မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာသည် လိုက်ပ်ဇစ်အသင်းနှင့် ပွဲတွင် ခြေစွမ်းပြခဲ့သည့် အသင်း၏ တောင်ပံကစားသမားများဖြစ်သည့် မာရက်ဇ်၊ ဂရီးလစ်ရှ်တို့နှင့် ကွင်းဘေးစညး်တွင် အငြင်းပွားခဲ့ခြင်း အကြောင်းကို ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
မန်စီးတီးအသင်းက (၆-၃)ဂိုး ဖြင့် အနိုင်ရရှိခဲ့သည့် ယင်းပွဲတွင် မာရက်ဇ်နှင့် ဂရီးလစ်ရှ်တို့ နှစ်ဦးစလုံး ဂိုးသွင်းယူနိုင်ခဲ့ကြပြီး ဂွါဒီယိုလာကမူ ၎င်း၏ နည်းဗျူဟာပိုင်းအပေါ် လိုက်နာခြင်းမရှိသဖြင့် ကွင်းဘေးစည်းတွင် ထိပ်တိုက်တွေ့ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
''ကျွန်တော်တို့က ပထမပိုင်းအပြီးမှာ ကျွန်တော်တို့ ဘာဆက်လုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ နှစ်ဦးက မလုပ်ခဲ့ကြဘူး။ ဒီတော့ ချတော့တာပေါ့ဒဒဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
ဂရီးလစ်ရှ်သည် ယင်းပွဲစဉ်တွင် ကိုယ်တိုင်ဂိုးသွင်းယူခဲ့သလို အခြားသွင်းဂိုးတစ်ဂိုးကိုလည်း ဖန်တီးခဲ့သူဖြစ်ပြီး ဂွါဒီယိုလာနှင့် ဖြစ်ပွားခဲ့သည့် အဆိုပါအငြင်းပွားမှုနှင့် ပတ်သက်၍ ''ခံစစ်ပိုင်း အလုပ်လုပ်ပုံနဲ့ ပတ်သက်တဲ့ ကိစ္စပါ။ ကျွန်တော်အများကြီးတော့ မပြောချင်ပါဘူး။ လိဂ်ပွဲစဉ်တွေမှာလည်း ဒီနည်းဗျူဟာအတိုင်း ကျွန်တော်ကစားရဦးမှာမို့ပါ။ မန်နေဂျာတွေက ဒီလိုပါပဲ။ ဂွါဒီယိုလာကလည်း ခံစစ်ကို ပိုကစားဖို့၊ တိုက်စစ်ကို ပိုလိုက်ဖို့ အမြဲတမ်း တောင်းဆိုနေတာပဲ။ သူပြောတဲ့အတိုင်း ကစားခဲ့ တာ အဆင်ပြေပါတယ်။ သူက အသုံးဝင်တဲ့ အချက်အလက်တွေကို ကျွန်တော့်ကို ပြောပြခဲ့တာပါ''ဟုဆိုသည်။
ဂွါဒီယိုလာက လိုက်ပ်ဇစ်၏ တိုက်စစ်က ကောင်းလွန်းသဖြင့် ကစားသမားများကို အများကြီး ခိုင်းခဲ့ရခြင်းဖြစ်သည်ဟုလည်း ဆိုခဲ့သည်။