေါင်မြို့နယ်အတွင်းမှာက ကျောက် မိုင်းလုပ်ငန်းတွေရှိတယ်။ အခုကျောက်မိုင်း လုပ်ငန်းတွေ အကုန်ရပ်ထားတော့ အဲဒီ ကျောက်မိုင်းတွေမှာ လုပ်ကိုင်နေကြတဲ့သူ တွေက အလုပ်လက်မဲ့ဖြစ်ကုန်ကြတယ်။ အဲဒီ တော့ မိသားစုလိုက်ကို စားရေးသောက်ရေး က အခက်အခဲတွေဖြစ်လာကြတာ။ တချို့ဆို ရင် သူတို့အလုပ်လုပ်တဲ့အခါ အသုံးပြုတဲ့ ကျောက်ထုတဲ့ တူတွေကိုတောင် လာပေါင် ကြတာတွေရှိတယ်”လို့ ပေါင်မြို့နယ် ဥတ္တံ တားကျေးရွာ ဒေသခံတစ်ဦးက ဆိုပါတယ်။

ထို့ပြင် ပေါင်မြို့နယ်အတွင်း ည ၈ နာရီ ကနေ နောက်တစ်နေ့နံနက် ၄ နာရီအထိ ညမထွက်ရ ဒေသန္တရအမိန့်ထုတ်ပြန်ထားတဲ့ အတွက်ကြောင့် ညပိုင်းနှင့် နံနက်အစောပိုင်း လုပ်ကိုင်ကြရတဲ့ ရော်ဘာခြစ်ခြင်း၊ ငါးရှာ ခြင်း၊ တောတက်ခြင်း လုပ်ကိုင်သူတွေလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ပျောက်ဆုံး နေကြတယ်လို့ ဒေသခံတွေရဲ့ပြောကြား ချက်တွေအရ သိရပါတယ်။

“တချို့က တောင်တက်ကွင်းဆင်း အလုပ်ပေါ့ဗျာ။ တောင်တက်တာက ရော် ဘာခြစ်၊ အသီးအနှံတွေခူးပေါ့။ ကွင်းဆင်း တာက ဖားရှာငါးရှာတွေပေါ့။ နောက်မျှစ်ချိုး၊ ၀ါးခုတ်လုပ်နေကြတဲ့သူတွေလည်းရှိသေး တယ်။ ရော်ဘာခြစ်တာတို့၊ ဖားရှာငါးရှာလုပ် တဲ့သူတွေက ညဘက်ပဲ လုပ်ကြရတာလေ။ အခုက ညဘက်ထွက်ရင် ပစ်တာခတ်တာ တွေရှိသလို သဲအိမ်ကျေးရွာမှာဆိုရင် လူသေ ဆုံးတာတွေရှိတော့ ဘယ်သူမှမထွက်ရဲကြ တော့ဘူး။ တောင်ပေါ်လည်းတက်မရ၊ ဖား ရှာငါးရှာလည်း မလုပ်ရတဲ့အခြေအနေဖြစ် နေကြတာ။ ကြာလာတော့ စားရေးသောက် ရေး အခက်အခဲတွေဖြစ်လာကြတာပေါ့”လို့ ပေါင်မြို့ခံတစ်ဦးက ဆိုပါတယ်။

မော်လမြိုင်မြို့က ဆိုင်ကယ် Taxi မောင်းနှင်သူတစ်ဦးကလည်း “COVID-19 ကလည်းဖြစ်နေကြတယ်။ နိုင်ငံရေးအခြေ အနေကလည်း ဘာမှန်းမသိသေးတော့ လူ တွေက အသွားအလာသိပ်မရှိဘူး။ ပုံမှန် အချိန်ဆိုရင် တစ်ရက်ကို ၉၀၀၀၊ ၁၀၀၀၀ လောက်ရခဲ့ပေမဲ့ အခုကာလမှာ ၂၀၀၀၊ ၃၀၀၀ ကျပ်ရဖို့က အနိုင်နိုင်။ ဒီကြားထဲ ဓာတ်ဆီစျေးကတက်နေတော့ ဘယ်လိုမှ မကိုက်တော့ဘူး။ အလုပ်မရှိလို့သာ Taxi မောင်းနေရတာ။ ဓာတ်ဆီဖိုးနဲ့ပြင်ခ နုတ် လိုက်ရင် ဘာမှကို မကျန်တော့တာ”လို့ပြော ပါတယ်။

