COVID-19 ကာလ မြဝတီနယ်စပ်မှ ပို့ကုန် မြင့်တက်လာသည့်အတွက် ဘဏ္ဍာနှစ် ၁၀ လခွဲအတွင်း အမေရိကန်ဒေါ်လာ ၁၆၅၄ ဒသမ ၃၃၀ သန်း ကုန်သွယ်နိုင်ခဲ့

COVID-19 ကာလ မြဝတီနယ်စပ်မှ ပို့ကုန် မြင့်တက်လာသည့်အတွက် ဘဏ္ဍာနှစ် ၁၀ လခွဲအတွင်း အမေရိကန်ဒေါ်လာ ၁၆၅၄ ဒသမ ၃၃၀ သန်း ကုန်သွယ်နိုင်ခဲ့
Published 18 September 2021
ကိုရွှေသိန်း(မြဝတီ)

နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ဒုတိယ ကုန်သွယ်မှု အများဆုံးဖြစ်သော မြဝတီ နယ်စပ်စခန်းမှ COVID-19 ကာလ ဖြစ်သော်လည်း လယ်ယာထွက်ကုန် ပြောင်းဆန်များ ထိုင်းနိုင်ငံ ဘက်သို့ တင်ပို့ မှု မြင့်တက်လာသည့်အတွက် ဘဏ္ဍာနှစ်သစ်(၁၀)လခွဲအတွင်းစုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၆၅၄ ဒသမ ၃၃၀ သန်း ဖိုး ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

ဘဏ္ဍာနှစ်သစ်ဖြစ်သော ၂၀၂ဝခုနှစ် အောက်တိုဘာ( ၁)ရက်နေ့မှ ၂၀၂၁ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့ ထိ အမေရိကန်ဒေါ်လာ ၁၆၅၄ဒသမ၃၃ဝသန်း ကုန်သွယ်နိုင်ခဲ့သည့် အတွက် ယခင်နှစ် ကာလတူကက ုန်သွယ်ခဲ့သည့် အမေရိကန်ဒေါ်လာ ၁၀၈၅ဒသမ၉၆၃သန်းနှင့်နှုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၅၆၈ဒသမ ၆ရရသန်းပိုမိုကုန်သွယ်ထားနိုင်ကြောင်းကုန်သွယ်မှု စာရင်းများအရသိရသည်။

မြဝတီနယ်စပ်ကုန်သည်လုပ်ငန်းရှင်တစ်ဦးက COVID ကာလဖြစ်တယ်၊နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ထိုင်း ဘတ်ငွေစျေးမြင့်တက်လာတဲ့အတွက် သွင်းကုန်ရာခိုင်နှုန်း ပုံမှန်ထက်ကျတယ်၊ဒါပေမဲ့ယခင်နှစ်ကထက်တော့များတာပေါ့။ပို့ကုန်ကေတာ့ မြန်မာ့ပြောင်းဆန်တင်ပို့မှု ယခင်နှစ်တွေထက်များပြားလာတဲ့အတွက် ပို့ကုန်ကတော့  မြင့်လာတယ်။ ယခင် ငါးရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းထိ မြင့်တက်လာတယ်။ သွင်းကုန်ကတော့ ပြည်တွင်းမှာ COVID ကြောင့် ကုန်ပစ္စည်း ဝယ်လိုအားလျော့ကျနေတဲ့ အတွက် သွင်းကုန်ပမာဏ မှာ ရာခိုင်နှုန်းအားဖြင့်လျော့နည်းသွားတာဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

မြဝတီနယ်စပ်မှ ထိုင်းနိုင်ငံဘက်သို့ မြန်မာလယ်ယာထွက်ကုန် ပြောင်း၊ပဲ၊ကြက်သွန်၊ငရုပ်နှင့်  CMP ချု ပ်ထည်များတင်ပို့ မှုမှာ ၁ဝလခွဲ အတွင်း အမေရိကန်ဒေါ်လာရ၇၀.၀၇၂သန်း ထိတင်ပို့နိုင်သည့်အတွက် ယခင်နှစ်ကာလတူက ကုန်သွယ်ခဲ့သည့် ၃၅၃.၅၀၄ သန်းထက်ဒေါ်လာ ၄၁၆.၅၆၈သန်းပိုမိုတင်ပို့နိုင် ခဲ့ကြောင်းသိရသည်။

