အာဆင်နယ်အသင်းနည်းပြ အာတီတာက ကွင်းလယ်ကစားသမားဟောင်း ဝဲလ်ရှိုင်းယားအတွက် အမြဲတမ်းတံခါးဖွင့်ထားသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
ဝဲလ်ရှိုင်းယားသည် ပြီးခဲ့သည့် ဘောလုံးရာသီအကုန်တွင် ဘုန်းမောက်အသင်းနှင့်လမ်းခွဲပြီးနောက် အသင်းလက်မဲ့ ဖြစ်နေပြီး လက်ရှိအချိန်၌ အီတလီတွင် လေ့ကျင့်မှုများ ပြုလုပ်နေသည်။
အာတီတာက "သူက ကျွန်တော်နဲ့ အဝတ်လဲခန်းတစ်ခုကို မျှဝေသုံးစွဲခဲ့ဖူးသူပါ။ အသင်းရဲ့ ချစ်ခင်နှစ်သက်မှုကို ရရှိခဲ့ တဲ့သူတိုင်းအတွက် ကျွန်တော်တို့အသင်းရဲ့ တံခါးတွေကို အမြဲတမ်းဖွင့်လှစ်ထားပါတယ်"ဟု ပြောကြားခဲ့သည်။
ဝဲလ်ရှိုင်းယားသည် အာဆင်နယ်တွင် ပြိုင်ပွဲစုံ(၁၉၇)ပွဲကစားခဲ့သူဖြစ်သည်။