ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၃ ပွိုင့်ဝန်းကျင်ဖြစ်ပေါ်ပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၉၄၀ ဝန်းကျင်ရှိနေ

ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၃ ပွိုင့်ဝန်းကျင်ဖြစ်ပေါ်ပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၉၄၀ ဝန်းကျင်ရှိနေ
Published 15 September 2021

ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်းသည် စက်တင်ဘာ ၁၅ ရက်တွင် ၉၂ ပွိုင့်ဝန်းကျင်  ဖြစ်ပေါ်ပြီး ပြည်တွင်း  စျေးကွက်အတွင်းနိုင်ငံ ခြားငွေစျေးနှုန်းတစ်ဒေါ်လာကျပ် ၁၉၄၀ ဝန်းကျင်ရှိနေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရ သည်။

ပြီးခဲ့သည့် ခြောက်လအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာစျေးအညွှန်း ကိန်းများမှာ ဖေဖော်ဝါရီတွင် ၉၁ ဒသမ ၅၉ ပွိုင့်၊ မတ်တွင် ၉၀ ဒသမ ၉၃ ပွိုင့်၊ ဧပြီတွင် ၉၀ ဒသမ ၉၃ ပွိုင့်၊ မေတွင် ၉၁ ဒသမ ၉၂ ပွိုင့်၊ ဇွန်တွင် ၉၀ ဒသမ ၉၂   ပွိုင့်ဝန်း၊ ဇူလိုင် တွင် ၉၁ ဒသမ ၉၂ ပွိုင့်ဝန်းကျင်ရှိခဲ့သည်။         

ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၃၃၃-၁၃၅၅ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၄၀-၁၄၇၅ ကျပ်တို့ဖြစ် သည်။

ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် ၁၂၉၇- ၁၃၄၀ ကျပ်၊ နိုဝင်ဘာတွင်၁၃၀၆-၁၃၂၇ ကျပ်၊ ဒီဇင် ဘာတွင် ၁၃၂၆-၁၄၀၅ ကျပ်၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၃၃၃-၁၃၅၅ ကျပ်၊ ဖေဖော်ဝါ ရီတွင် ၁၃၄၀-၁၄၇၅ ကျပ်တို့ဖြစ်သည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခုနှစ် စက်တင်ဘာ၁၅ ရက်တွင်ဖြစ်ပေါ်သော အခြား နိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှု  နှုန်းထားများမှာ ယူရို၂၁၅၀ ကျပ်၊ စင်ကာပူ ဒေါ်လာ ၁၃၈ဝကျပ်၊ မလေးရှားရင်းဂစ်၄၂၅ ကျပ်၊ ထိုင်းဘတ် ၅၉ကျပ်တို့ ဖြစ်သည်။

၂၀၂၁ခုနှစ် စက်တင်ဘာ ၁၅ရက် တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာ ၈ သန်းအား ရောင်းချခဲ့ပြီး စက်တင်ဘာလအတွင်း လက်ရှိ ချိန်ထိ နှစ်ကြိမ်ခွဲ၍ ဒေါ်လာ ၂၃ သန်း ရောင်း ချထားပြီးဖြစ်ကာ လေလံအတွက် ပျမ်းမျှ ငွေလဲလှယ်နှုန်းမှာ ၁၇၅၀ ကျပ်ဖြစ် ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၅ သန်းအား ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရ သည်။

၂၀၂၁ ခုနှစ် သြဂုတ် ၁ ရက်တွင် မြန်မာ  နိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင် လေလံဖြင့် ဒေါ်လာနှစ်သန်းခွဲထပ်မံ ရောင်း ချခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၆၅၀ ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။

သြဂုတ်လအတွင်း နိုင်ငံခြားငွေစျေးပြိုင် လေလံဖြင့် ဒေါ်လာရောင်းချခဲ့မှုတွင် သြဂုတ် ၂ ရက်တွင် စတင်ရောင်းချခဲ့ပြီး ၂၀၂၁ သြ ဂုတ် ၂၅ ရက်တွင် မြန်မာနိုင်ငံတော် ဗဟို ဘဏ်က နိုင်ငံခြားငွေစျေးပြိုင် လေလံဖြင့် ဒေါ်လာငါးသန်းထပ်မံရောင်းချခဲ့ပြီး သြဂုတ် လအတွင်း ခုနစ်ကြိမ်ခွဲ၍ ဒေါ်လာ ၂၈ သန်း အထိ ရောင်းချထားကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ ထုတ်ပြန်ထား သည့်စာရင်း များအရ သိရသည်။

ဗဟိုဘဏ်သည် ၎င်း၏ နိုင်ငံခြားသုံးငွေ လုပ်ငန်း (Foreign Exchange Operation) ရည်ရွယ်ချက်များဖြစ်သော ကာလတို အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းအတက်၊ အကျကြီးမားခြင်းကိုလျော့နည်းစေရန်နှင့် နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေ ဖြည့်တင်းရန် အချက်နှစ်ချက် အကောင်အ ထည်ဖော်ရန် စည်းမျဉ်းအခြေခံသည့်နိုင်ငံ ခြား ငွေစျေးပြိုင်လေလံအား ဆောင်ရွက်နေ သည်။

 

Most Read

Most Recent