ထို့အတူပဲ သုံးဘီးဆိုင်ကယ် အငှား မောင်းနှင်သူတစ်ဦးကလည်း “ခရီးသည်ရရ၊ မရရ ကိုယ်ထိုးနေကျဂိတ်မှာတော့ သွားထိုး ထားတာပဲ။ တစ်ခါတလေလည်း ခရီးသည် နှစ်ခေါက်၊ သုံးခေါက်လောက်တော့ ရတတ် တယ်။ ဒီလောက်ပဲ။ ခရီးသည်လှည့်ခေါ်ဖို့က လည်း ဓာတ်ဆီစျေးနဲ့ အဆင်မပြေဘူး။ တစ် မိသားစုလုံးက သုံးဘီးလေးမောင်းလို့ရတာ လေးနဲ့ပဲ စားနေကြရတော့ အခုကာလမှာ အဆင်မပြေဘူးလို့ပဲ ပြောရမယ်။ သူငယ်ချင်း ကောင်းတွေ ရှိနေလို့မငတ်တာ” လို့ ဆိုပါ တယ်။

ဒါ့အပြင်ကို ကပ်ရောဂါအခြေအနေ ကြောင့် အထွေထွေလုပ်သားအများအပြား လုပ်ကိုင်နေကြတဲ့ စျေးတွေလည်း ပိတ် ထားရပါတယ်။

မွန်ပြည်နယ်အတွင်းမှာရှိတဲ့ စည်ပင် သာယာစျေးများမှာ ဆေးဝါး၊ အခြေခံစား သောက်ကုန်နဲ့ နေ့စဉ်သုံးကုန်ပစ္စည်းများ ရောင်းချတဲ့ ဆိုင်တွေကိုသာ ဖွင့်လှစ်ဖို့ ပြည် နယ်စည်ပင်သာယာရေးအဖွဲ့က ပြီးခဲ့တဲ့ ဇူ လိုင် ၅ ရက်ကစပြီး မရှိမဖြစ်စားသောက်ရမယ့် အခြေခံစားသောက်ကုန် (သား၊ ငါး၊ ဟင်းသီး ဟင်းရွက်၊ ဆေး) နေ့စဉ်သုံး ကုန်ပစ္စည်းတွေ ကိုသာ ဖွင့်လှစ်ရောင်းချခွင့်ပြုတဲ့အကြောင်း၊ ကျန်ရောင်းကုန်ဆိုင်များ (အထည်၊ ရွှေဆိုင်၊ အလှကုန်ဆိုင်၊ ကုန်မာဆိုင်၊ လျှပ်စစ်ပစ္စည်း ဆိုင် စတဲ့ စားသောက်ကုန်၊ ဆေးဝါးနှင့် နေ့ စဉ်လူသုံးကုန်မဟုတ်သည့်ဆိုင်) တွေကို ပိတ် သိမ်းထားဖို့နဲ့ ပြန်လည်ရောင်းချနိုင်မယ့်ရက် ကို မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ လမ်းညွှန်ချက်နဲ့ ပြန်လည်သတ်မှတ်ဆောင် ရွက်သွားမယ့်အကြောင်း ညွှန်ကြားစာ ထုတ် ပြန်ထားတာရှိပါတယ်။

COVID-19 ကာလအတွင်းမှာ စျေး ဖွင့်နိုင်ခြင်းမရှိသေးတဲ့အတွက်ကြောင့် စျေး ဆိုင်ခန်းငှားရမ်းထားသူများကလည်း မူလ ပိုင်ရှင်များထံကို စျေးဆိုင်ခန်းတွေ ပြန်လည် အပ်နှံမှု အများအပြားရှိခဲ့ပါတယ်။

“စျေးက ရောင်းချခွင့်မရှိဘူး။ အဲဒီတော့ ဝင်ငွေကမရှိဘူး။ ဒါပေမဲ့ အခွန်အခတွေနဲ့ ဆိုင်ခန်းငှားခတွေက လစဉ်ပေးဆောင်နေရ တာတွေရှိတယ်။ နောက် ကိုယ့်အလုပ်သမား တွေကိုလည်း ထောက်ပံ့နေရတာမျိုးတွေ လည်းရှိပါတယ်။ အဲဒီဒဏ်ကို မခံနိုင်တော့လို့ ဆိုင်ကပစ္စည်းတွေ အကုန်သိမ်းပြီးတော့ ဆိုင် ခန်းကို မူလပိုင်ရှင်ထံပြန်အပ်လိုက်ရတယ်” လို ့မော်လမြိုင်မြို့ရှိ  မြိုင်ရတနာ နှစ်ထပ်စျေး မှာ အထည်ရောင်းချနေသူတစ်ဦးက ဆိုပါ တယ်။

