ဆာအူလ်အား အမှိုက်သရိုက်ဟု ချယ်လ်ဆီးပရိသတ်အချို့ ဝေဖန်ခဲ့ပြီး တူဟယ်လ် ကာကွယ်

ဆာအူလ်အား အမှိုက်သရိုက်ဟု ချယ်လ်ဆီးပရိသတ်အချို့ ဝေဖန်ခဲ့ပြီး တူဟယ်လ် ကာကွယ်
Photo: ChelseaFCBlogs
Photo: ChelseaFCBlogs
Published 13 September 2021

ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော ချယ်လ်ဆီး (၃-၀)ဗီလာပွဲ၌ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့သော စပိန်လက်ရွေးစင်ကွင်းလယ်လူ ဆာအူလ်အား ချယ်လ်ဆီးပရိသတ်အချို့က ''အမှိုက်သရိုက်'' ဟု ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပြီး အချို့ကလည်း အလွန်ရှက်စရာကောင်းသော ခြေစွမ်းဖြင့် ကစားသွားသည်ဟု ဝေဖန်ခဲ့ကြသည်။

စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းမှ ချယ်လ်ဆီးအသင်းသို့ အငှားစာချုပ်ဖြင့်ရောက်ရှိလာခဲ့သူ ဆာအူလ်သည် ယင်းပွဲ၌ ပွဲထွက်ကစားခွင့်ရခဲ့သော်လည်း ခြေစွမ်းမပြနိုင်ခဲ့ဘဲ ပထမပိုင်းအပြီးတွင် လူစားလဲခံခဲ့ရသည်။

သို့ဖြစ်ရာ ၎င်းကို များစွာမျှော်လင့်ထားသော ချယ်လ်ဆီးပရိသတ်များမှာ အလွန်စိတ်ပျက်ခဲ့ကြပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်ရေးသားခဲ့ကြခြင်းဖြစ်သည်။

ပရိသတ်များကဲ့သို့ပင် ဘောလုံးဝေဖန်သူများကလည်း ယင်းပွဲမှ ဆာအူလ်၏ အားနည်းချက်များကို ဝေဖန်ခဲ့ကြပြီး ချယ်လ်ဆီးနည်းပြ တူဟယ်လ်ကမူ ဆာအူလ်ဘက်မှ ကာကွယ်ပြောကြားခဲ့ကြောင်း သိရသည်။

တူဟယ်လ်က ဆာအူလ် ခြေစွမ်းမပြနိုင်ခြင်းအတွက် မိမိတွင်သာ တာဝန်အပြည့်အဝရှိသည်ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။ 

Most Read

Most Recent