စထရူယစ်၏ အနီကတ်အတွက် အယူခံကို ပယ်ချခြင်းမှာ မှားယွင်းကြောင်း အဲလိယက် သုံးသပ်

စထရူယစ်၏ အနီကတ်အတွက် အယူခံကို ပယ်ချခြင်းမှာ မှားယွင်းကြောင်း အဲလိယက် သုံးသပ်
Photo: Getty Images
Photo: Getty Images
Published 17 September 2021

လီဗာပူးလ်အသင်း လူငယ်ကြယ်ပွင့်ကစားသမား ဟာဗေးအဲလိယက်က မိမိအား ဒဏ်ရာပြင်းထန်စွာရရှိစေခဲ့သူ လိဒ်စ်အသင်းနောက်ခံလူ စထရူယစ်၏ အနီကတ်ပြစ်ဒဏ် အတွက် အယူခံဝင်မှုကို ပယ်ချခြင်းမှာ မှား ယွင်းသည့်ဆုံးဖြတ်ချက်ဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။

    

အသက် (၁၈) နှစ်သာရှိသေးသည့် အဲလိယက်သည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က လိဒ်စ်အသင်းနှင့်ပွဲတွင် ပြိုင်ဘက်ကစားသမား စထရူယစ်၏ ဖျက်ထုတ်မှုကြောင့် ခြေချင်းဝတ်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရသည်။ 

အဲလိယက်သည် ခွဲစိတ်ကုသမှုအောင် မြင်သော်လည်း ကာလရှည် အနားယူရဖွယ်ရှိပြီး ရာသီကုန်ပိုင်းမှသာ ပြန်လည်ကစားနိုင်ဖွယ်ရှိနေသည်။ 

၎င်းအား ပြစ်ဒဏ်ကျူးလွန် ခဲ့သည့် စထရူယစ်မှာ အနီကတ်အတွက် အယူခံဝင်သော်လည်း ပယ်ချခံရသဖြင့် သုံးပွဲပယ်ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။ 

သို့ဖြစ်ရာ အဲလိယက်က "ပါစကယ်(စထရူယစ်)အတွက် စိတ်မကောင်းပါဘူး။ ဒီဆုံးဖြတ်ချက်က မှားတယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ မကြာခင်မှာ သူကောင်းကောင်းပြန်လာနိုင်မှာပါ"ဟု သုံးသပ်ပြောကြားသည်။

Most Read

Most Recent