အဲဒီရဲ့ နောက်ဆက်တွဲအနေနဲ့ ပိတ် သိမ်းလိုက်ရတဲ့ ဆိုင်တွေမှာ အလုပ်လုပ်ကိုင် နေကြတဲ့ အလုပ်သမား၊ အလုပ်သမတွေ ရာနဲ့ချီပြီး အလုပ်လက်မဲ့တွေဖြစ်ကုန်ပါ တယ်။

 “မနှစ်ကတော့ ဆိုင်ပိတ်ထားရတဲ့ ကာလတွေမှာ သူဌေးက စားဖို့သောက်ဖို့ ထောက်ပံ့ပေးတာမျိုးရှိခဲ့တယ်။ ဒီနှစ်က တော့ သူကိုယ်တိုင်ကလည်း ဆိုင်ပိတ်လိုက် ရတယ်ဆိုတော့ ကျွန်မတို့ကိုထောက်ပံ့ပေး နိုင်တော့မယ် မထင်ဘူး။ လတ်တလောတော့ စုထားဆောင်းထားတာလေးတွေကို ထုတ် စားနေရတာပေါ့။ ကုန်သွားရင်တော့ ချေးငှား စားပေါ့လေ”လို့ မော်လမြိုင်မြို့အမှတ် (၁) ပြည်သူ့စျေးမှာ အလုပ်လုပ်ကိုင်ခဲ့တဲ့ အမျိုး သမီးတစ်ဦး က ပြောပါတယ်။

သို့ပေမဲ့လည်း ဒီလိုကာလမျိုးမှာ စား ရေးသောက်ရေး အခက်အခဲဖြစ်နေကြတဲ့ အခြေခံ၊ လက်လုပ်လက်စား ပြည်သူတွေကို ထောက်ပံ့ပေးကမ်းလှူဒါန်းမှုတွေ တတ်နိုင်သလောက်ပြုလုပ်ပေးနေကြသူတွေလည်း ရှိ ပါတယ်။ ဒါကလည်း မြန်မာနိုင်ငံသားတွေ ရဲ့ အင်မတန်မှ ချစ်စရာ၊ လေးစားဂုဏ်ယူ စရာကောင်းတဲ့ အရာလည်းဖြစ်ပါတယ်။

ပြီးခဲ့လအတွင်းကဆိုရင် ကျိုက်ထီးရိုး တောင်တန်းတစ်လျှောက်ရှိတဲ့ တောတောင် စခန်းတွေမှာနေထိုင်ကြပြီး စားရေးသောက်ရေးအခက်အခဲဖြစ်နေကြတဲ့ မိသားစုတွေကို ကျိုက်ထိုမြို့မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း တွေ၊ စာသင်တိုက်တွေ၊ သီလရှင်စာသင်တိုက် တွေက ဆရာတော်၊ သံဃာတော်၊ သီလရှင် တွေနဲ့အလှူရှင်တွေက ဆန်၊ ဆီ၊ ကြက်သွန်၊ ကြက်ဥ အစရှိတဲ့ ရိက္ခာခြောက်တွေကို သွား ရောက်လှူဒါန်းပေးခဲ့ပါတယ်။

