ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၂ ပွိုင့်ဝန်းကျင် ဖြစ်ပေါ်ပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၉၆၀ ဝန်းကျင်ရှိနေ

ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၂ ပွိုင့်ဝန်းကျင် ဖြစ်ပေါ်ပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၉၆၀ ဝန်းကျင်ရှိနေ
Published 16 September 2021

ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်းသည် စက်တင်ဘာ ၁၆ ရက်တွင် ၉၂ ပွိုင့်ဝန်းကျင်  ဖြစ်ပေါ်ပြီး ပြည်တွင်း စျေးကွက်အတွင်းနိုင်ငံခြားငွေစျေးနှုန်း တစ်ဒေါ်လာကျပ် ၁၉၆၀ ဝန်းကျင်ရှိနေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ခြောက်လအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာစျေးအညွှန်း ကိန်းများမှာ ဖေဖော်ဝါရီတွင် ၉၁ ဒသမ ၅၉ ပွိုင့်၊ မတ်တွင် ၉၀ ဒသမ ၉၃ ပွိုင့်၊ ဧပြီတွင် ၉၀ ဒသမ ၉၃ ပွိုင့်၊ မေတွင် ၉၁ ဒသမ ၉၂ ပွိုင့်၊ ဇွန်တွင် ၉၀ ဒသမ ၉၂   ပွိုင့်ဝန်း၊ ဇူလိုင် တွင် ၉၁ ဒသမ ၉၂ ပွိုင့်ဝန်းကျင်ရှိခဲ့သည်။         

ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် ၁၂၉၇- ၁၃၄၀ ကျပ်၊ နိုဝင်ဘာတွင်၁၃၀၆-၁၃၂၇ ကျပ်၊ ဒီဇင် ဘာတွင် ၁၃၂၆-၁၄၀၅ ကျပ်၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၃၃၃-၁၃၅၅ ကျပ်၊ ဖေဖော်ဝါ ရီတွင် ၁၃၄၀-၁၄၇၅ ကျပ်တို့ဖြစ်သည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခုနှစ် စက်တင်ဘာ၁၆ ရက်တွင်ဖြစ်ပေါ်သော အခြား နိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှု  နှုန်းထားများမှာ ယူရို၂၁၂၀ ကျပ်၊ စင်ကာပူ ဒေါ်လာ ၁၃၈ဝကျပ်၊ မလေးရှားရင်းဂစ်၄၃၀ ကျပ်၊ ထိုင်းဘတ် ၅၇.၅ကျပ်တို့ ဖြစ်သည်။

၂၀၂၁ခုနှစ် စက်တင်ဘာ ၁၅ရက် တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာ ၈ သန်းအား ရောင်းချခဲ့ပြီး စက်တင်ဘာလအတွင်း လက်ရှိ ချိန်ထိ နှစ်ကြိမ်ခွဲ၍ ဒေါ်လာ ၂၃ သန်း ရောင်း ချထားပြီးဖြစ်ကာ လေလံအတွက် ပျမ်းမျှ ငွေလဲလှယ်နှုန်းမှာ ၁၇၅၀ ကျပ်ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၅ သန်းအား ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရ သည်။

၂၀၂၁ ခုနှစ် သြဂုတ် ၁ ရက်တွင် မြန်မာ  နိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင် လေလံဖြင့် ဒေါ်လာနှစ်သန်းခွဲထပ်မံ ရောင်း ချခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၆၅၀ ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။

သြဂုတ်လအတွင်း နိုင်ငံခြားငွေစျေးပြိုင် လေလံဖြင့် ဒေါ်လာရောင်းချခဲ့မှုတွင် သြဂုတ် ၂ ရက်တွင် စတင်ရောင်းချခဲ့ပြီး ၂၀၂၁ သြ ဂုတ် ၂၅ ရက်တွင် မြန်မာနိုင်ငံတော် ဗဟို ဘဏ်က နိုင်ငံခြားငွေစျေးပြိုင် လေလံဖြင့် ဒေါ်လာငါးသန်းထပ်မံရောင်းချခဲ့ပြီး သြဂုတ် လအတွင်း ခုနစ်ကြိမ်ခွဲ၍ ဒေါ်လာ ၂၈ သန်း အထိ ရောင်းချထားကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ သိရသည်။

ကာလတိုအတွင်း နိုင်ငံခြားငွေ လဲ လှယ် နှုန်းအတက်၊ အကျကြီးမားခြင်းကို လျော့ နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့်အရန် ငွေ ဖြည့်တင်းရန် ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေး ပြိုင်လေလံဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ် သည်။

ဗဟိုဘဏ်သည် ၎င်း၏ နိုင်ငံခြားသုံး ငွေလုပ်ငန်း ရည်ရွယ်ချက်များ ဖြစ်သော (Foreign Exchange Operation) ကာလတို အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းအတက်၊ အကျကြီးမားခြင်းကိုလျော့နည်းစေရန်နှင့် နိုင်ငံတော်၏ နိုင်ငံ ခြားသုံးသီးသန့်အရန်ငွေ ဖြည့်တင်းရန် အချက်နှစ်ချက် အကောင် အ ထည်  ဖော်ရန် စည်းမျဉ်းအခြေခံသည့် နိုင်ငံ ခြားငွေစျေးပြိုင်လေလံအား ဆောင်ရွက် နေ သည်။

ဗဟိုဘဏ်စျေးပြိုင် လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့် အ ညီ နိုင်ငံခြားငွေစျေးပြိုင်လေလံတွင် ပါဝင် သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက် ကားသည့်လုပ်ငန်းလိုင်စင် (Authorized Dealer – AD ) ရ ဘဏ်များဖြစ်သော နိုင်ငံ ပိုင်ဘဏ်သုံးဘဏ်၊ ပြည်တွင်း ပုဂ္ဂလိက ဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်း ခြင်းတို့ကို ဆောင်ရွက်နေသည်။

Most Read

Most Recent