လစာများစွာတိုးတောင်းပါက ဆာလာကို လီဗာပူးလ်အသင်း ရောင်းထုတ်လိမ့်မည်ဟု လီဗာပူးလ်ကွင်းလယ်လူဟောင်း မက်မက်နာမန် ပြောကြား

လစာများစွာတိုးတောင်းပါက ဆာလာကို လီဗာပူးလ်အသင်း ရောင်းထုတ်လိမ့်မည်ဟု လီဗာပူးလ်ကွင်းလယ်လူဟောင်း မက်မက်နာမန် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 12 September 2021

 

လီဗာပူးလ်ကွင်းလယ်လူဟောင်း မက်မက်နာမန်က လီဗာပူးလ်အသင်းအနေဖြင့်  လစာများစွာတိုးတောင်းပါက အီဂျစ်တိုက်စစ်မှူး ဆာလာကို ရောင်းထုတ်လိမ့်မည်ဟု ပြောကြားခဲ့သည်။ 

အသက် ၂၉ နှစ်အရွယ်ရှိ ဆာလာနှင့် လီဗာပူးလ်အသင်းတို့ ချုပ်ဆိုထားသည့် လက်ရှိစာချုပ်မှာ ၂၀၂၃ ဇွန်လ ၃၀ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လီဗာပူးလ်အသင်းက ၎င်းကို စာချုပ်သက်တမ်းတိုးရန် စီစဉ်နေကြောင်း သိရသည်။ 

သို့သော် ဆာလာက စာချုပ်သက်တမ်းတိုးရန်အတွက် တစ်ပတ် လစာ ပေါင် ၅၀၀၀၀၀ အထိပေးချေရန် တောင်းဆိုထားသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ အဆိုပါသတင်းများကို လီဗာပူးလ်ပရိသတ်များ ဒေါသထွက်နေပြီး ယခုအခါ အသင်းကစားသမားဟောင်း မက်မက်နာမန်က ဆာလာအနေဖြင့် လစာများစွာ တိုးတောင်းမည်ဆိုပါက ရောင်းထုတ်ခံရလိမ့်မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ 

မက်မက်နာမန်က "တကယ်လို့ ဆာလာအနေနဲ့ လစာတွေအများကြီး တောင်းဆိုမယ်ဆိုရင် လီဗာပူးလ်အသင်းအနေနဲ့ တတ်နိုင်မှာမဟုတ်ပါဘူး။ အဲဒီလိုအနေအထားမှာ လီဗာပူးလ်အသင်းက သူ့ကို ရောင်းထုတ်ပါလိမ့်မယ်။ ဆာလာက တစ်ပတ်လစာ ပေါင် ၅၀၀၀၀၀ အထိ အလိုရှိနေတာဖြစ်ပြီး လီဗာပူးလ်အသင်းက သူလိုချင်တဲ့ပမာဏကို ပေးနိုင်မယ်လို့ မထင်ပါဘူး။ ဆာလာကို အသင်းမှာ ဆက်ရှိစေချင်ပေမဲ့ တစ်ပတ်လစာ ပေါင် ၅၀၀၀၀၀ ဆိုတာမျိုးက မန်စီးတီးတို့၊ PSG တို့လို အသင်းတွေပဲ ပေးနိုင်မှာပါ" ဟု ဆိုခဲ့သည်။ 

Most Read

Most Recent