ကွယ်လွန်သူ လာဇီယိုလူငယ်ကစားသမား၏ အုတ်ဂူမှ ပစ္စည်းများ ခိုးယူခံရ

ကွယ်လွန်သူ လာဇီယိုလူငယ်ကစားသမား၏ အုတ်ဂူမှ ပစ္စည်းများ ခိုးယူခံရ
Photo: Lazio Twitter
Photo: Lazio Twitter
Published 13 September 2021

လာဇီယိုယူ-၁၅ နှင့် ယူ-၁၆ အသင်းတွင် ကစားခဲ့ဖူးသည့် လူငယ်ကစားသမား ဂွီရီနီ၏ အမှတ်တရအုတ်ဂူမှ ပစ္စည်းများခိုးယူခံရကြောင်း သူ၏မိခင်က အတည်ပြုပြောကြားခဲ့သည်။

ဂွီရီနီသည် ပြီးခဲ့သည့်မတ်လအတွင်းက ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး သူ၏အုတ်ဂူအနီးတွင် လာဇီယိုတိုက်စစ်မှူး အီမိုဘီလီအပါအဝင် ကစားသမားနှင့် ပရိသတ်များစွာက အမှတ်တရပစ္စည်းများ ထားရှိပေးခဲ့သည်။

ယခုအခါ အဆိုပါအမှတ်တရပစ္စည်းများထဲမှ တန်ဖိုးရှိသည့် အရာများစွာ ခိုးယူခံခဲ့ရသဖြင့် ဂွီရီနီ၏မိခင်ဖြစ်သူမှာ စိတ်ပျက်ဒေါသထွက်နေပြီး  အီမိုဘီလီ၊ တော့တီတို့က ကျူးလွန်သူကို ပြစ်တင်ခဲ့သည်။

Most Read

Most Recent