သာကေတ မြို့နယ် ရုပ်ရှင်ရုံ မှတ်တိုင် KBZ ဘဏ်ရှေ့တွင် ပေါက်ကွဲမှု ဖြစ်ပွား

သာကေတ မြို့နယ် ရုပ်ရှင်ရုံ မှတ်တိုင် KBZ ဘဏ်ရှေ့တွင် ပေါက်ကွဲမှု ဖြစ်ပွား
Published 19 September 2021

သာကေတမြို့နယ် ရုပ်ရှင်ရုံမှတ်တိုင် မြင်တော်သာလမ်းမကြီးနှင့် ဇင်္ဂမ လမ်းဆုံထိပ်ရှိ KBZ bank ရှေ့တွင် စက်တင်ဘာ ၁၉ ရက် နေ့လယ် ၁ နာရီကျော်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အနီးပတ်ဝန်းကျင်နေထိုင်သူများက ပြောကြားသည်။

" နေ့လည် ၁ နာရီကျော်လောက်မှာ KBZ ဘဏ်ရှေ့မှာပေါက်ကွဲတာပါ။ လူထိခိုက်ဒဏ်ရာရရှိသူတော့ မကြားမိဘူး " ဟု အနီးပတ်ဝန်းကျင် နေထိုင်သူများကပြောကြားသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ထိုပြင့် ညနေ ၃ နာရီကျော်တွင် သာကေတ ရန်ပြေ ၂၁ လမ်းထိပ်ရှိ ဆိုင်တစ်ဆိုင်တွင် ဗုံးဟု သံသယရှိ

သည့် အထုပ်တထုပ် တွေ့ရှိခဲ့သောကြောင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များရောက်ရှိလာကာ လမ်းပိတ်ဆို့ကာ ဗုံးရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုံစာ-  မြင်တော်သာလမ်းမကြီးနှင့် ဇင်္ဂမလမ်းဆုံထိပ်ရှိ KBZ ဘဏ် အားတွေ့ရစဉ်

Most Read

Most Recent