စက်တင်ဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာ ၈ သန်း ရောင်းချခဲ့ပြီး စက်တင်ဘာ လအတွင်း လက်ရှိချိန်ထိ နှစ်ကြိမ်ခွဲ၍ ဒေါ်လာ ၂၃ သန်း ရောင်းချထား

စက်တင်ဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာ ၈ သန်း ရောင်းချခဲ့ပြီး စက်တင်ဘာ လအတွင်း လက်ရှိချိန်ထိ နှစ်ကြိမ်ခွဲ၍ ဒေါ်လာ ၂၃ သန်း ရောင်းချထား
Published 15 September 2021

၂၀၂၁ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာ ၈သန်းအား ရောင်းချခဲ့ပြီး၊ စက်လင်ဘာလအတွင်း လက်ရှိချိန်ထိ နှစ်ကြိမ်ခွဲ၍ ဒေါ်လာ ၂၃သန်း ရောင်းချထားပြီးဖြစ်ကာ လေလံအတွက် ပျမ်းမျှ ငွေလဲလှယ်နှုန်းမှာ ၁၇၅၀ ကျပ်ဖြစ် ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၃ရက် တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၅သန်းအား ရောင်းချခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

၂၀၂၁ သြဂုတ် ၂၅ ရက်တွင် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင် လေလံဖြင့် ဒေါ်လာငါးသန်းထပ်မံရောင်း ချခဲ့ပြီး သြဂုတ်လအတွင်း ခုနစ်ကြိမ်ခွဲ၍ ဒေါ်လာ ၂၈ သန်း အထိ ရောင်းချထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့်စာရင်း များအရ သိရသည်။

၂၀၂၁ ခုနှစ် သြဂုတ် ၂ ရက်တွင်  မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင် လေလံဖြင့် ဒေါ်လာသုံးသန်း၊ သြဂုတ် ၃ ရက် တွင် ဒေါ်လာနှစ်သန်း၊ သြဂုတ် ၄ ရက်တွင် ဒေါ်လာသုံးသန်း၊ သြဂုတ် ၉ ရက်တွင် ဒေါ် လာနှစ်သန်းခွဲ၊ သြဂုတ် ၁၂ ရက်တွင် ဒေါ်လာ  နှစ်သန်းခွဲ၊ သြဂုတ် ၂၃ ရက်တွင် ဒေါ်လာ ဆယ်သန်း၊ သြဂုတ် ၂၅ ရက်တွင် ဒေါ်လာ ငါးသန်းရောင်းချခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင် လေ လံဖြင့် ဒေါ်လာရောင်းချခဲ့မှုတွင် ဇူလိုင် ၇ ရက်တွင် ဒေါ်လာ သုံးသန်း၊ ၆ ရက်တွင် ဒေါ် လာသုံးသန်း၊ ၅ရက်တွင် ဒေါ်လာ သုံးသန်း၊ ၈ ရက်တွင် ဒေါ်လာခြောက်သန်း၊ ဇူလိုင် ၁၄ ရက်တွင် ဒေါ်လာသုံးသန်း၊ ၁၅ ရက်တွင် ဒေါ်လာသုံးသန်း၊ ၁၆ ရက်တွင် ဒေါ်လာ သုံးသန်း၊ ဇူလိုင် ၂၆ ရက်တွင် ဒေါ်လာသုံး သန်း၊ ဇူလိုင် ၂၇ ရက်တွင် ဒေါ်လာသုံးသန်း၊ ဇူလိုင် ၂၈ ရက်တွင် ဒေါ်လာသုံးသန်း၊ ၂၉ ရက်တွင် ဒေါ်လာသုံးသန်း၊ ဇူလိုင် ၃၀ ရက် တွင် ဒေါ်လာသုံးသန်းဖြင့် ဇူလိုင် လအတွင်း  ၁၂ ကြိမ်ခွဲ၍ ဒေါ်လာ ၃၉ သန်းအထိ ရောင်း ချခဲ့သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေ လဲ လှယ် နှုန်းအတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေဖြည့်တင်းရန် ဗဟိုဘဏ်က နိုင်ငံ ခြားငွေ စျေးပြိုင်လေလံဖွင့်လှစ်ဆောင် ရွက် ခြင်းဖြစ်သည်။

ဗဟိုဘဏ်သည် ၎င်း၏နိုင်ငံခြားသုံးငွေ လုပ်ငန်း (Foreign Exchange Operation) ရည်ရွယ်ချက်များ ဖြစ်သော ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းအတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံတော်၏ နိုင်ငံ ခြားသုံးသီးသန့်အရန်ငွေ ဖြည့်တင်းရန် အချက်နှစ်ချက် အကောင်အ ထည်ဖော်ရန် စည်းမျဉ်းအခြေခံသည့် နိုင်ငံ ခြား ငွေစျေးပြိုင်လေလံအား ဆောင်ရွက်နေ သည်။

ဗဟိုဘဏ်စျေးပြိုင် လေလံအတွက်စည်းမျဉ်း၊ ညွှန်ကြားချက်များချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင်လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကား သည့်လုပ်ငန်းလိုင်စင် (Authorized Dealer –AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ် သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ဘဏ် နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံ ခြားသုံးငွေလုပ်ငန်းဆောင်ရွက်ချက်များမှာ  ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း  အတက်၊ အကျကြီးမားခြင်းကို လျော့နည်း စေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာ ကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေ လဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေလဲ လှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်း ယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးကျဆင်း သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်း မျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန် လျှင် နိုင်ငံခြားငွေ (အမေရိကန် ဒေါ်လာ ရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ် ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုးမြင့် တက်သည့်ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော် လွန်လျှင် နိုင်ငံခြားငွေ (အမေရိ ကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံ ကိုဖွင့်လှစ်ဆောင် ရွက်ခြင်း၊ နိုင်ငံတော်၏   နိုင်ငံခြားသုံးသီးသန့် အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက် တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့် ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်း မျှမြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာလဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့ နှိုင်းယှဉ်ချက်အရ မြန် မာကျပ်ငွေတန်ဖိုးမြင့် တက်သည့် ရာခိုင်နှုန်း သည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော် လွန်လျှင် နိုင်ငံ ခြားငွေ (ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေ လံကို  ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာ ထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့် ဆုံးလဲလှယ်နှုန်းအကြား AD  ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ ရောင်းချ ရန် တင်ပြချက်များကို Refinitiv ယခင် (Thomson Reuters) ၏ လေလံအရောင်း အဝယ်စနစ်ကို အသုံးပြု၍ ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချခြင်းဖြစ်သည်။အဆိုပါဖော် ပြခဲ့သည့်အတိုင်း မြန်မာနိုင်ငံတော်ဗဟို ဘဏ်က နိုင်ငံခြားငွေစျေး ပြိုင်လေလံဖွင့်လှစ် ဆောင်နေခြင်းမှာ ကာလတိုအတွင်း နိုင်ငံ ခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမား ခြင်းကို လျော့နည်းစေရန်ဖြစ်သည်။

                                     

Most Read

Most Recent