 “ကျိုက်ထီးရိုးတောင်တန်းမှာရှိတဲ့ ၁၀ မိနစ်စခန်း၊ ရသေ့တောင်မရောက်ခင်က စခန်းလေးတို့၊ နဂါးပတ်တောင်တို့၊ ဒီးဒုတ် မြောင်တို့စတဲ့နေရာတွေမှာ နေထိုင်နေကြတဲ့ မိသားစု ၁၀၀ ကျော်အတွက်ကို ကျိုက်ထိုမြို့ ပေါ်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေ၊ သီလရှင်စာသင်တိုက်တွေက ဆရာတော်၊ သံဃာတော်တွေ၊ သီလရှင်တွေနဲ့အလှူရှင် တွေ ပေါင်းစုပြီးတော့ လှူဒါန်းပေးခဲ့ပါတယ်။ နောက်ထပ်လည်း သွားရောက်လှူဒါန်းပေးဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီအပြင်ကို ကျိုက် ထိုမြို့ပေါ်မှာလည်း စားရေးသောက်ရေး အခက်အခဲဖြစ်နေကြတဲ့ မိသားစုတွေကို ထပ်မံပြီးတော့ ဆန်တို့၊ ဆီတို့ဆက်လက်လှူ ဒါန်းပေးသွားဖို့အစီအစဉ်လည်း ရှိပါတယ်” လို့ အဆိုပါလှူဒါန်းမှုမှာ ဦးဆောင်ပါဝင်တဲ့ သံဃာတော်တစ်ပါးက မိန့်ကြားပါတယ်။

ထို့ပြင် ကျိုက်ထိုမြို့ပေါ်မှာဆိုရင်လည်း အလှူရှင်တွေက အခြေခံ၊ လက်လုပ်လက်စား ပြည်သူတွေအတွက် ရည်ရွယ်ပြီးတော့ ဟင်း သီးဟင်းရွက်တွေကို စျေးလျှော့ရောင်းချပေး တာ၊ ဝေငှပေးတာတွေလည်း ပြုလုပ်ပေးနေ တယ်လို့သိရပါတယ်။

 “မော်လမြိုင်မြို့မှာ ဇူလိုင်လကုန်ပိုင်းနဲ့ သြဂုတ်လဆန်းပိုင်းမှာ မိုးရွာပြီးတော့ ရေကြီး ရေလျှံမှုတွေဖြစ်တော့ ရပ်ကွက်တွေထဲအထိ ကို ရောက်သွားတော့  စားရေးသောက်ရေးနဲ့ ပတ်သက်လို့တကယ်ကို ဒုက္ခရောက်နေကြ သူတွေ အများကြီးမြင်လာရတယ်။ အဲဒီ အပြင်ကို ဒီကာလမှာက ဒုက္ခရောက်နေကြသူ တွေက အများကြီးပါ။ အများအားဖြင့် အခြေ ခံလက်လုပ်လက်စားတွေက ပိုပြီးဒုက္ခရောက် နေကြတာမြင်ရတယ်။ သူတို့တွေ ဆန်၊ ဆီ၊ ကြက်သွန်၊ ပဲ၊ ငါးသေတ္တာစသည်ဖြင့်ပေါ့ဗျာ။ တတ်နိုင်သလောက်လေးလှူဖြစ်တယ်။ နောက်ပိုင်းမှကျတော့ အလှူရှင်တွေရှိလာ တော့ ပိုပြီးတော့ကို လှူဖြစ်ပါတယ်။ သူ့ အတွက်ကိုတော့ တစ်ပတ်တန်သည်ပေါ့ဗျာ။ စားရေးသောက်ရေး အဆင်ပြေသွားရင်ပဲ ကျေနပ်ပါတယ်။ နောက်ထပ်လည်း လှူဒါန်း နိုင်ဖို့ကို ကြိုးစားနေကြပါတယ်”လို့ မော်လ မြိုင် အရေးပေါ်လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ဒုတိယဥက္ကဋ္ဌဖြစ်သူ ကိုဇင်မိုးက ဆိုပါ တယ်။

ကပ်ရောဂါကာလက ဘယ်လောက် ကြာဦးမလဲ။ အကြောင်းကြောင်းကြောင့် ပြည်သူတွေရဲ့ အခြေခံ ရပိုင်ခွင့်တွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဘယ်လောက်အထိ ဆုံးရှုံးနေဦးမလဲ။ အခြေခံ လက်လုပ်လက်စား ပြည်သူတွေကလည်း ဘယ်လောက်အထိ တောင့်ခံထားနိုင်ဦးမလဲ။ တာဝန်ရှိတယ်ဆိုတဲ့လူတွေကလည်း ဘယ်လိုစီမံခန့် ခွဲကြမလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေရဲ့ အကျိုးကို ရှေးရှုနိုင်ကြဖို့တော့ လိုပါမယ်။

ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်နေပါစေ။ ကျန်းမာအောင်နေကြပါလို့ တိုက်တွန်းပါရစေ။