ထို့ အတူ ပြည်တွင်းဈေးကွက်၌ ဝယ်လိုအားလျော့ကျနေသော ထိုင်းကုန်စည်များ တင်သွင်းမှုမှာ ရာခိုင်နှုန်းအားဖြင့် လျော့ကျနေသော်လည်း လည်း (၁၀) လခွဲ အတွင်း အမေရိကန် ဒေါ်လာ ၈၈၄ဒသမ ၂၈၅သန်းဖိုးထိတင်သွင်းထားသည့်အတွက် ယခင်နှစ်ကာလတူက တင်သွင်းခဲ့သည့် ဒေါ်လာ ၇၃၂.၁၄၉သန်းထက်ဒေါ်လာ ၁၅၂.၁၀၉သန်းပိုမိုတင်သွင်းနိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

COVID-19  အရေးပေါ်ကာလအဖြစ်၂၀၂၀ မတ်လ ၂၁ရက်နေကစတင်၍ ချစ်ကြည်ရေးတံတားပေါ်မှ ခရီးသည်သွားလာမှုကိုကန့်သတ်ထားသော်လည်းကုန်စည် စီးဆင်းမှုမပြတ်တောက်စေရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများ၊နယ်စပ်ကုန်သည်များကညှိနိုင်းကာ အမှတ်၂ ချစ်ကြည်ရေးတံတားမှ ကုန်သွယ်မှုကို ခွင့်ပြုထားခြင်းဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံဘက်သို့ မြန်မာ့လယ်ယာထွက်ကုန် ပြောင်းဆန်များ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ မှုကိုဖေဖော်ဝါရီလ (၁)ရက်နေ့မှ သြဂုတ်လ ၃၁ရက်နေ့ထိသာ တင်ပို့ရပြီး ထိုင်းနိုင်ငံအတွင်း ပြောင်းထွက်ချိန်နှင့် တိုက်ဆိုင်သည့် ဩဂုတ်လ၁ ရက်နေ့မှစကာ ပြောင်းဆန်တင်ပို့မှုကို ရပ်ဆိုင်း ထားရကြောင်း သ်ိရသည်။

ထိုင်းနိုင်ငံတွင်နိုင်ငံသားအကျိုးစီးပွား ကာကွယ်သည့်အနေဖြင့်အခွန်နှုန်း များစွာမြှင့်ထားခြင်းကြောင့် တင်ပို့နိုင်ခြင်း မဟုတ်ဘဲ ပြောင်းအမှုန့်ကြိတ်ကာ တင်ပို့နိုင်ရန် စီစဉ်နေကြကြောင်းလည်းသိရသည်။

မဟာမဲခေါင်ဒေသ တစ်ခုလုံး ကို အကျိုး ဖြစ်ထွန်းစေမည့် မြဝတီ- မဲဆောက် အမှတ် ( ၂) ချစ်ကြည်ရေး ကုန်သွယ်တံတား ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃ဝရက်နေ့ ့ ဖွင့်လှစ်နိုင်ခဲ့သည့်အတွက်  ကုန်သွယ်မှုပိုမို မြင့်တက်လာခြင်းဖြစ်သည်။

မြဝတီနယ်စပ်မှ တစ်ဆင့် ထိုင်းနိုင်ငံထုတ် ကုန်စည်များ မြန်မာနိုင်ငံ ဈေးကွက်အတွင်းသို့  ရာသီမရွေး တင်သွင်းနေသလို မြဝတီ ကုန်သည်များ အနေဖြင့် အိမ်နီးချင်း ထိုင်း နိုင်ငံများသို့မြန်မာ့လယ်ယာထွက်ကုန် မ်ား ရက် လ ချိန်ခါမရွေး တင်ပို့ခွင့် ရရှိရန်တောင်ဆိုမှု ရှိခဲသော်လည်း ယခုအခါ မြန်မာပြောင်းဆန်များကို အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့မှု ရပ်ဆိုင်းထားရပြီဖြစ်သည်။

၂၀၂၁ စက်တင်ဘာ လပထမပါတ်ကတည့်းက ထိုင်းဘတ်ငွေစျေးတရှိန်ထိုးမြင့်တက်လာသည့်အတွက် မြဝတီနယ်စပ်ကုန်သည်အချို့ ကုန်သွယ်မှုရပ်ဆိုင်းစောင့်ကြည့်လျှက်ရှိသော်လည်း နေ့စဉ် ထိုင်းကုန်သွယ်ယာဉ်အစီး၂ဝဝခန့်ဝင်ရောက်နေဆဲဖြစ်သည်။

Most Read

Most Recent